ရန်ကုန်မိုး ရန်ကုန်မိုး…….. အဟုတ်တကယ်တော်တော်ဆိုး… ရွာပဲရွာနိုင်လွန်းတယ် ဒီနေ ့မိုး …က ပိုပြီး…တော်တော်ဆိုး……. ..မိုးကမညှာတာနဲ ့ လူကိုကြွက်စုတ်ဖြစ်ရော…… အလကား….. အားအားရှိရွာနေတယ် အဟုတ်… သူများတွေ ထီးသေးသေးလေးတွေ နှစ်ယောက် ဘယ်လိုဆောင်းလဲ မသိ….. ငါ့ထီးအကြီးကြီးတောင် မလုံဘူး ……….. ကိုယ်က ထီးအကြီးကြီးနဲ့ ညစ်လို ့……. သူတို ့ကတော ့ ထီးသေးသေးလေးအောက်မှာ ပျော်လို့ ပြုံးလို့ ….. တစ်ခု စဉ်းစားမိတယ် ……. ကျွန်တော်လည်း ထီးသေးသေးလေးပြောင်းပြီးဆောင်းရင် ပျော်မယ်ထင်တယ် ..အဟိ….. ဒိလိုလေးပါ..စိတ်ကူးကြည့်တာ.. ဘာမှမဟုတ်ဘူး ခင်မင်သော ရွှေအိမ်စည် ကဗျာကိုကြိုက်နှစ်သက်လျှင်..ရေးသူအမည်ထိကူးပြီးမှမျှဝေပေးပါ။ ချစ်သောစိတ်ဖြင့်


chitkayMay 17, 20101min652
ယနေ့ မနက် ၁ဝနာရီ ၄ဝ မိနစ်လောက် တွင် ရန်ကုန်၌ မိုးရွာသွန်းသွားသော်လည်း ကွက်ကျား မိုး အသွင်သာ ရွာသွန်းသွားပါသည်။ မိုးရွာသွန်းနေချိန်တွင် အလုပ်ထဲ၌ ဖြစ်နေသဖြင့် နေအိမ်သို့ ဖုန်းဆက်ကြည့်ရာ နေအိမ် မှ မိုးမရွာသေးကြောင်း တိမ်များ တက်နေကြောင်း နှင့် မိုးခြိမ်းသံများ ကြားနေရကြောင်း ပြောပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ မျှော်လင့်တောင့်တနေသော မိုးသည် လူအများစိတ် ချမ်းသာစေရန် အလို့ငှာ ရွာသွန်းဖြိုးလိုက်ပါပြီ။