ကို သာAugust 3, 20121min24113
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင်လူငယ် ၂ဝ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်အတူယှဉ်တွဲနေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ […]


kalinkJune 23, 20121min23018
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းများကို ဇွန်လ (၂၉) ရက်နှင့် ဇူလိုင်လ (၃၁) ရက်နေ့များတွင်အရစ်ကျငွေချေစနစ်ဖြင့်ရောင်ချသွားရန်စီစဉ်ထားကြောင်းသိရသည်။ GSM အတွက်တစ်လ လေးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းသွားရမှာဖြစ်ပြီး WCDMA အတွက်တစ်လ ငါးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုလိုသူများအတွက်အသုံးပြုလိုသည့်အချိန်မှာ သတ်မှတ်နှုန်းထားဖြင့်သုံးစွဲသွား ရမှာဖြစ်ပါတယ် သတ်မှတ်အရစ်ကျငွေမပေးသွင်းပါက လိုင်းဖြတ်တောက်ထားမှာဖြစ်ပြီး ပေးသွင်းပြီးမှသာလိုင်းပြန် ဖွင့်ပေးမှာဖြစ်ပါတယ် ပထမအရစ်ပေးသွင်းပြီးပါက ကဒ်အားထုပ်ပေးပြီးစတင်သုံးစွဲနိုင်မှာဖြစ်ပါတယ် နောက်ဆုံးအရစ်ပေးသွင်းပြီးချိန်မှာစာရွက်စာရွက်စာတမ်းတွေ လွှဲပေးမှာဖြစ်ပါတယ်….


chitkayMay 17, 20101min652
ယနေ့ မနက် ၁ဝနာရီ ၄ဝ မိနစ်လောက် တွင် ရန်ကုန်၌ မိုးရွာသွန်းသွားသော်လည်း ကွက်ကျား မိုး အသွင်သာ ရွာသွန်းသွားပါသည်။ မိုးရွာသွန်းနေချိန်တွင် အလုပ်ထဲ၌ ဖြစ်နေသဖြင့် နေအိမ်သို့ ဖုန်းဆက်ကြည့်ရာ နေအိမ် မှ မိုးမရွာသေးကြောင်း တိမ်များ တက်နေကြောင်း နှင့် မိုးခြိမ်းသံများ ကြားနေရကြောင်း ပြောပါသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ မျှော်လင့်တောင့်တနေသော မိုးသည် လူအများစိတ် ချမ်းသာစေရန် အလို့ငှာ ရွာသွန်းဖြိုးလိုက်ပါပြီ။