moethidasoeDecember 16, 20111min960
HIV/AIDS ဗဟုသုတပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ တင်ပေးချင်လို့ ပါ knowledge fair မနက်ဖန်နေ့လည်မှာတော့ ဖျော်ဖြေရေး အစီအစဉ်မှာ လူငယ်များ ကိုယ်တိုင် ဦးစီး တင်ဆက်မယ့် အငြိမ့်၊ တေးဂီတ ဖျော်ဖြေရေး၊ မျက်လှည့် တို့ ပါ ပါမယ် အားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


moethidasoeDecember 13, 20111min1469
HIV ဆိုတာ ရောဂါပိုး နာမည် ပါ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် ပိုး တစ်မျိုးဖြစ်ပါတယ် AIDS ဆိုတာက HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ် (စာသံပေသံနဲ့ ဆိုရင် ရောဂါလက္ခဏာစု လို့ ခေါ်ပါတယ်) သမိုင်း အစကို ပြန်မရှာပါနဲ့တော့ (ပုဂံသမိုင်းလို ဖြစ်နေမှာပါ) နာမည် အလိုအရ လူမှာပဲ ကူးစက်ပါတယ် Human Immunodeficiency Virus လို့ ခေါ်တာကိုး လူရဲ့ ဘယ်နေရာတွေက တဆင့် ကူးသလဲ ဆိုတော့ လိင်အင်္ဂါ အရည်၊ သွေး၊ မိခင်နို့ရည်က တဆင့် ကူးပါတယ် နည်းလမ်း ပြောရရင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ ပိုးပါတဲ့ သွေးသွင်းတာ၊ မသန့်ရှင်းပြီး […]


Zaw WonnaDecember 20, 20101min1379
သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ BE ဘွဲ့ရထားသူပါ။ တစ်နေ့တော့ သူနဲ့ကျနော် နိုင်ငံခြားထွက်ဖို့ အတူစီစဉ်ကြပြီး ဆေးသွားစစ်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းက ဆေးစစ်ပြီး တစ်လကျော်လောက် ကြာတဲ့အထိ ပေါ်မလာတာနဲ့ နယ်က သူ့မိဘအိမ်ကို စုံစမ်းကြည့်တော့ အိမ်ကထွက်သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားထွက်ဖို့ လိုအပ်တဲ့ ငွေတွေကိုလည်း ယူသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျနော့်ဆီကိုလည်း ရောက်မလာ၊ ဘယ်မှာမှလည်း ရှာလို့မရတာကြောင့် အတူဆေးစစ်ခဲ့ကြတဲ့ ဆေးခန်းကို သွားစုံစမ်းကြည့်တော့ သူ့မှာ HIV ဖြစ်နေတာ သိရပါတယ်။ ဒါနဲ့ စိတ်ပူပြီး သူနဲ့ ပတ်သက်သမျှ လူတွေကို စုံစမ်းရင်းနဲ့ နောက်ဆုံး သူ့ကောင်မလေးအိမ် ရောက်တော့မှ အထက်မြန်မာပြည်ဘက်ကို ခိုးပြေးသွားကြောင်း သိရပါတယ်။ ဒီလိုနဲ့ နောက်ခြောက်လလောက်ကြာတော့ အဲဒီမှာပဲ နမိုးနီးယားရောဂါနဲ့ ဆုံးသွားတယ်လို့ သတင်းကြားရပါတယ်။ အဲဒါနဲ့ […]


Zaw WonnaJuly 26, 20101min960
လိင်မှတဆင့် ကူးစက်သော ရောဂါများတွင် ကာလသားရောဂါများနှင့် အေအိုင်ဒီအက်စ်ရောဂါတို့ ပါဝင်ပါသည်။ ထိုအထဲမှ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံမှ လူငယ်အများစုကို အကြီးမားဆုံး  ခြိမ်းခြောက်နေသော ရောဂါမှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ ယခုအချိန်အထိ လုံးဝသက်သာ ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်ကို ခေတ်ပညာတတ် များသာမက ဗဟုသုတ အတန်အသင့် ရှိသူတိုင်း သိပြီးဖြစ်ပါသည်။ မည်သို့ ကာကွယ်ရမည်ကိုလည်း သိကြသည်သာ ဖြစ်၏။ သို့သော် ရောဂါဖြစ်ပွားသူများတွင် ခေတ်ပညာတတ် လူငယ်များလည်း ပါဝင်နေသည်ကို  တွေ့ရှိနေရသောကြောင့် ဤစာကို ရေးမိခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင်မူ AIDS ရောဂါ ဖြစ်ပွားရသည့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း စသော အခြား အကြောင်းရင်းများ […]