kaiJune 15, 20101min1746
လွန်ခဲ့တဲ့ဧပြီလတုန်းက spring break ကျောင်း၃ရက်ပိတ်တာနဲ့ Palto Altoက မိတ်ဆွေတယောက်ရဲ့ပင့်ဖိတ်မှုကြောင့် IMC(Inside Meditation Center)မှာတရားပြရန် သွားခဲ့ပါတယ်။ ယင်းမိတ်ဆွေရဲ့အိမ်ရောက်လို့ နောက်တစ်ရက်မှာ စတင်းဖို့ဒ်တကသိုလ်သို့ အင်ဒီယာနာပြည်နယ်Bloomingtonမှ တိဘက်ဘုန်းတော်ကြီးတစ်ပါး ရောက်ရှိလာသဖြင့် သွားရောက်တွေ့ဆုံရင်းစကားလက်ဆုံကြရာ သူကိုယ်တိုင်ရေးထားတဲ့ Surviving the Dragonအမည်ရှိစာအုပ်ကို လက်ဆောင်ရခဲ့ပါတယ်။ စာအုပ်ထဲမှာတရုတ်တွေတဘက်ဒေသကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် သူထွက်ပြေးလွတ်မြောက်ခဲ့ပုံနဲ့ အမေရိကားရောက်တဲ့နောက်ပိုင်းရင်ဆိုင်ကြုံတွေ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ အခက်အခဲအတွေ့အကြုံတွေကို ဖော်ကျူးထားတဲ့စာအုပ်တစ်အုပ်ပါ။ အဲဒီဘုန်းတော်ကြီးရဲ့ဘွဲ့အမည်က Arjia Rinpoche။ သူဟာ တိဘက်ဒေသနိုင်ငံရေးနယ်ပယ်မှာအရေးပါသူတစ်ဦးဖြစ်သလို တိဘက်နဲ့မွန်ဂိုလူမျိုးတွေရဲ့ဗုဒ္ဓဘာသာ ခေါင်းဆောင်ဆရာတော်တစ်ဦးလည်း ဖြစ်ပါတယ်။ ယင်းနောက်သူနေထိုင်သီတင်းသုံးရာ အင်ဒီယာနာပြည်နယ် Bloomington ရှိTibetan Mongolian Buddhist Cultural Centerသို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဘုန်းတော်ကြီးDalai Lama မေလ၁၁နေ့မှ၁၄ရက်ထိ ကြွရောက်ရန်ရှိတယ်၊ အခွင့်ရရင်လာရောက်တွေ့ဆုံဖူးမြော်ရန် ဖတ်ကြားခဲ့ပါတယ်။ ဒါနဲ့မေလ၁၁ရက်ည၁ဝနာရီခွဲလေယာဉ်ပျံနဲ့ ှဆန်ဖရန်စစ်စကိုလေဆိပ်မှထွက်ပြီး Indiana […]