lu ta loneJune 29, 20101min1093
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို ဒီအချက်ကလေးတွေကြည့်ပြီးသိနိုင်ပါတယ် ၁။ ဘယ်လောက်ပဲအိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှာ သူ့အကြောင်းကိုစဉ်းစားမိတယ်ဆိုရင် သေချာပါတယ်… သူ့ကိုချစ်မိသွားလို့ပါပဲ။ ၂။ အားနေတဲ့အချိန်လေးတွေမှာ တောင် သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာတယ်ဆိုရင် လည်းသေချာပါတယ်…. သူ့ကိုချစ်မိသွားလို့ပါပဲ။ ၃။ သူနဲ့ပါတ်သတ်သမျှ အကြောင်းအရာ လေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက် အလေးထားပေးတယ်ဆိုရင်လဲ သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၄။ ဘယ်လောက်ပဲအလုပ် ရှုပ်ရှုပ် ဖုန်းကိုဖွင့်ထားပြီး သူပို့လာမယ့် message သို့မဟုတ် သူဆက်လာမယ့် ဖုန်းသံလေးကို စောင့်မျှော်နေမိတယ်ဆိုရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၅။ သူနဲ့ နှစ်ယောက်တည်း စကားပြောရတာကြိုက်တယ်ဆိုရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၆။ အတူတူရှိတဲ့အချိန် (ဥပမာ။ ။ bus carပေါ်မှာပဲဖြစ်ဖြစ် ၊ canteenထဲမှာပဲဖြစ်ဖြစ် ) သူ့ကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေ မယ့် မြင်ကွင်းထဲက သူပျောက်သွားရင်အပူတပြင်းလိုက်ရှာနေရတာ ပဲဖြစ်ဖြစ်၊ […]