ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။ ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။ ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။ အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မဝတ်နဲ့ ဝတ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။ လိုအပ်တာက […]


Mg OggaMarch 27, 20111min60
  မြန်မာရိုးရာ သင်္ကြန်ကို ရူထောင့်ပေါင်းဆုံက ချည်းကပ်ကြဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ က စကားဝိုင်းလေးတစ်ခု လုပ်ပြီး ဆွေးနွေးခဲ့တာကို ပြန်တင်ပြလိုက်ပါတယ်။ ပါဝင်ဆွေးနွေးကြသူများမှာ ဆရာဘိုဘိုလွင်၊ဆရာသုမောင်စိုး၊ဆရာအောင်မျိုးဝင်း၊သိန်းစိုး၊အောင်အောင်၊ညိုမီ၊မိလေးနွယ်၊ပပဖြိုး၊ စုမြတ်ရတနာ၊ဥဂ္ဂါ ဘို – သင်္ကြန်ဆိုတာ သက္ကတဘာသာစကားကလာတာလို့ ပြောလို့ရတယ် သင်္ကြန ္တဆိုတဲ့ စကားလုံးကဆင်းသက်လာတာပဲ အဓိပ္ပါယ်ကတော့ ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း ကူးပြာင်းခြင်းလို့ ကြားဖူးတာပဲ ဥ – ဟုတ်တယ် သင်္ကြန် အယူအဆ ဆိုတာလဲ အိနိ္ဒယဘယ်က လာတယ်လို့ထင်တယ် ညို – အင်း ဟုတ်တယ်နော် သု – အင်း သင်္ကြန်က မြန်မာပြည်ကို ဘယ်အချိန်တည်းက စရှိတာလဲပြောပြပါအုံး ဥ – ပုဂံစော


kaiApril 19, 20103min1675
မနက် ၉ နာရီမှာ ပွဲလုပ်တဲ့ ပန်းခြံရှိရာဆီ မိုင် ၅ဝကျော်မောင်းပြီးသွား။ ဟိုရောက်တော့ လူတော်တော်နည်းပါသေးတယ်။ အဲဒီလိုနဲ့ မနက် ၁၁ နာရီခွဲလောက်ရောက်တော့ ဖဲကြိုးဖြတ်ဖွင့်ပွဲလုပ်ပါတယ်။ မနှစ်က ကွန်ဂရက်ဝူးမန်င်းမဖြစ်သေးတဲ့ ဂျူဒီချူးက အခု ကွန်ဂရက်ဝူးမန်င်းအနေနဲ့လာတာမို ု့မြီု ့တော်ဝန်တို့လည်းမနေရပဲ လာကြပါတယ်။ အဲဒီလိုနဲ့ ကတ်ကြေးကိုက်ပြီးဖွင့်တယ်ပေါ့။ ဖွင့်ပွဲသီချင်းကို သိန်းတန်(မြန်မာပြည်)က ဆိုပေးပါတယ်။ ထုံးစံအတိုင်း သင်္ကြန်တေးသွားနဲ့ အကနဲ့ပေါ့နော..။ လူတွေများလာလိုက်တာ ၁၂နာရီလောက်မှာ ပုတီးစိတ်တဲ့ကောင့်တာကလေးထုတ်ကိုင်ပြီး မဏ္ဍပ်နားသွာပါတယ်။ တရားရပြီး ပုတီးစိတ်မလို့ မဟုတ်ပါဘူး ပွဲလာတဲ့ လူဦးရေ တွက်မလို့ပါ။ အဲဒီလိုနဲ့ တကန့်ချင်းတွက်သွားလိုက်တာ နေ့လည် ၁၂နာရီ ၄၅မှာ အဲဒီပန်းခြံဝင်းထဲ လူ ၂၇၀၉ ယောက်လို့ ပြနေပါတယ်။ အပြင်ဖက် မြက်ခင်းပြင်ကလူတွေနဲ့ အဝင်အထွက်လုပ်နေသူတွေကိုတော့ သီးခြားလိုက်မတွက်တော့ပါ။ ၁နာရီကျော်ကစလို့ […]