lu ta loneMay 21, 20101min1658
“မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား ပြောင်းကြည့်ကြပါလား” ဟု တကယ်ပင် […]