သူရႆဝါMay 4, 20103min1542
အခန်းကတစ်ယောက်တည်းနဲ့ ငါက အကျယ်ကြီး . . . . အခန်းထောင့်တိုင်းမှာ သူလိုငါလို အရိပ်တွေရှိတယ် ကြောက်   လိုက်   တာ “မနက်ဖြန်” အကြောင်းကိုလည်း ဘုရားသခင်ကသိပြီးသား အနာဂတ်မဟုတ်ဘူး ကြိုတင်ကြံစည်ထားတဲ့ ဘုရားသခင်ပိုင်အတိတ်ဖြစ်တယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံနေရတယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံနေရတယ် မမေးနဲ့ . . . . မမေးနဲ့ အိပ်ဆေးပုလင်းကဘာလုပ်ဖို့လဲမမေးနဲ့ အသွားနှစ်ဖက်နဲ့ဓါးက ဘာလုပ်ဖို့လဲမမေးနဲ့ ခပ်ပျင်းပျင်းရှိရင် ဆော့ကစားဖို့ “အသက်ဇီဝ” ကို ကိုယ်ဖျောက်သလို ခဏဖျောက်ကြည့်လို့ရမလား စမ်းသပ်ချင်လို့ . . . . “ရှင်သန်ခြင်း” နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး […]


သူရႆဝါMay 3, 20105min2085
“ညခုနစ်နာရီမှာ ညီမလေးဆီဖုန်းခေါ်မရဘူး” “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” ……………………………………………………… ငါ့စိတ်ဟာ ဖန်ခွက်ကလေးတစ်လုံးလို ဆူးလေလမ်းမတလျောက်ပြန့်ကျဲ “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” …………………………………………………….. ခေါင်းငိုက်စိုက်ချ ….. ကြေကွဲ လွင့်လွဲ “လူကြီးမင်းခေါ်ဆိုသော ……. ” “လူကြီးမင်းခေါ်ဆိုသော ……. ” ဒါဟာ …… အဆုံးသတ်သွားတာလား ဒါ မျှော်လင့်ချက်တွေလန့်နိုးသွားတာလား မဟုတ်ဘူး … ဒါ သွေးရိုးသားရိုးဖုန်းခေါ်မရတာပါ မတော်တဆမှုတစ်ခုပါ ညီမလေးရယ် …… ညီမလေးရယ် ကိုယ့်ကိုလက်ခံပြောဆိုပါ လူကြီးမင်းမဟုတ်ဘူး … ဆက်သွယ်မှုဧရိယာပြင်ပ မဟုတ်ဘူး ခေတ္တခဏစောင့်ဆိုင်းပြီးမှပြန် … လည် … ခေါ် … ဆို ……. ဟင့်အင်း ဒါလည်းမဟုတ်ဘူး အဲ့ဒီခဏလေးအတွင်းမှာ အရာရာသေဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ရာသီဥတုတစ်ခုလုံးပြီးဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ကံ […]


သူရႆဝါApril 30, 20101min1865
ကျွန်တော်၊ သူမနှင့် ဧပရယ်လ် မိုးတိမ်များ “အခိုက်အတန့်” “ချစ်တယ် ချစ်တယ်” ဟု ကျွန်တော် မကြားအောင် သူမ ပြောသည်။ သို့သော် … ကျွန်တော် ကြားလိုက်ပါသည်။ အသံမထွက်စေဘဲ နှုတ်ခမ်းလှုပ်ရုံမျှ ပြောခြင်းဖြစ်သဖြင့် “နားနှင့်ဆတ်ဆတ်ကြားသည်” ဟု မပြောနိုင် သော်လည်း “ရင်နှင့်ဆတ်ဆတ်” ကြားပါသည်။ ကျွန်တော့် ချစ်ရသူလေးသည် မည်မျှ ရယ်စရာကောင်းလိုက်ပါသလဲ … ကျွန်တော့်အနားကပ်၍ ကျွန်တော် မကြားအောင် “ချစ်တယ်” ဟု ပြောသည်တဲ့။ နောက်ပြီး … ထိုသို့ ပြောသောနေရာကလည်း တော်တော်ကို ကဗျာမဆန်လှသော နေရာတစ်ခု ဖြစ်နေပြန်သည်။ ထားပါ … အရေးမကြီးလှသော ကိစ္စဖြစ်ပါသည်။ အရေးကြီးသည်က ကျွန်တော့် စိတ်ကိစ္စဖြစ်သည်။ သူမ၏ ဝန်ခံစကားကို ကြားကြားချင်း ကျွန်တော့် […]


သူရႆဝါApril 29, 201023min2072
‘မျက်ဝန်းတစ္ဆေ . . ညနေ’ ( ၁ ) မျက်ဝန်းများ . . . အလွန်လှသည်။ မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . . သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။ အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . . ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။ တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . . သနားကြင်နာမှုများ တပ်ဆင်၍ . . . […]