Ko chogyiFebruary 19, 20131min19318
ကျွန်တော်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ရခိုင်သားချင်းတို့ရဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးကို ၁၉၉၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ၃ နှစ်ကျော် ကြာမြင့်အောင် နေခဲ့ရပါတယ်။ ရန်ကုန်မြို့ ကျန်းမာရေးဆိပ်ကမ်း(ပန်းဆိုးတန်း)တံတားကနေ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် မြစ်ကြီးနားရေယာဉ်နဲ့ ညနေ ၃ နာရီလောက် မှာ စတင်ထွက်ခွာလာခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် ရေယာဉ်ကြီး/ငယ်များနဲ့ကူးတို့လှေငယ်များ ဖြတ်သန်းသွားလာနေ တာတွေကို  ငေးမောကြည့်ရင်း ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်နဲ့ ပဲခူးမြစ်တို့ ပေါင်းဆုံရာမြစ်ဆုံကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပဲခူးမြစ်ကို ဖြတ်သန်းပြီး သန်လျှင်မြို့ကို သွား ရောက်နိုင်တဲ့ သန်လျှင်တံတားကို လှမ်းမြင်မိပါတယ်။ ရန်ကုန်မြစ်အတိုင်း ပင်လယ်ဝဘက်ကိုဆက်လက် ခုတ်မောင်းလာစဉ် ဝဲယာကမ်းနှစ်ဖက်မှာရှိတဲ့ အဆောက်အဦးတွေကို ငေးမောကြည့်ရင်း ရန်ကုန်ဘက်ကို လှမ်းမျှော်အကြည့်မှာ ညနေခင်းဆည်းဆာနဲ့အတူ ကြည်ညိုဖွယ်ရာကောင်းလှတဲ့ ရွှေတိဂုံစေတီတော်မြတ် […]