kaiFebruary 22, 20101min1695
ဒီနေ့ (Discovery TV Channel )တီဗီက ကင်းတပ် (King Tut)အကြောင်းကြည့်နေမိတာပါ။ အဲဒီမှာမိဖုရားပုံတချို့ကို အီဂျစ်ခေတ် အဝတ်အစားတွေနဲ့ သရုပ်သဏ္ဍန်လုပ်ပြ သရုပ်ဆောင်တာလည်းပါပါတယ် ကြည့်ရင်းနဲ့ မျက်ခုံးမျက်လုံးကောင်းတဲ့ ဗမာမလေးတွေနဲ့ အဲဒီအီဂျစ်တွေက တူသားပဲ စဥ်းစားမိနေတုံး ( King Tut)ရဲ ့( Family Tree)ဆွဲပြရောဆိုပါစို့။ နည်းနည်း အံ့ဩသွားမိပါတယ်။ အဖိုးအဖွားတွေက ယုယ(Yuya)နဲ့ သူရ (Thuya)ဆိုပဲ။ အောက်ကလင့်မှာကြည့်ပါ။ http://heritage-key.com/site/kv46-tomb-yuya-and-thuya အံ့ဖွယ်သုတပါပဲနော။(King Tut)ရဲ့ အမေကို ဒီအန်အေကတဆင့် မံမီတွေထဲက တိတိကျကျရှာဖွေတွေ့ရှိကြောင်းလေးလည်း ပါပါတယ်။ ဒီခေတ်ဒီအခါမှာ ဒီအန်အေကတဆင့် မျိုးရိုးဗီဇကို လိုက်လို ့ရသလို။ ပစ္စည်းအသုံးအဆောင်တွေ။ ရုပ်ကြွင်းတွေကနေ ဘာရောဂါနဲ့ကွယ်လွန်တယ်။ ဘာဖြစ်သွားတယ်လည်း သိရှိနို်င်ကြပါပြီ။ အဲဒီလိုဆိုတော့ ဒီကိစ္စတွေဖြစ်တာ နှစ်သိပ်မကြာဖူးလား ထင်မိလောက်မှာပါ။ အဲဒီ(King […]