DaveJanuary 3, 20101min1385
တပ်လှန့်စကား ခေတ်တွေစနစ်တွေသာ ပြောင်းသွားကြပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ တက်လာတယ်ရယ်လို့ မတွေ့ရပါဘူး။ပိုပိုပြီးတော့ပဲ ဆုတ်ယုတ်လာနေပါတယ်။ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယုတ်ညံ့နေတယ်။တိုင်းပြည်ရဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး ဘာမှတိုးတက်လာတာမရှိပါဘူး။တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ်။ဘာဖြစ်လာသလဲ။အပေါ်ယံငွေမှုန်ကြဲတာတွေနဲ့ပဲ ပြီးဆုံးသွားတာဟာ စေ့စေ့ တွေးကြည့်မယ်ဆိုရင် တိုင်းပြည်ရော လူမျိုးပါ နစ်နာပါတယ်။ ဒီတိုင်းပြည်ကြီးမှာ လူထုအကျိုး၊တိုင်းပြည်အကျိုးဆောင်ရွက်ဖို့ တစ်နှစ်အတွက် ဘတ်ဂျက်ဘယ်လောက်ရှိလို့ ဘယ်လောက်သုံးခဲ့တယ်ဆိုတာလည်း မသိရဘူး။စီးပွားရေး ဘယ်လောက်ဖွံ့ဖြိုးပြီး တိုင်းသူပြည်သားတွေရဲ့ တစ်ဦးချင်းဝင်ငွေ ဘယ်လောက်ရှိကြတယ်ဆိုတာလည်း ဘာမှန်းမသိရဘူး။လူမှုရေးအကျိုးခံစားခွင့်တွေဆိုလို့လည်း မူးလို့တောင်မှ ရှူစရာရှိကြရဲ့ လား။နိုင်ငံဖွံ့ဖြိုးမှု ကရော ဘယ်လိုရှိနေသလဲ။သေချာတွေးကြည့်ရင် မြန်မာနိုင်ငံဟာ ကျိန်စာသင့်နေတဲ့ နိုင်ငံလို့တောင် ဆိုရ မလိုပါပဲ။ဖရိုဖရဲဖြစ်နေတာကြာခဲ့ပါပြီ။ ညစ်ကျယ်ကျယ်လုပ်တဲ့လူတွေကတစ်ဖက် ပေကပ်ကပ်သမားတွေကတစ်ဖုံ ဒီလိုပဲဆက်သွားကြမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “ဖာသည်လိုနိုင်ငံ´´ဘဝကနေ ဖာထက်ကြီးတဲ့ ပုတ်နိုင်ငံဖြစ်ဖို့ရာပဲရှိပါလိမ့်မယ်။တိုင်းပြည်ကိုဦးဆောင်ချင်တယ်၊ခေတ်မီဖွံ့ဖြိုးအောင် လုပ်ချင်တယ်၊ပြုပြင် ပြောင်းလဲရေးလုပ်ချင်တယ်လို့ ပြောတဲ့လူတွေ တင်းမာနေလို့ လုံးဝမရတော့ပါဘူး။တိုင်းပြည်နဲ့ လူမျိုးဟာ နွံ […]