MAUNGOctober 25, 20131min29721
ရွာသူ ရွာ သားတွေပျင်းနေမှာစိုးလို့၊ ပုံ ပြောပြမယ် ဗျာ။ ဟိုး ရှေးရှေ့ တုံးကပေါ့ဗျာ ….. သမီး ရည်းစား နှစ်ယောက် ရှိတယ်တဲ့ ။ တစ်ယောက် နဲ့ တစ်ယောက် လဲချစ်လိုက် ကြတာ …အိုး ဘာပြော ကောင်းမလဲ၊ မိုးမမြင်၊ လေမမြင် ပေါ့ဗျာ ..။ ဒီလိုနဲ့ သွားရင်းလာ ရင်းလမ်းမှာ ဥဩ ငှက်ကလေး တစ်ကောင် တွေ့တော့ ….ကောင်မလေး က ကောင်လေးကို ဒီလို မေးသဗျ …။ “မောင် ..အဲဒါဘာငှက်လေး လဲ ?” သိရက်မေးတာ မှန်းသိပေမဲ့ ကောင်လေးက ဒီလိုပြန်ပြောတယ် ” အချစ်ရယ်၊ အဲဒါ ချစ်တေးသီ တဲ့ငှက်လေး ပါ။ ” […]


mamanoyarJanuary 9, 20131min29220
တစ်ခါတုန်းက ဆင်းရဲသားလေးတစ်ယောက်ရှိသတဲ့။ အဲဒီဆင်းရဲသားလေးဟာ ဟိုဘက်ရွာက သူဌေးကြီးဆီမှာ တစ်နေကုန်အလုပ်လုပ်ရသတဲ့ ဆင်းရဲသားလေးဟာ သူဌေးကြီးဆီမှာ အလုပ်တွေကို တစ်နေကုန်သည့်တိုင်အောင် ကြိုးကြိုးစားစား မခိုမကပ်ပဲ လုပ်ပေးသည့်အတွက် သူဌေးကြီးက သဘောကျပြီး လုပ်အားခငါးကျပ်အပြင် ထမင်းကြမ်းခဲတစ်ခဲပါ ပေးလိုက်သတဲ့ ဆင်းရဲသားလေးလည်း ပိုက်ဆံငါးကျပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထမင်းကြမ်းခဲလေး ဆုပ်ကာ အိမ်ပြန်လာခဲ့တာပေါ့ လမ်းမှာ အကြော်ကြော်နေသည့်ဈေးသည်ကိုတွေ့တော့ အကြော်တွေအရမ်းစားချင်ခဲ့တာပေါ့ ။ ဒါပေမယ့် ပိုက်ဆံစုချင်တဲ့အတွက် အကြော်ဝယ်မစားပဲ အကြော်ကြော်နေတဲ့ ခပ်လှမ်းလှမ်းနားက သစ်ပင်အရိပ်အောက်မှာ ထိုင်ပြီး အကြော်နံ့လေးခံပြီး ထမင်းကြမ်းခဲကို ကိုက်စားနေခဲ့သတဲ့။ သူလဲထမင်းစားပြီးတဲ့အခါ အကြော်သည်က ဆင်းရဲသားလေးဆီကို အကြော်ဖိုး ပိုက်ဆံလာတောင်းသတဲ့။ ဆင်းရဲသားလေးလည်း သူမစားပဲမပေးနိုင်ဘူးလို့ပြောတော့  အကြော်သည်က မင်းငါ့အကြော်နံ့နဲ့ ထမင်းစားတာ အကြော်ဖိုးပေးရမှာပဲလို့ ဇွတ်တောင်းသတဲ့။ ဒီလိုနဲ့ အကြော်သည်ကလဲ တောင်း ဆင်းရဲသားလေးလည်း မပေးနိုင်ဘူး […]


Ma MaFebruary 2, 20111min20217
မြန်မာပြည်မှာနေတဲ့လူတွေတော့ ကြားဖူးကြလိမ့်မယ်ထင်တယ်။ မကြားဖူးတဲ့လူတွေသိရအောင် ပြောပြချင်ပါတယ်။ တစ်ခါတုန်းက ဒိသာပါမောက္ခကြီးဆီကို ပညာသင်ကြားဖို့ လူငယ်နှစ်ယောက် ရောက်လာကြတယ်တဲ့။ တစ်ယောက်သောလူငယ်က ဉာဏ်ပညာထက်မြက်ပြီး၊ နောက်တစ်ယောက်ကတော့ နုံချာတယ်တဲ့လေ။ ဉာဏ်ပညာထက်တဲ့ လူငယ်က ဆရာကြီးသင်ကြားပေးသမျှ ပညာတွေကို အကုန်လုံးလေ့လာပြီး တတ်မြောက်သွားသော်လည်း ဉာဏ်နုံတဲ့လူငယ်ကတော့ ဘာမှ မတတ်မြောက်ဘူးတဲ့။ ပညာသင်ကြားပြီးလို့ ကိုယ့်ရပ်ရွာပြန်တဲ့အခါ အသက်မွေးမှုပြုနိုင်အောင် ဆိုပြီးတော့ ဉာဏ်နုံတဲ့လူငယ်ကို ဆရာကြီးက အိုးဖုတ်နည်းတစ်ခုတော့ သင်ကြားပေးလိုက်တယ်တဲ့။ အဲဒီလိုနဲ့ ဉာဏ်နုံတဲ့လူငယ်ဟာ သူတတ်တဲ့ပညာနဲ့ အိုးဖုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုလာလိုက်တာ ဆရာကြီးဆီကို တစ်နှစ်တစ်ခါ လက်ဆောင်ပစ္စည်းတွေပို့ပေးနိုင်တယ်တဲ့။ ဒါပေမယ့် ဉာဏ်ထက်တဲ့ လူငယ်ကတော့ တတ်ထားတဲ့ ပညာတွေ တစ်မျိုးပြီး တစ်မျိုးသုံးပြီး အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလာလိုက်တာ လုပ်ငန်းတွေ မအောင်မြင်ပဲဖြစ်နေတယ်။ အဲဒီအခါမှာ အဲဒီလူငယ်စဉ်းစားမိတာက ဆရာကြီးက ဟိုတစ်ယောက်ကိုတော့ ပညာကုန်သင်ပေးလိုက်ပြီး ငါ့ကျတော့ […]


nyanayMay 26, 20101min1002
သိပ်ကောင်းတဲ့ပုံပြင်လေးပါ။ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို သွားရောင်းတယ်….။ ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်ကဝါးလုံးနဲ့လျှိုပြီး ထမ်းလာတယ်…။ နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ ညောင်ပင်ကြီးတစ်ပင်အောက်သူရောက် လာတယ်…။ ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။ ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။ ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။ သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။ […]