SonnySeptember 6, 20121min21314
ငဆန်နီရေဒီယို(၆) မင်္ဂလာပါခင်ဗျာ ငဆန်နီ နှုတ်ခွန်းဆက်ပါ၏။   ဒီရက်ပိုင်းခံစားရတာလေးတစ်ခုပြောချင်ပါတယ်။ ပညာရေးအကြောင်းပါ။ ဒီအကြောင်းကို ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်တို့လည်း ပြည့်သူ့ခေတ်ဂျာနယ်မှာ “ပညာဟူသည်မြတ်ရွှေအိုး” ခေါင်းစဉ်နဲ့ရေးပါတယ်။ မြန်မာနိုင်ငံပညာရေးစနစ်ကို “ဒီလိုပညာရေး” လို့ဆိုပြီး အမည်မှည့်ပေးလိုက်ပါတယ်တဲ့။ “ဒီလိုသင်မယ် ဒီလိုကျက်၊ ဒီလိုမေးမယ် ဒီလိုဖြေ၊ဒီလိုအောင်” တဲ့။ “ဘာကြောင့်နုံချာနေတဲ့ အကြောင်းကို ဆန်းစစ်မယ်ဆိုလျှင် တွေ့ရတာက စာသင်ရာမှာ နှုတ်တိုက်အာဂုံဆောင် ခြင်းကို တရားလွန်အားပေးနေတာက ပညာရေးစနစ်ရဲ့ အမည်းမှတ်ကြီးဖြစ်တယ်” လို့ဆရာမကြီးက ထောက်ပြထားပါတယ်။ Route Learning စံနစ်ပါ။ အမေစု (သို့) ဒေါ်အောင်ဆန်းစုကြည် ကလည်း ပညာရေးကိုဝေဖန်ထောက်ပြဘူးပါတယ်။အလွန်နိမ့်ကျနေပါသေး တယ်တဲ့။ လူငယ်တွေကိိုလည်းစာများများဖတ်ဖို့ ဒီတစ်ပတ်ထုတ် ဒီလှိုင်းဂျာနာယ်မှာ တိုက်တွန်းထားပါတယ်။ လူငယ်တွေကိုလည်း တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ အပြည့်ခံစားစေချင်တယ်တဲ့။ (CAMPUS LIFE) ရတဲ့ဘွဲ့ ကို ကျောင်းပြီးရင် အလုပ်အာမခံချက်ပေးနိုင်တဲ့ဘွဲ့ […]


thit minFebruary 4, 20121min46777
ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။  လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————  “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP […]


စာမရေးဖြစ်၊မဖတ်ဖြစ်တာ နည်းနည်းကြာတော့ Mandalay Gazette နဲ ့စိမ်းသလို လိုဖြစ်သွားတယ်။ဒီနေ ့တွေ ့ရ၊မြင်ရကြားရ တာလေးတစ်ခုက စိတ်မချမ်းသာတာဖြစ်နေ တော့ ရေးချင်လာတော့ ဝင်ရေးဖြစ်ပါပီ။အားလုံးသော ညီအကိုမောင်နှမ၊ရွာသူရွာသားများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာခြင်းနဲ ့ပြည့်စုံကြစေဖို ့ရာ sweet December မှာ နှုတ်ခွန်းဆက်ပါရစေဗျား။ ယနေ ့ထိကျွန်တော်နဲ ့ထိတွေ ့နေရတဲ ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ(အနီးစပ်ဆုံး မိမိမြို ့)ပညာရေးနဲ ့ပတ်သက်လို ့ပြောစရာတွေရှိလာပြန်ပါပီ။“ပညာရေးဖြင့် ခေတ်မှီဖွံ ့ဖြိုး တိုးတက်သောနိုင်ငံတော်တည်ဆောက်အံ့”ဆိုတဲ ့ဆိုင်းဘုတ် အစိမ်းအောက်ခံမှာ အဖြူရောင် စာလုံးနဲ ့ရေးထားတဲ့ ဘုတ်တွေကိုမြင်ဖူးတွေ ့ဖူးကြမှာပါ။ဆောင်ပုဒ်က သိပ်ကောင်းပါတယ်။ တကယ်တမ်းသာဖြစ်မယ်ဆိုရင် ဝမ်းသာစရာပါလား။ခက်နေတာက လဲဗျာ ကျွန်တော် တို ့နိုင်ငံက ဆောင်ပုဒ်တွေ၊အပြောတွေကောင်းပ၊ညွန် ့ပဆိုပေမယ့် အလုပ်ကတော့ သိပ်မတွင်လှပါဘူး။ ပညာရေးနဲ ့တည်ဆောက်ရမယ့်နိုင်ငံမှာ ဘယ်လိုဆရာမျိုးတွေက […]


KingMay 25, 20111min18411
ဖတ်မိဖတ်ရာ တွေးမိတွေးရာ နေရင်းကနေ ရွာထဲက လူတွေနဲ့ လေကန်နိုင်ဖို့ ခေါင်းစဉ်တစ်ခုပေးထားတယ်နော်ဗျ ချင်းမိုင် (မဇ္ဈိမ) ။     ။ ဆရာအောင်သင်းသည် ၁၉၅၈  ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။ ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ […]


DaveJanuary 3, 20101min1285
တပ်လှန့်စကား ခေတ်တွေစနစ်တွေသာ ပြောင်းသွားကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ တက်လာတယ်ရယ်လို့ မတွေ့ရပါဘူး။ပိုပိုပြီးတော့ပဲ ဆုတ်ယုတ်လာနေပါတယ်။ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယုတ်ညံ့နေတယ်။တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး ဘာမှတိုးတက်လာတာမရှိပါဘူး။တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ်။ဘာဖြစ်လာသလဲ။အပေါ်ယံငွေမှုန်ကြဲတာတွေနဲ့ပဲ ပြီးဆုံးသွားတာဟာ စေ့စေ့ တွေးကြည့်မယ်ဆိုရင် တိုင်းပြည်ရော လူမျိုးပါ နစ်နာပါတယ်။ ဒီတိုင်းပြည်ကြီးမှာ လူထုအကျိုး၊တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ တစ်နှစ်အတွက် ဘတ်ဂျက်ဘယ်လောက်ရှိလို့ ဘယ်လောက်သုံးခဲ့တယ်ဆိုတာလည်း မသိရဘူး။စီးပွားရေး ဘယ်လောက်ဖွံ့ဖြိုးပြီး တိုင်းသူပြည်သားတွေရဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လောက်ရှိကြတယ်ဆိုတာလည်း ဘာမှန်းမသိရဘူး။လူမှုရေးအကျိုးခံစားခွင့်တွေဆိုလို့လည်း မူးလို့တောင်မှ ရှူစရာရှိကြရဲ့ လား။နိုင်ငံဖွံ့ဖြိုးမှု ကရော ဘယ်လိုရှိနေသလဲ။သေချာတွေးကြည့်ရင် မြန်မာနိုင်ငံဟာ ကျိန်စာသင့်နေတဲ့ နိုင်ငံလို့တောင် ဆိုရ မလိုပါပဲ။ဖရိုဖရဲဖြစ်နေတာကြာခဲ့ပါပြီ။ ညစ်ကျယ်ကျယ်လုပ်တဲ့လူတွေကတစ်ဖက် ပေကပ်ကပ်သမားတွေကတစ်ဖုံ ဒီလိုပဲဆက်သွားကြမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “ဖာသည်လိုနိုင်ငံ´´ဘဝကနေ ဖာထက်ကြီးတဲ့ ပုတ်နိုင်ငံဖြစ်ဖို့ရာပဲရှိပါလိမ့်မယ်။တိုင်းပြည်ကိုဦးဆောင်ချင်တယ်၊ခေတ်မီဖွံ့ဖြိုးအောင် လုပ်ချင်တယ်၊ပြုပြင် ပြောင်းလဲရေးလုပ်ချင်တယ်လို့ ပြောတဲ့လူတွေ တင်းမာနေလို့ လုံးဝမရတော့ပါဘူး။တိုင်းပြည်နဲ့ လူမျိုးဟာ နွံ […]