no non negativeDecember 31, 20131min20514
ကြောင် နဲ့ ယစ်ပူဇော် တာ လေး တွေ့ လို့ share လိုက် တာ၊ စိတ် ဝင်စား သူ များ ရွာ ထဲက  ကြောင် တွေ နဲ့ စမ်း ကြည့် ပေါ့ နော် 🙂 ကြောင်လေးတွေကလည်း witchcraft တွေရဲ့ symbol မှာ မပါမဖြစ်ပါဘူး အရင်တုန်းက အင်းဟိုးရှေးရှေးတုန်းကဆိုတဲ့ အချိန်တုန်းက witch တွေက ကြောင်ပုံစံ ကိုးကြိမ်တိုင်တိုင်ပြောင်းနိုင်ပါတယ်တဲ့ ကြောင်တစ်ကောင်က အသက်ကိုးသက်ရှိလို့ပါတဲ့ နောက်ပြီး ritual တွေမှာ ကြောင်တွေကို ယစ်ပူဇော်ကြပါတယ် demons တွေကိုလည်း ကြောင်တွေနဲ့ကိုယ်စားပြု ပါတယ် အဲ အီဂျစ်တွေကတော့ ကြောင်တွေ ကိုးကွယ်ပြန်ရော မတူညီတဲ့ ယုံကြည်မှုတွေပေါ့ Celtic တွေယုံကြည်မှုအရတော့ […]


ရွာ ကြီး အဆင့်မှ မြို့အဆင့်သို့ တိုးမြှင့်လိုက်ခြင်း နှင့်အတူ ပထမဦးဆုံး မြန်းကဇက် လျှပ်စစ် ဝန်ကြီး ခန့်အပ်လိုက်သည်။ အဆိုပါ ခန့်အပ်ခြင်းခံရသောလျှပ်စစ် ဝန်ကြီးမှာ ဦးခန့် ဆိုသည့် ပုပ်ကို ဖြစ်ပါသည်။ခန့်အပ်အပြီး မြန်းကဇက်မြို့သူ မြို့သများအားပြောကြားရာတွင်- “ဟုတ်ကဲ့ ကျတော့်လက်ထက်မှာ မီးအားမှန်မှန်နဲ့တယူနစ် တကျပ် နုံန်း နဲ့ မြန်းကဇက် မြို့သူ မြို့သား များကို သုံး စွဲနိုင်အောင်ကြိုးစားပေးသွားမှာပါ။ ယခုလောလောဆယ်တော့ လက်ရှိနုံန်းထားအတိုင်းမပြောင်းပဲဆက်ကောက်ခံအုံးမှာပါ။ မြို့သူ မြို့သားများအလင်းရောင်အောက်မှာဘဝတွေတိုးတတ် စေဖို့ ဆန္ဒပြုပါတယ်” ဟူ၍ ပြောကြားသွားပါတယ်။ ၎င်း၏ ရာထူးနှင့်ပါတ်သတ်၍အတိုက်အခံများ ဝေဖန်မူ့များ ရှိလာနိုင်ကြောင်း မြို့သူ မြို့သား များတချို့ ထံမှ ကြားသိရကြောင်း မကြာမှီ မြို့ကောင်စီဥက္ကဌ မှလည်း အသိပေး ရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း […]


+++++++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် လူပျိုသိုး နဲ့ တစ်ညသ၌ – ၂ ကို ဖတ်ချင်ရင် …….. +++++++++++++++++++++++++++++++++++   ဒါ ဇာတ်သိမ်းပိုင်းပေါ့ဗျာ ……. ဟို ဒုတိယ အပိုင်းမှာ မတ်ကြီးက အေးမေ ကို ရည်းစား စကားပြော၊ အဖြေ ချက်ချင်း တောင်းဖို့အတွက် သူ့ဘော်ဘော်တွေနဲ့ လောင်းကြေးတွေ ထပ်လို့ ဖိုးသာထူး တဲထဲကနေ ယိုင်တိုင်တိုင်နဲ့ ထွက်သွားခဲ့တယ် ….   +++++++++++++++++++++++++++++++++++   မတ်ကြီး ထွက်သွားချိန်က ည ၁ဝ နာရီ ဝန်းကျင် …. တောဘက်တွေမှာ ည ၁ဝ နာရီဆိုတဲ့ အချိန်ဟာ […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် ဒီနေရာကို ကလစ်ပါ။ +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – အဆက် ………..   ငတိုက်ရဲ့ ဘေးမှာ ဘိုးမင်းခေါင် ဒီဇိုင်းနဲ့ တင်ကလိမ်ချိတ်ပြီး ထိုင်နေတဲ့ တစ်ယောက်လည်း ရှိသေးတယ် …..။ ဒီကောင်ကလည်း ငတိုက်နဲ့ နင်လား ငါလားပဲ …. လူကြည့်တော့တာ ဘာမှ မဟုတ်တာ ထိုင်နေတဲ့ စတိုင်ကို က ထောင့်မကျိုးတဲ့ စတိုင် ……. နေတော့ နွားခြေရာခွက်၊ […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++    အချိန်ကား .. တောဓလေ့ အဆိုအရ “စာဥတို့ ရေခပ်ဆင်းချိန်” ပေါ့ ……..။ ဝင်လုဆဲ နေမင်းရဲ့ အရောင်ဟက်ခံရလို့ တိမ်တိုက်တွေလည်း တောက်ပနေချိန် …..။ ရွာရဲ့ ပျိုဖြူမေ တွေကလည်း ရေအိုးတွေ ကိုယ်စီရွတ်လို့ …. ရွာရဲ့ အနောက်တံခါးကနေ ထွက်ပြီး သောက်ရေကန်ဆီကို အတင်းတုပ်ရင်း ချီတက်နေကြတယ် …။ သောက်ရေကန် သွားရာလမ်းနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ အမိုးသာ ရှိပြီး အကာ မရှိတဲ့ တဲကလေး တစ်လုံး ….။ ဒီတဲ နာမည်ကို မသိတဲ့လူက […]


mamanoyarJanuary 9, 20131min1335
တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားမျက်နှာမွဲမိသားစု သုံးယောက်ရှိလေသည်။ ဆင်းရဲသည်ဆိုရာဝယ် အလွန်အမင်းဆင်းရဲခြင်းတော့ မဟုတ်ပါ။ မိခင်ဖြစ်သူမုဆိုးမနှင့်သမီးဖြစ်သူမှာလဲ အခြေအနေအရ ရွာထဲမှ “အတတ” နိုင်လွန်းသူ မောင်လွဲပိုနှင့် အိမ်ထောင်ဖက်ဖြစ်ခဲ့သည်။ မောင်လွဲပိုမှာ နာမည်နှင့်လိုက်အောင်လွဲနိုင်လွန်းသူဖြစ်သည်။ တစ်နေ့ ဇနီးသည် ကိုယ်ဝန်ဆောင်ပြီး မွေးခါနီး ဗိုက်နာလာလေသည်။ ထိုအခါ မိခင်ဖြစ်သူမှာ အရပ်လက်သည်နှင့် ခေါ်မွေးသော်လည်း အခြေအနေမကောင်းသဖြင့် သမက်ဖြစ်သူအား တစ်ဖက်ရွာမှ သားဖွားဆရာမအား အမြန်သွားပင့်ရန် ခိုင်းလိုက်လေသည်။ ဆိုင်ကယ်၊ စက်ဘီးမရှိသော မောင်လွဲပိုတစ်ယောက် တစ်ဖက်ရွာအား ခြေလျှင်ပြေးရတော့သည်။ ဒီလိုနှင့် မောင်လွဲပို တစ်ဖက်ရွာမှ သားဖွားဆရာမ ဆေးခန်းရောက်ချိန်တွင် ဆရာမအားမတွေ့ရသဖြင့် တစ်ဖက်အိမ်အားမေးကြည့်ရာ ဆရာမခတ္တမြို့ပြန်သွားကြောင်းသိရလေသည်။   မောင်လွဲပိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ပူပန်စိတ်တို့များကာ ရွာအပြင်ဘက်အပြန်လမ်းမကြီးသို့ထွက်လာခဲ့သည်။ ထိုအခါ တစ်ဘက်မှ လမ်းမကြီးအတိုင်း အဝေးကြီးမှ တစ်ဖြည်းဖြည်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ […]


koaungDecember 26, 20121min24829
မောင်ကိုကဂျပန်ကိုစရောက်လာချိန်မှာဘဲ ဂျပန်သူဌေးကြီးကစပွန်စာပေးပြီး ခေါ်ထားတဲ့အခြား မြန်မာတယောက်ကို  မောင်ကိုတွေ့လိုက်ရပါတယ် သူ့နာမည်ကကိုမျိုးတဲ့ အသက်က၃ဝကျော်မောင်ကိုထက် ရနှစ်ကြီးသလို သူကအိမ်ထောင်သည်ပေါ့  မောင်ကိုကနိုင်ငံခြားဘာသာစကားကို  လေ့လာခဲ့ပေမဲ့ဂျပန်ဘာသာမှာ  အားမရခဲ့ပါဘူး  ကိုမျိုးကတော့ဂျပန်ဘာသာကို အင်တာနေရှင်နယ် ဖောရင်းလမ်းဂွစ်   ဆိုတဲ့ကျောင်းဆင်းကြီး ပေါ့ဗျာ  ဂျပန်ကိုရောက်ကာစပေမဲ့ မြန်မာပြည်မှာတော်တော်လေးလေ့လာထားလို့  ဂျပန်စကားကိုရော စာကိုပါ တော်တော်လေး ကျွမ်းကျင်ပါတယ်  မောင်ကိုမေးသမျှကိုလည်း  အလျှင်းသင့်သလို ကိုမျိုးက ဘာသာပြန်ပေးတတ်ပါတယ် ဂျပန်ရောက်ပြီးသူဌေးက  သူ့ရဲ့စက်ရုံဝန်းထဲမှာနေစေပြီး ထမင်းစားရင်လည်းအတူစားလေ့ရှိပါတယ်  ရောက်ကာစဆိုတော့  မောင်ကိုလည်းကိုမျိုးကိုဆရာတင်ပြီး ကိုမျိုးခိုင်းသမျှကို လုဎ်ပေးခဲ့ပါတယ်  သူဌေးရဲ့ဇနီးက ဈေးဝယ် ချက်ပြုတ်ပြီး ကိုမျိုးနဲ့မောင်ကိုက  ထမင်းစားပွဲအဆင်သင့်ဖြစ်အောင်ဝိုင်းဝန်း ပြင်ဆင်ပေးရပါတယ်  ဒါနဲ့ တနေ့မှာ ကိုမျိုးကထမင်းစားဖို့  ဘီရိုထဲကထမင်းစားပန်းကံ တွေကိုထုက်နေတုံး  ဂွမ်းးးးးးးးးး ဆိုတဲ့ အသံနဲ့ ဘီရိုမှာတတ်ထားတဲ့မှန်ချပ် ကျကွဲသွားပါတယ်   အဲဒီအသံကိုကြားတဲ့ သူဌေးကတော် ဟာမီးဖိုချောင် ထဲ ဝင်လာပြီး  […]


အဇဋာJune 26, 20121min27312
သတင်းလောကနဲ့ နည်းနည်းအလှမ်းဝေးတဲ့ သူတွေက သတင်းထောက်တွေကို မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ဘယ်လိုသိတာလဲ တဲ့။ ကိစ္စတော်တော်များများကို တကယ်လုပ်တဲ့သူတွေ၊ ခံရတဲ့သူတွေထက် သတင်းထောက်တွေက ပိုပြီးစောစောရောက်တတ်ကြတယ်၊ စောစောသိတတ်ကြတယ် တဲ့။ ဘယ်လိုလုပ်ပြီး အဲဒီလိုသိတာလဲ လို့မေးပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။ ကျွန်တော့်ကို အဲဒီလိုလာမေးတိုင်း ကျွန်တော်ဖြေလိုက်ရင် ကိုးယိုးကားယားတွေချည်းပါပဲ။ ဒါပေမယ့် ကျွန်တော်နားလည်သလိုတော့ ပြန်ပြောပြလေ့ရှိပါတယ်။ ကျွန်တော်တို့ သတင်းထောက်တွေ ပွဲတစ်ပွဲ၊ ဒါမှ မဟုတ် လူသတ်မှုတစ်ခု၊ ဒါမှမဟုတ် ဆန္ဒပြမှုတစ်ခု ကို သတင်းယူဖို့ဆိုရင် သတင်းထောက်တော်တော်များများဟာ သိကြပြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒပြမယ်၊ ဒါမှမဟုတ် ပွဲလုပ်မယ်ဆိုရင် နိုင်ငံရေးသမားတွေ၊ ကုမ္ပဏီတွေကနေ ကျွန်တော်တို့ကို ဖိတ်ပါတယ်။ လူသတ်မှုဆိုရင်လည်း သတင်းထောက်တော့ထားပါ။ သာမန်လူတွေတောင် သိနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရောက်သွားပြီဆိုပါစို့။ […]


may flowersMay 26, 20121min19713
ကျွန်မအသိတစ်ယောက်ပြောပြတဲ့ အကြောင်းလေးကိုပြန်လည်ဖောက်သည်ချပြတာပါ။   ဒီလိုပါ  အဲဒီကျွန်မရဲ့အသိဟာသရက်ဇာတိသားပါ။ သရက်မှာ ဘုရားစေတီတွေတော် တော်များပါတယ်တဲ့။ အဲဒီဘုရားစေတီတော်တွေထဲက သတ္တဌာနဘုရားပွဲဆိုတာ သုံးနှစ် မှာတစ်ကြိမ်ကျင်းပတဲ့ ဘုရားပွဲတော်ကြီးဖြစ်ပြီးတော်တော်ကြီးကို စည်ကားဆိုပဲ။ အနယ်နယ်အရပ်ရပ်က ဈေးရောင်းသူတွေ၊ ရွာနီးချုပ်စပ်က ရွာသူရွာသားတွေနဲ့ ဘုရား ပွဲအချိန်ဆို ကြက်ပျံမကျလောက်အောင်စည်ကားပါတယ်တဲ့။ အဲဒီဘုရားပွဲဆိုရင် မျက်လှည့်ပွဲတွေ၊ ဆပ်ကပ်ပွဲတွေကလည်း ရုံသေးသေးလေးတွေ ဆောက်ပြီး ဘုရားပွဲကဇာတ်ရုံတွေနဲ့အပြိုင်  အခကျေးငွေနဲ့ ပြသကြပါသေးတယ်။ ဒီအဖြစ်လေးဟာ ကျွန်မရဲ့အသိဟာ ၅ တန်းကျောင်းသားအရွယ်ခန့်သာရှိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်၂ဝ ကျော် ၃ဝ နီးပါးလောက်ကဆိုပါတော့။ အဲဒီနေ့က သူဟာဘုရားပွဲရှိတာ ကြောင့်  ကျောင်းမှာကတည်းကသူ့သူငယ်ချင်းတွေနဲ့ ဘုရားပွဲကိုသွားဖို့အဖော်စပ်ပြီး ချိန်းထားကြတာပါတဲ့ ။ ဒီလိုနဲ့ကျောင်းကပြန်လာပြီး ရေမိုးမြန်မြန်ချိုးလို့ ညနေစာကိုစော စောစားကာ ညနဲနဲအမှောင်သမ်းလာတဲ့ အချိန်မှာသူ့သူငယ်ချင်းတစ်သိုက်နဲ့တူတူဘု ရားပွဲရှိရာဘက်ဆီကို သွားခဲ့ကြပါတယ်။ သူတို့နေတဲ့ အိမ်ကလည်းထိုဘုရားပွဲနဲ့ […]


“ဟုတ်သားပဲ” ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။ အမေ။ ။ သားရေ…ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။ သား ။ ။ ပထဝီသင်တဲ့ ဆရာမပါ…အမေ။ “ငါး အမြန်ကြော်နည်း” ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူးခြားခြား ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။ ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကိုချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။ “စကား မဆုံးသေးဘူး” မနီ၏ အိမ်ရှေ့သို့ ရဲတစ်ယောက် ရောက်လာခဲ့၏။ ထိုရဲက မနီအားမြင်သောအခါ ဝမ်းနည်းသော လေသံဖြင့် ရဲ။ ။ […]


Charm BoyMarch 20, 20121min1239
‎(၁) “ရဲဘော်တို့ အားလုံးသတိ” ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ် “လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်” “ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ” (၂) မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစာ္ဆန်ဆရာဝန်ကို ပင့်လာတယ်။ ဆရာဝန် “ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ” ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။ “ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်” (၃) ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်လေလည်တယ်။ ဒါကို လှလှပပပြင်ထားတဲ့ မိန်းကလေးတစ်ယောက်က အနံ့ဆိုးရလို့ တံတွေးတပျစ်ပျစ်ထွေးတယ်။ ဒါကို ဘေးမှာရပ်နေတဲ့လူကမြင်တော့ ပြောလိုက်တယ်။ “အီးအီးစားပြီး အခွံထွေးထုတ်နေတာလား?” (၄) တစ်နေ့မှာ “ဝ”နဲ့ “8” လမ်းမှာဆုံကြတယ်။ “8” ကိုတွေ့တော့ “ဝ”ကပြောလိုက်တယ်။ “ဟင်း…….ဝတယ်ဆိုလဲ […]


မှန်လွန်းတဲ့     အဖြေ ဆရာမသည် အတန်းသားများကိုပြော၏ ။ “ ကောင်းပြီ တပည့်တို့  ဒီနေ့(အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဆိုတဲ့ ) ကာလတွေ အကြောင်းကို သင်ခဲ့ကြတယ် ။ ဥပမာ ဆိုရင်ကွယ်ဆရာမဟာ လှပတယ် ဆိုတဲ့ ဝါကျ ဟာ  ဘယ်ကာလ ကိုညွန်းဆိုသလဲ တပည့်တို့ ” ကျောင်းသား တစ်ယောက်က လက်ထောင်ပြီး ပြောလိုက်သည် “ အသိသာကြီးပါ ဆရာမ ၊ အတိတ် ကာလကို ညွန်းဆိုပါတယ် ” A teacher says ” OK , classs . Today we’re going to betalking about […]


စနေနေ့ ဒီနေ့ ကျွန်တော်တို့ အိမ်နားမှာ တရားပွဲ ကျင်းပတယ်။ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း တရားပွဲ သွားနာဖြစ်တာပေါ့။ အမယ်… ကျွန်တော့်ဘေးမှာလည်း ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ မမြလည်း လူကြီးလူကောင်းဟန်နဲ့ တရားနာလို့ပါလား။ အင်းလေ… အရူး တရားမနာရဘူးလို့ ဘယ်ဥပဒေမှာမှ မရှိတာ။ သူလည်း နာစရာရှိတာ နာမှာပေါ့။ တရားနာလို့ ပိုရူးသွားတဲ့ အရူးမမှ မရှိသေးတာ။ တရားနာလို့ ရဟန္တာထေရီမ ဖြစ်သွားတာတော့ ကြားဖူးတယ်။ သူလည်း တရားပွဲကြောင့် အသိတရား မရနိုင်ဘူးလို့ မဆိုနိုင်ဘူး။ အဲ…သူ့အကြောင်း လျှောက်တွေးနေတာနဲ့ ဘုန်းကြီဟောတာ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး။ ဘုန်းကြီးကတော့ ရုပ်နာမ်အကြောင်း ရှင်းနေတာပဲ။ သေချာနားထောင်အုံးမှ။ ပွဲစဉ်ကတော့ ဘုန်းကြီးက မေးလိုက် ပရိသတ်က ဖြေလိုက်နဲ့ ပွဲစည်နေပါလား။ ဘုန်းကြီးက တရားဟောနေရင်းနဲ့ […]