ဆူးApril 1, 20111min1629
နေပြည်တော်မှာ နေတုန်း အသိမိတ်ဆွေများ ထမင်းဖိတ်ကျွေးတာနဲ့ ရေပြာဆိုတဲ့ ရွာမှာ ညနေစာ ထမင်းသွားစားခဲ့ပါတယ်။ အိမ်ရှင်တွေ ရဲ့ ပြူငှာတဲ့စေတနာနဲ့ အိမ်ကြီးကို သဘောကျလို့ မှတ်တမ်းတင်ခဲ့ပါတယ်။ အိမ်အောက်က စပါး တင်း ၂၀ဝ လောက် ဆန့်တယ် စပါးကျည် ရွာထဲက စေတီလေး ရွာဈေးတန်းလေး ရွာထဲက အိမ်တွေ… ရွာထိပ်ဘက်က ရာဇဌာနီ လမ်းမကြီးရဲ့ တဖက်တချက်မှာ ခပ်လှမ်းလှမ်းက မြင်ရတဲ့ လွမ်းတောင် စေတီ ယခင် နေပြည်တော် မတိုင်ခင်က ရွာသူကြီး လုပ်တဲ့ လူနေတဲ့ အိမ်.. ယခုတော့ သူကြီး အသစ်ပြောင်းသွားပြီ။


ဆူးApril 1, 20112min19725
ဝင်ကြေး ၁၀၀ဝ ကားခ ၁၀၀၀ ၂၀၀ဝ ပေးမှ ဝင်လို့ရပါတယ်။ အထဲက အကောင်လေးတွေကို မြင်တော့ မရိုက်ဘဲ မနေနိုင်လို့ ရိုက်ယူခဲ့တယ်။ ပုံလေးတွေကို ကြည့်လိုက်ပါအုန်း ထိုကဲ့သို့ ခြံဝန်းကြီး ခတ်ပြီးတော့ ကျား ခြင်္သေ့ တွေကို ထားပါတယ်။


ဆူးMarch 31, 20113min2238
အဝေးတစ်နေရာ ကနေဘုရားကြီးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဘုရားပေါ်ကနေ မြင်တွေ့ရတဲ့ ကားရပ်နားကွင်း အောင်မြေ နေရာ ဖြစ်ပါတယ်။ ဟိုးအဝေးက မြင်နေရတဲ့ လွမ်းတောင်က စေတီလေး ဖြစ်ပါတယ်။ ဖြူဖြူ အတန်းလေးက လွတ်တော် အဆောင်အုံ ဖြစ်ပါတယ်။ ကင်မရာ ဇွန်းရသလောက် ဆွဲရိုက်ပေမဲ့ သိပ်မမြင်ရဘူး ဖြစ်နေတယ်။ လမ်းမီးတွေ ထိန်ထိန်ငြီးနေတဲ့ လမ်းမကြီး တွေ နဲ့ အဆောက်အအုံတွေကို ရိုက်ယူထားတာ ဖြစ်ပါတယ်။ ဘုရား အတွင်း ပတ်လမ်း မှ ပုံအချို့… သူအိုသူနာ ရဟန်း မြင်ပြီး တောထွက်တော်မူခန်း တောထွက်တဲ့ အခန်း ဘုရားမဖြစ်ခင် ၆နှစ် ကျင့်စဉ် အခါ ဒုက္ခရ စရိယာ ကျင့်ခဲ့တာကို ပြတဲ့ အကွက် ဖြစ်ပါတယ်။ မာန်နတ် […]


ဆူးMarch 31, 20111min1126
ရေပန်းဥယျာဉ်ထဲ မှာ ကင်မရာ တလုံးကို အခွန် ၂၀၀ဝ တောင်းလို့ မပေးချင်လို့ ဘာမှ မရိုက်ဘဲ နေခဲ့တာ.. အတွင်းက ရေပန်းတွေကတော့ သိပ်တော့ ထူးဆန်းလှတယ် မဟုတ်ပေမဲ့.. လှေကြီးကိုတော့ အမှတ်တရ ရိုက်ယူခဲ့တယ်။ သတင်းအနေနဲ့တော့ သိပြီးသား ဖြစ်မှာပါ။ အခုမှ တွေ့လို့ ရိုက်လာတာ.. အားပေးကြအုန်းပေါ့။ သင်္ကန်းနက် လှေသမိုင်း သင်္ကန်းနက် လှေတော်ကို နေပြည်တော် လွတ်တော် အဆောက်အအုံ အနီး ငလိုက်ချောင်းနှင့် ချောင်းမကြီး ဆုံရာ နေရာတွင် ဘီစီ ၂၀၀ရ မတ်လ ၂ရက်တွေ့တွင် တွေ့ရှိခဲ့သည်။ အလျား ၄၃ပေ အနံ ၂ပေ၆လက်မ လုံးပတ် ၁ဝပေ ရှိသော သင်္ကန်းနက် တစ်ပင်တည်းကိုသာ ထွင်းလုပ်ထားသော ရှေးဟောင်းလှေတော်ကြီး ဖြစ်ပါသည်။ […]


ဆူးMarch 29, 20111min1859
နေပြည်တော် ပုဗ္ဗသိရိမြို့ ရာဇာဌာနီ လမ်းမကြီး လက်လုပ်တောင် တောရ တွင်ရှိသော နန်းသွင်းစေတီတော် မြတ်ကြီး၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ ရှေးလွန်လေပြီးသော ကာလက မဏိပူရပြည့်ကြီးရှင် ဘုရင်ကြီး၏ တောင်နန်းစံ မိဖုရားကြီးမှ သားတော် သုံးပါး ထွန်းကားခဲ့၏။ ညီတော် နောင်တော် နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်း အစ လက်လုပ်တောင် ဒေသသို့ ရောက်ခဲ့ကြ၏။ အကိုက လွမ်းတောင် တွင်နေ၏ ညီက လက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံးက အဘိဓမ္မရာဇာ က မင်းပြုလေသည်။ လက်လုပ်တောင်ဟုသည် ယင်းတောင်၏ မြောက်ဘက် တမိုက်ခွဲခန့်က မြေများကို သယ်ဆောင်၍ ညတွင်းပြီးတောင်ဖို့ ယူခဲ့ကြ၏။ ညီတော် နောင်တော်တို့၏ သိဒ္ဓိ မဟိဒ္ဓိ အစွမ်းများလည်း ပါ၏။ လက်ခုပ်များဖြင့် သယ်ယူ၍ ယူသောကြောင့် […]