manawphyulayAugust 4, 20101min742
ဲပဲခူးတိုင်း၊အင်းတကော်မြို့နယ် ၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅ဝ ကျော်ရှိတာ အယောက် ၈ဝ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျမ်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည် ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206 ပိုစ့်ကိုဖတ်ချင်တော့ http://www.mmdailynews.com/ မှာဖတ်လို ့ရတယ် မနောဖြူလေး (http://manawphyulay.mmsarpay.org)


manawphyulayJuly 21, 20101min821
How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။  Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်တယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။ သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီး ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါနော်။


manawphyulayJuly 21, 20101min761
လူ့ဘဝသက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘဝပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘဝမှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘဝရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘဝမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘဝဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။ အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း […]


manawphyulayJuly 20, 20101min640
ကျွန်တော်တို့ ဒီနေရာလေးမှာလာဆုံကြတာ .. သူထက်ငါတော်ကြောင်း..တတ်ကြောင်း…ကြွားလုံးထုတ် ရန်ဆောင်နေကြဖို့ မဟုတ်ပါ.. ကျွန်တော်တို့ တတ်သလောက်မှတ် သလောက် တစ်ယောက်ကိုတစ်ယောက် ပညာ..အတွေးအခေါ်အယူအဆ.. အတွေ့အကြုံတွေ ဝေမျကြရင်း ကျွန်တော်တို့ တစ်ဦးချင်းစွမ်းရည်တွေ တက်အောင် လုပ်ကြမယ်..နောက် ဒီအထဲမှာ လူတော်တွေ တော်တော်များများရှိပါတယ် …. ကျွန်တော်တို့ ညီညွတ်ပေါင်းစုရင် မြန်မာ မညံ့ကြောင်းပြလို့ ရမယ်လို့ ယုံကြည်ပါတယ်. . . ကျွန်တော်လည်းတော်လွန်းတတ်လွန်းနေသူမဟုတ်ပါ..ပညာဆိုတာပြည့်ဝနေပြီ ..ပြီးဆုံးသွားပြီဆိုတာမရှိတော့ ရှာဖွေနေကြရဆဲပါ… ကျွန်တော်design နဲ့ပတ်သက်တဲ့ အယူအဆတွေ လေ့ကျင့်ခန်းလေးတွေ ဒီနေရာကနေစချင်ပါတယ်… သိပြီးတတ်ပြီးသားဆရာများအနေနဲ့ အပြုသဘောဆောင်လို့ ဝင်ရောက်အားဖြည့်ပေးကြပါ… အခြေခံက..စမှာမို့ beginner ကို အဓိက ရည်ရွယ်ပါတယ်……( ဒီ ထဲမှာ တစ်ယောက်တစ်ယောက် ပျက်ရယ်ပြုတာမျိုး ၊ ပညာနဲ့ မဆိုင်သော အကြောင်းအရာများပြောဆိုခြင်းမျိုး မပြုဖို့ တောင်းဆိုပါတယ်) […]


manawphyulayJuly 20, 20101min510
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။ ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။ ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ ၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ ၅) ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဉာဏ်တွေ မယုတ်လျော့သွားစေနဲ့။ ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း […]


manawphyulayJuly 16, 20102min39211
ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က […]


manawphyulayJuly 16, 20101min552
ကုသိုလ်ပြုနည်း တစ်မျိုး မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန ယခုဘဝ မျက်စိလှူက ချမ်းသာစိတ်သွင် မြင်ကြည်အေးမြ ဘဝဆက်တိုင်း အနှိုင်းမသိ ကုသိုလ်ထူးဘိ…. မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ…. – မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။ – လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။ – မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။ – မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။ မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို […]