littlekaungJuly 30, 20101min831
၁.အောင်မြင်သော ယောကျင်္ားဆိုသည်မှာ ကိုယ့်မိန်းမသုံးသည်ထက် ပိုရှာနိုင်သောသူဖြစ်သည်။အောင်မြင်သော မိန်းမဆိုသည်မှာ ထိုသို့သော ယောကျင်္ားမျိုးကို ရှာနိုင်သောသူဖြစ်သည်။ ၂.ယောကျင်္ားများသည် အိပ်ရာထလာလျှင် အိပ်ရာဝင်ခဲ့သော အချိန်ကဲ့သို့ပင် ကြည့်ကောင်းနေမြဲဖြစ်သည်။မိန်းမများကား ညအချိန်တွင် တစ်နည်းတစ်ဖုံ ယိုယွင်းတတ်စမြဲပင် ဖြစ်သည်။ ၃.ယောကျင်္ားတစ်ယောက်သည် ၁ကျပ်တန် ပစ္စည်းကိုကြိုက်လျင် ၂ကျပ်ဆိုလျှင်လည်း ပေးဝယ်သည်။မိန်းမတစ်ယောက်သည် ၂ကျပ်တန်ပစ္စည်းကို မနှစ်သက်လျှင် ၁ကျပ်ပေးဝယ်သည်။ ၄.မိန်းမသည် ယောကျင်္ားကို သူ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် လက်ထပ်သည်။သို့သော် သူ မပြောင်းလဲပါ။ယောကျင်္ားသည် သူမ မပြောင်းလဲဟုမှတ်ကာ လက်ထပ်သည်။သို့ရာတွင် သူမပြောင်းလဲသွားသည်။ ၅.ဘဝတွင် ယောကျင်္ား က မိန်းမကို နားလည်ပေးနိုင်သော အချိန်နှစ်ခုပဲ ရှိတယ်။လက်မထပ်မီနဲ့လက်ထပ်ပြီးအချိန်။ ၆.မိန်းမသည် လက်မထပ်မီ အချိန်ထိ သူမရဲ့အနာဂါတ်ကို စိုးရိမ်ပူပန်မိသည်။ယောကျင်္ားများသည် မိန်းမမယူခင်အချိန်ထိ သူရဲ့အနာဂါတ်ကို စိုးရိမ်ပူပန်စရာ မလိုပါ။ ရ.ယောကျင်္ားတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် […]