manawphyulayJanuary 9, 20111min1319
ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့ တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့ သဇင်ပန်းလဲ မလိုချင်ဘူး ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း စက္ကူပန်းလဲ မလိုချင်ဘူး နံ့သာထုံသင်း အဆင်းတွေဖြာ တင့်တယ်သာသော တစ်ပွင့်ထဲသော မေတ္တာပန်းဘဲ လိုချင်တယ်….


manawphyulayAugust 2, 20101min500
ပူလျှင်အရိပ် ပန်းဖြေသိပ်ပါ နေနားပါလှည့်…. မေ့မေတ္တာ ဒီအရိပ် ရိပ်ထီးကာခဲ့… မိုးရွာလျှင်လည်း ဝင်ပါ နားပါ မိုးခိုပါလှည့်… မေ့မေတ္တာ ဗိမာန်တော်ကြီး အေးမြနေခဲ့… ဆောင်းရောက်လျှင်လည်း ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်… မေ့မေတ္တာလွှာရုံနွေး နွေးထွေးနေမြဲ… လေတိုးလျှင် မပူပင်နဲ့ မေ့မေတ္တာနံရံချပ် မတ်တတ်ကာ ကာကွယ်ခဲ့… ရေဆာငတ်မူ ရင်ပူပြေရေး အမေပေး ရေကြည်တပေါက် စမ်းချောင်းတမြ စီးဆင်းနေမြဲ… မေ့ရဲ့မေတ္တာ စေတနာက နေပူ မိုးရွာ ဆောင်းတွင်းပါ အရိပ်ဖြစ်စမြဲ… နှိုင်းတုမရ မေ့မေတ္တာ လိုရာကိုသုံး စဉ်မြဲပြုံးလို့ သမီးထင်တယ် ဒီကမ္ဘာမှာ မေမေသာ အလှဆုံး….


manawphyulayJuly 15, 20101min740
လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ […]