ဖျပ်ကနဲ့ ရန်ကုန် အပိုင်းနှစ်(ပရိယေသန) ရန်ကုန်ရောက်တဲ့အခါမှာ အလုပ်ကိစ္စနဲ့သွားရင်းလာရင်းမြင်ခဲ့ရတာလေးတွေကို ကားပေါ်ကနေဖြစ်ဖြစ် လမ်းလျောက်ရင်းဖြစ်ဖြစ် လက်ဆော့မိပါတယ်။ အဲဒီမှာဘာကိုသွားတွေ့လိုက်လဲဆိုတော့ လူဦးရေနည်းပါးတဲ့နယ်မြို့လေးတွေနဲ့ လူဦးရေထူထပ်တဲ့မြို့ကြီးတွေ ကလူတွေရဲ့ ကွာခြားပုံကိုပါ။ ဒီမှာတော့ ထမင်းတစ်လုပ်အတွက် ရတဲ့နည်းလမ်းနဲ့အလုအယက်။ ပိုပြီးပင်ပန်းလှပါတယ်။ အဲလို ဖြစ်တဲ့နည်းနဲ့ရှာရတဲ့အခါမှာ ထုတ်ပြန်ထားတဲ့ စည်ပင်သာယာ ဥပဒေများနဲ့လွတ်ကင်းတာ မကင်းတာ၊ သူများကို ထိခိုက်တာ မထိခိုက်တာ၊ အသက်အန္တရာယ်ရှိတာ မရှိတာ တွေကိုသိပ်ခေါင်းထဲမထည့်နိုင်တော့ပါဘူး။ မိမိလက်ထဲမှာရှိတာလေးတွေရောင်းကုန်မှ အမြတ်အစွန်းလေးထွက်လာမှ ဝမ်းတစ်ထွာအရေး နေ့ပြန်တိုးမှန်မှန်ပေးနိုင်ဘို့အရေး ပြေလည်မှာကတော့ အမှန်ပါဘဲ။ ဒီတော့လဲကျီးလန့်စာစား ဘဲပြောပြော အလုအယက်ဘဲပြောပြော မောနေအောင်ရှာရတာပါဘဲ။ ဘာတွေဘယ်လိုပြောနေနေ အခုမြင်နေတဲ့ပုံလေးတွေကတော့ တကယ့်လက်တွေ့ ဘဝ စစ်စစ်တွေပါဘဲ။ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့်  ငါလဲမင်းတို့လိုပါဘဲလို့ ပြောနိင်ရုံကလွဲလို့………………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (10-1-2012)     […]


မြန်မာတို့ရဲ့နောက်ဆုံးမင်းနေပြည် ရတာနာပုံနေပြည်တော်ကို သိမ်းပိုက်ဘို့ ဧရာဝတီမြစ်ကြောင်းကနေဆန်တက်လာမယ့် ဗြိတိသျှစစ်တပ်ကို ခုခံဘို့အတွက ်တည်ဆောက်ထားခဲ့တဲ့ ခံတပ်တစ်ခုပါ။ စစ်ကိုင်းတံတားအဟောင်းရဲ့ တောင်ဘက် ကပ်ရက် မှာရှိပါတယ်။ မြန်မာ့သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အဲဒီဝင်းရဲ့အနောက်ဘက်မှာရှေးတုန်းက လူတွေသုံးခဲ့တဲ့အမြောက်ကို တွေ့နိုင်ပါတယ်။ ကြုံရင်ဝင်ကြည့်ရအောင် တင်ပေးလိုက်ပါတယ်.။