lu ta loneMay 26, 20101min954
ကျနော်တို့ ထောင်ကျခါစ၊ ထောင်တထောင် မှာပေါ့။ ထောင်ဘူးဝမှာ ရှိတဲ့၊ ထောင်ကျရုံးလို့ ခေါ်တဲ့ အကျဉ်းသား မှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ကြရပါတယ်။ အဲဒီရုံးဟာ တထောင် လုံးမှာရှိတဲ့ ထောင်ကျ အကျဉ်းသား တွေရဲ့ စာရင်းတွေ၊ လွတ်သွားတဲ့ လူတွေရဲ့ စာရင်းတွေ အားလုံးကို စာရင်း ပြုစုထားတဲ့ ထောင်ရဲ့ အရေးကြီးတဲ့ ရုံးတရုံးပေါ့။ အဲဒီမှာ ထောင်ကျရုံး တန်းစီး “မူဆာ” ဆိုတဲ့ ကုလား တယောက်ရှိတယ်။ သူ့ပုံစံကို ပြောရရင် အရပ်က ၅ ပေ သာသာ လောက်ပဲရှိမယ်။ အဖြူရောင် တက်ထရွန် ဝမ်းဆက်ကို ကော့နေအောင် ဝတ်ထားတယ်။ ရင်ဘတ်မှာ ဘောလ်ပင် အနီရောင်။ အပြာရောင်။ အနက်ရောင် ၃ ချောင်းကို ထိုးထားပြီး […]