Moe TharMay 21, 20101min1060
မှန်လိုက်တဲ့ စကားလေး… ဘဝမှာကိုယ်လုပ်ချင်တာကို ကိုယ့်ရဲ့စိတ်ကြိုက် လုပ်လို့ရတယ်… လုပ်ခဲ့တဲ့အတိုင်း လည်း အကျိုးပြန်ခံစားရမယ်… ကောင်းတာလုပ်ခဲ့ရင် ကောင်းမယ်… မကောင်းတာလုပ်ခဲ့ရင် မကောင်းတာကို ခံရမယ်… ဘယ်လိုမှ ငြင်းလို့မရဘူး… လက်မခံလို့မရဘူး… နောင်တ ဆိုတာလေးပဲ ရမယ်… အခုမျက်မှောက်ခေတ်မှာလည်း ဘဝကို ကစားစရာတစ်ခုလိုသဘောထားပြီး အပူအပင်မရှိ ပေါ့ပေါ့တန်တန် နေနေတဲ့သူတွေ အများကြီးပဲ… သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲတော့ မသိဘူး… ရှိပဲမရှိတာလား.. ထားပဲမထားတာလားဆိုတာတော့ သူတို့ပဲသိမှာပေါ့… `မရှိတာထက် မသိတာကခက်တယ်´တဲ့… မသိတာထက် ဆိုးတာကတော့ ဘာမှမလုပ်တာပါပဲ တဲ့… ဖတ်ဖူးထားတာတွေပေါ့… ကိုယ်ကိုတိုင်လည်း တစ်ခါတစ်လေ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ လေနေတဲ့အချိန်လေးတွေရှိခဲ့တာပေါ့… ဒါပေမယ့် သတိလေးထားပြီး စိတ်မလေအောင်ကြိုးစားရတာပေါ့… ငယ်ငယ်တုန်းကတော့ ကလေးအတွေးနဲ့ စိတ်ကူးယဉ်ခဲ့တာပေါ့… ငါကြီးလာရင် ဘာဖြစ်အောင်လုပ်မယ်… ပိုက်ဆံတွေကို ဘယ်လိုရအောင်ရှာလိုက်မယ်… လုပ်ငန်းတွေလဲ အများကြီးလုပ်နိုင်အောင်ကြိုးစားမယ်ပေါ့… […]