minnetkhaJune 24, 20101min863
ကျွှန်တော်တို ့လူသားတွေအားလုံးဟာ ခေတ်တစ်ခေတ်ကိုအမြဲဖြတ်သန်းနေကြရတာပါပဲ။ အဲလိုဖြတ်သန်းနေတဲ့လူတွေအားလုံးကပဲ ဒီခေတ်ရဲ့အခြေအနေ၊ကောင်းသည်ဆိုးသည်တို့ကိုသူ့နေရာနဲ့သူပုံဖော်ဖန်တီးနေကြတာမဟုတ်လား… စိတ်မကောင်းစရာက သမိုင်းတစ်လျောက်လုံးနာကျင်လာတဲ့ ဇတ်လမ်းတစ်ချို ့ကို အခုထိသယ်ဆောင်လာရတဲ့ ကမ္ဘာကြီးရဲ့ခြေလှမ်းတွေပါပဲ…. ခါးသီးစရာစ်ပွဲများ…အစာရေစာမလုံလောက်မူ…တွေကြားမှာအခုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေကလည်းဆိုးသထက်ဆိုးလို ့နေတယ်…ဒါတွေက ဘယ်သူ့ကြောင့်ဘယ်အကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ညျိးထိုးပြောဆိုနေတဲ့ အသံတွေကိုသာကြားနေရာတယ်.. ကောင်းမွန်တဲ့ဖြေရှင်းမူတွေဟာ စကားဝိုင်းပေါင်းမြောက်များစွာကိုစောင့်ဆိုင်းနေရတယ် သဘောတူညီမူများစွာကိုစောင့်ဆိုင်းနေရပါတယ်… ဒီကနေ့ကမ္ဘာ့သတင်းတွေကိုကြည့်ကြည့်ပါ… အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးပြသနာ၊ နယူကလီယားထိမ်းချုပ်ရေးပြသနာ၊အစွန်းရောက်စစ်သွေးကြွများအရေး နဲ့သဘာဝပတ်ဝန်ကျင်းပျက်စီးမူတွေအတွက် စိတ်သောကပူပန်မူဖြစ်နေကြရတာလဲ ကျွှန်တော်တို့လူသားတွေပဲမဟုတ်လား ၊ကိုယ့်ကိုယ်ကျိုးအတွက်သာကြည့်တက်သူများကတော့ဆိုးရိမ်ပူပန်မူနည်းရင်နည်း နေပါလိမ့်မယ်ဒါပေမယ့် ကမ္ဘာကြီးမှာဖြစ်ပေါ်လာသမျှအကြိုးဆက်တွေဟာ… ကမ္ဘာ့လူသားအားလုံးကိုသက်ရောက်မူ ရှိတယ်ဆိုတာလည်းကမ္ဘာကြီးက သက်သေပြနေပါတယ်။ အခုစဉ်းစားနေတာက ဒီအဖြစ်ပျက်ဆိုးတွေကိုပြောင်းလဲဖို ့နောက်ကျနေပြီလားဆိုတာပါပဲ….နောက်မကျပါဘူးလို့ပဲပြောပါရစေ ဒီအဖြစ်အပျက်တွေကျော်လွန်ဖို ့အတွက်တောင်းဆိုနေလို့မရဘူး၊ လိုချင်နေတယ်လို့ ဆန္ဒရှိနေယုံနဲ့တော့မဖြစ်နိုင်တော့ပါဘူး… ကျွှန်တော်တို့အားလုံးကိုယ်လိုချင်နေတဲ့အရာများအတွက် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အချိန်ကိုရောက်နေပါပြီ…