Zaw WonnaJuly 26, 20101min910
လိင်မှတဆင့် ကူးစက်သော ရောဂါများတွင် ကာလသားရောဂါများနှင့် အေအိုင်ဒီအက်စ်ရောဂါတို့ ပါဝင်ပါသည်။ ထိုအထဲမှ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံမှ လူငယ်အများစုကို အကြီးမားဆုံး  ခြိမ်းခြောက်နေသော ရောဂါမှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ ယခုအချိန်အထိ လုံးဝသက်သာ ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်ကို ခေတ်ပညာတတ် များသာမက ဗဟုသုတ အတန်အသင့် ရှိသူတိုင်း သိပြီးဖြစ်ပါသည်။ မည်သို့ ကာကွယ်ရမည်ကိုလည်း သိကြသည်သာ ဖြစ်၏။ သို့သော် ရောဂါဖြစ်ပွားသူများတွင် ခေတ်ပညာတတ် လူငယ်များလည်း ပါဝင်နေသည်ကို  တွေ့ရှိနေရသောကြောင့် ဤစာကို ရေးမိခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင်မူ AIDS ရောဂါ ဖြစ်ပွားရသည့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း စသော အခြား အကြောင်းရင်းများ […]