True FaithJuly 28, 20101min712
ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာပြည်က စာပေကင်ပေတိုင်လို့ နာမည်ပြောင်နဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ အဲဒီကြေငြာချက်မှာ ဘာတွေပါသလဲဆိုတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်”လို့ ရေးထားပါတယ်။ နောက်ပြီးတော့ ”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” လို့ ပါရှိပါသေးတယ်။ အဲဒါတော့ သူတို့ပြောမှလားဗျာ။ အယ်ဒီတာဆိုတာ တည်းဖြတ်ဖို့က သူ့အလုပ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ဒီလိုထည့်ရေးတာက […]