etoneJuly 22, 20101min1094
အလုပ်သမလေးရဲ့ဒိုင်ယာရီ…… နံနက် ၅းဝဝ နာရီ မနက်မိုးသောက် အလင်းမရောက် အိပ်ချင်သော်ငြား နိုးထပါတကား။ ညခါညဥ့်နက် အတင်းဖက်၍အိပ်ချင်သော်ငြား အိပ်စက်ခွင့်မှာနည်းလှပါတကား။ နိုးထသော်ညား လျှပ်စစ်မီးအား တောင့်တမိပြန်ပါတကား၊ မီးမလာပါမူ ဝေလီဝေလင်း မေ့ခြင်းကင်းမိအပြစ်ရှိသဖြင့် ပိုက်ဆံကိုဆွဲ မီးသွေးဝယ်ရန်ထွက်ရပြန်ပါလား၊ ဆုခါခါတောင်း ပဲပြုတ်တောင်းနှင့်ကောက်ညှင်းပေါင်းသည် မှီရန်ကိုလည်း ပူမိပြန်ပါတစ်ကာား၊ သယ်ဆောင်သွားစရာ ထမင်းလောက်သာအားထားကာ နှင့်ဟင်းကိုမည်ကား မစဉ်းစားကြုံရာလွေးရပြန်တော့မှာပါလား။ အော်ပဲပြုတ်သည်မှီလို ့တော်ပါသေးရဲ ့……… သမုဒ္ဒရာ ဝမ်းတစ်ထွာမို ့တော်ပေသည်တစ်အား။ ဝမ်းနှစ်ထွာမူ မည်သို ့မည်ပုံပြုမူရမည့်ပုံကို တွေးမိရုံနှင့် နှလုံးခြောက်ခြား ထွက်သက်ရှူမှား စိုးရိမ်မိပါတကား။ နံနက် ၆းဝဝ နာရီ ဟိုလူသုတ်သုတ် ဒီလူအဟုတ်သူ ့ဆန်ကုတ်နှင့်တွဲခုတ်နေတာ သိသာပါလည်းပြုံး၍တမုံ ့ကြည်နူးစရာ နံနက်ခင်းပါ။ ခြင်းတောင်းကိုဆွဲ ပိုက်ဆံပြဲနှင့်ကားခပေးစရာချန်ထားသည်ကို မမေ့မလျှော့သိမ်း၍ဆည်းကာ ထည့်ရရှာပါလား။ စုရပ်ကိုရောက်လူအပျောက် သတိပြုမိစပ်စုမိက […]