chitkayMay 17, 20101min652
ယနေ့ မနက် ၁ဝနာရီ ၄ဝ မိနစ်လောက် တွင် ရန်ကုန်၌ မိုးရွာသွန်းသွားသော်လည်း ကွက်ကျား မိုး အသွင်သာ ရွာသွန်းသွားပါသည်။ မိုးရွာသွန်းနေချိန်တွင် အလုပ်ထဲ၌ ဖြစ်နေသဖြင့် နေအိမ်သို့ ဖုန်းဆက်ကြည့်ရာ နေအိမ် မှ မိုးမရွာသေးကြောင်း တိမ်များ တက်နေကြောင်း နှင့် မိုးခြိမ်းသံများ ကြားနေရကြောင်း ပြောပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ မျှော်လင့်တောင့်တနေသော မိုးသည် လူအများစိတ် ချမ်းသာစေရန် အလို့ငှာ ရွာသွန်းဖြိုးလိုက်ပါပြီ။