SoeLinJuly 8, 20101min1323
ဆောင်းပါးရှင် – မောင်ရဲဘော် ( ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး ) နောက်ဆုံး အနမ်းဆိုသည်မှာ ခွဲခါနီးတွင် ပေးသော မြတ်နိုးမှု သင်္ကေတ ဖြစ်သည်။ ချစ်ခင်သူ တစ်ဦးက အခြားသော ချစ်မြတ်နိုးရသူ တစ်ဦးကို အမြဲအမှတ်တရ ရှိနေမည့် အကြောင်း ၊ ခွဲခွါပြီး၍ ပြန်ဆုံတွေ့ ကြသည့်တိုင် မြတ်နိုး ချစ်ခင်မှု ပျက်ပြယ်မည် မဟုတ်ကြောင်း သိစေခြင်းငှာ အနမ်းလေးတွေ ပေးကြသည်။ ကျနော်သည်နေ့ ကျနော်ချစ်သော သားလေးကို နှုတ်ဆက် အနမ်းတစ်ပွင့် ပေးထားရအုံးမည်။ ဘာပြစ်မှု ကျူးလွန်မှန်း ကိုယ့်ကိုယ်ကိုပင် မသိလိုက်ရဘဲ လူမသိ သူမသိ အဖမ်းအဆီးခံနေရသော သတင်းများ မကြာခဏ ကြားနေရသောကြောင့် ကျနော်သည်လည်း မနက်ဖြန် အတွက် မရေရာနိုင်ပါ။ […]