မန္တလေးတိုင်း၊ ရွှေကြက်ယက်ကျေးရွာ ကုန်စုံဆိုင်ကြီး တစ်ဆိုင်ရှေ.မှာ ကောင်လေးတစ်ယောက် ပါးစပ်ကနေ ဂျိပေဂျိ ဂျိပေဂျိနဲ. ဆိုင်တီးပြီး ဇတ်စင်အသေးလေးပေါ်မှာ မင်းသမီးချော ကလေးမလေးကို ကခိုင်းနေတဲ့ ကောင်လေး.. ရှေ.မှာတော့ ရွာထဲက ကလေးတစ်သိုက်က လက်ခုပ်လက်ဝါးတီးပြီး အားပေးနေလိုက်ကျတာ.. တကယ့် ဇတ်သဘင်ကြီးကျနေတာပဲ…. ဗေပူပူဗေဂျိ……. ပါးစပ်ဆိုင်းလဲ အပြီး မင်းသမီးငယ်လေးလဲ ကကွက်အပြီးမှာ ပုဆိုးနဲလုပ်ထားတဲ့ကားလိပ်ကလေး ဗြန်းခနဲ.ချပြီး ကပွဲပြီးပါပြီ ခင်ဗျားလို. ပါးစပ်ကအော်လိုက်သေးတယ်…… အဲလိုအော်လိုက်တဲ့အသံနဲ. တပြိုင်နက်ထဲ.. နောက်ကနေ ဟဲ့အကောင် နင့်အဖေပုဆိုးတော့ သွားပါပြီး လာစမ်း လာစမ်း သေမယ်နင် ဆိုပြီး တုုတ်တချောင်းနဲ. အလိုက်ခံရလို…. ပါးစပ်က ဂျိပေဂျိအောင်ရင်း ရွာလယ်သဲပြင်လမ်းတစ်လျှောက် ပြေးနေတဲ့ ကောင်လေးတစ်ယောက်ပေါ့………… မနက်မနက်ဆို သူ.အမေ ဈေးဆိုင်ကူခင်း ဧရာဝတီမြစ်ကမ်းက ရေကို ထမ်းပြီး  အိမ်အတွက်ရေဖြည့် […]