kaiJune 9, 20101min1124
“သတင်းစာဆရာ၊ သတင်းထောက်ခေါင်းဆောင်မှုမပါခဲ့တဲ့ခေတ် တခေတ်မှမရှိဘူး။ အမြဲခေါင်းဆောင်မှုပေးနေ တာဘဲဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ အဲဒီတော့ မေးစရာရှိပါတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်း စာဆရာတွေ၊ သတင်းထောက်တွေကဘဲ အစိုးရဖြစ်လို့လား။ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကဘဲ ယခုအခေါ် တာဝန်ခံပုဂ္ဂိုလ်ကြီးတွေဖြစ်လို့လားဆိုရင် မဟုတ်ပါဘူး။ သူတို့ခေါင်းဆောင်မှုပေးတာ ငတ်ပြီး ခေါင်းဆောင်မှုပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှုပေးတယ်။ ထောင်ချခံပြီးခေါင်းဆောင်မှုပေးတယ်။” ယင်းစကားစုသည် သတင်းစာဆရာ၊ သတင်းထောက်တို့၏ ရှေ့ဆောင်လမ်းပြကြယ်များထဲမှ တစ်ပွင့်တစ်ခိုင် အဖြစ် ပါဝင်ခဲ့သည့် သတင်းစာဆရာကြီးဦးထွန်းဖေ၏ စကားပင်ဖြစ်သည်။ ဆရာကြီး၏စကားသည် ခေတ် အဆက်ဆက် ခေတ်တိုင်းမှန်ကန်နေမည့်စကားဖြစ်သည်။ ခေါင်းဆောင်မှုပေးသူ သတင်းစာဆရာ၊ သတင်းထောက်(ဝါ) သတင်းသမားတို့သည် ခေါင်းဆောင်မှုပေးနေသည်မှာ မှန်သည်။ မည်သို့မည်ပုံခေါင်းဆောင်မှုပေးနေသနည်း။ မေးစရာရှိသည်။ သတင်းသမားတို့သည် ပြည်သူ၏ရှေ့မှ မားမား မတ်မတ်ရပ်တည်ကာ မတရားသောလုပ်ရပ်များကို ဖော်ထုတ်၍ တရားသောလုပ်ရပ်များဖြစ်ပေါ်လာစေရန် ခေါင်းဆောင် မှုပေးသည်။ မှားနေသောအရာများကို […]