“ဒါလေးတောင်မသိဘူးလားညီမလေးရာ” နေ့လည်ဟာ ….. ငရဲဖြစ်တယ် ကိုယ့်လက်တွေ တဆတ်ဆတ်တုန်ခါလို့ ကိုယ့်စိတ်တွေ လောင်မီးကျလို့ ကိုယ်ဘာဖြစ်တာလဲ ကိုယ်မသိဘူး ဒါလေးတောင်မသိဘူးလား ညီမလေးရယ် ဒါလေးတောင်မသိဘူးလား နေ့လည်ဟာ ငရဲဖြစ်တယ် ကိုယ်တို့နှစ်ယောက်က ဝေးကွာ အဝေးကြီးဝေးကွာသွားသလိုမြင်ရ ကိုယ်က ညီမလေးကို စကားတွေပြောတယ် ညီမလေးက ကိုယ့်ကိုစကားတွေပြောတယ် ညီမလေးရယ်ခဲ့တာလေး …… ကြေကြေကွဲကွဲကြားရ ပါးပေါ်ကမှဲ့နက်ကလေး …… ကြေကြေကွဲကွဲမြင်ရ စကားတွေပြောရင်း စကားတွေဆွံ့အတယ် ဒါလေးတောင်မသိဘူးလား ညီမလေးရယ် ညီမလေးဆီဘာလို့ဖုန်းဆက်တာ ညီမလေးဟာဘာလို့ ကိုယ့်ကဗျာတွေထဲရောက်ရောက်နေတတ်တာ ညီမလေးရင်ကွဲသံကို ကိုယ်ကဘာလို့ရင်ကွဲခံပြီးနားထောင်တာ ဒါလေးတောင်မသိဘူးလား ညီမလေးရယ် စိတ်ညစ်ရတာချင်းတူတယ် ဒါပေမယ့် ကဗျာရေးတာနဲ့ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်တာ မတူဘူး ….. တကယ်မတူဘူးညီမလေးရာ ညီမလေးကသေချင်စိတ်ပေါက်တဲ့အချိန်မှာ ကိုယ်ကသေချင်စိတ်ကိုဖျောက်တယ် မတူပါဘူးညီမလေးရာ …… ညီမလေးက ဘယ်သူနဲ့မှမတွေ့ချင်တဲ့အခါ ညီမလေးက ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ […]