ko sixFebruary 17, 20181min2083
။။။။။။။။။။။။ ပန်းတစ်ပွင့် ဖူးပွင့်လို့အားကုန် ပျိုးထောင်သူ ရင်မှာအေးအောင် ပွင့်ဖတ်တို့စုံ။ ကြည့်လှည့်ကြကုန် ရိုးတံက အသာစိမ်းနဲ့ ဒီခြံဝယ် အရင်ပွင့်တယ် ပျားပိတုန်းတို့ပြုံ။ ရနံ့ကမွှေးထုံ ပျော်လိုက်ပ ဤလူ့ဘုံလယ် ကြည့်မဝ ဖြစ်ရပုံ ပန်ချင်သူ သူအရွေးမှာ ခြွေပေးဖို့ ခြေလက်တုန်။ နှမြောလို့မကုန် ရောင်းဖို့ရန်အဖြေထက် ပင်ယံမှာ အမြင်တင့်ချေတော့ ဒီဘဝင် ကြည်ရွှင်အေးအောင် ငြင်းပယ်လိုက်ရုံ ။ ။ ကိုစစ်


KyaemonJune 28, 20136min1988
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ——————     စံပယ်ပန်း   ( “…နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့… ” နဲ့အညီ မန်းရှုခင်းတွေ၊စံပယ်ပန်းတွေ တင်ဆက်ထားတာပါ။)   =================     ခံပွင့်Carissa Carandas Linn တွေအတွက်နောက်ဆက်တွဲပုံ   (ဒေါ်Padonmar ရဲ့ကွန်မန့်ကိုရည်ညွှန်းပြီးတင်တာ)    


ေလ ဒီOctober 5, 20121min2915
တစ်သက်မဝေးအောင်လို ့ သူနဲ ့အတူဘုရားတက် ရွှေသက္ကန်းလည်း ကပ်ခဲ့ဖူးသည်။ တစ်ဘဝစာအတွက်သာမဟုတ် တကယ်လုပ်မယ့် နိဗာန်ရွယ် ဆန္ဒကိုအရင်းတည် အတွင်းအသိစိတ်ရဲ ့မေတ္တာတရားနဲ ့ ခုတော့ လွမ်းနေတတ်ပါပြီ ကွာ…။ တစ်နွေကုန်လို ့တစ်နွေထပ် တစ်ရက်ကုန်လို ့နှစ်ရက်ကူး တို ့နှစ်ဦးအကြောင်းပါလို ့ ပေါင်းဖက်မယ့် ကြမ္မာသည် အချိန်အခါအညီလာပြီဆိုတာနဲ ့ အလှူကြီးပေးမယ်ကြံ ။ တစ်ယောက်လုပ်ခ နှစ်ယောက်လုပ်ခ သည်လောက်ဒုက္ခတွေကြားက လူဖြစ်အောင်မွေးလာခဲ့တဲ့ တို ့မိဘတွေကိုအတုယူ စားဝတ်နေရေးကို သည်လိုကူပြီး လူနေမှူအပူကို တွေးယူခဲ့မိရင် ဆွေးပူစရာပဲ ရှိလိမ့်မပေါ့။ ဘေးလူတွေအတုယူတတ်အောင် တို ့တစ်တွေတက်ညီညီလှော်ခတ်မယ့် တို ့လှေဟာရေမှာမျောမနေပဲ ပဲ ့ကိုင်ရှင်ကိုသာဖြစ်ပါလို ့ မယ်ကဖြင့်ဟန်ချက်ကိုညီအောင်ထိန်းပါရင်း တို ့လှေကိုနစ်မြှုပ်သွားစေမယ့် ဝင်သမျှရေခပ်ဆယ်လို ့လိုက်ပါရင်း ကုန်ဈေ […]


manawphyulayMay 11, 20101min922
ကဗျာတွေ ရေးစပ်ရင်း မျှော်လင့်ခြင်းတစ်ခုနှင့် သခင့်ကို ထာဝရ ကျွန်မမေတ္တာရှိနေပါရစေ တစ်ချိန်ချိန်မှာ သခင်ဟာ ကျွန်မရဲ့ ကြင်ဖော် ဖြစ်လာနိုင်ကောင်းပါရဲ့ အဲဒီအတွေး တွေးလို့ သခင်နဲ့ တွေ့လာမယ့် နေ့တစ်နေ့ကို ကြိုတင်စောင့်စားလို့ သခင်ရောက်လာမယ့်ရက်ကို မျှော်လင့်ရင်း ကာရန်မဲ့ကဗျာတွေ အသက်သွင်းရေးစပ်နေခဲ့ အဓိပ္ပာယ်မဲ့နေတဲ့ စာသားတွေနဲ့အတူ ခြောက်သွေ့နေတဲ့ ကျွန်မဘဝထဲ တစ်နေ့ သခင်ရောက်လာမယ်ဆိုတဲ့ အသိတစ်ခုနဲ့ ကျွန်မ ရှင်သန်ခြင်းများစွာနဲ့အတူ ရှိနေပါတယ်…..


manawphyulayMay 8, 20101min951
သူငယ်ချင်းရေ… ကြုံဆုံလာကြ ဒီဘဝ ရေစက်ဆုံစဉ် တစ်ခဏ နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း နှစ် လ ဟောင်းက အကြောင်းမလျော် ကွဲကြသော်မှ မတော်တဆ ကံပစ်ချ၍ နင်က နိုင်ငံခြားရောက် ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ တစ်ချိန် တစ်ကွေ့ ဘဝတစ်ကွေ့မှာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း လျှောက်ခဲ့ရင်လဲ ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့် မကြည့်လေဟု ငါ မျှော်မှန်းသည် သူငယ်ချင်း…


manawphyulayMay 7, 20101min903
ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ် အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ် ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ် မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ် လက်မဆုံဖြစ်ကြတဲ့ မိသားစုထမင်းဝိုင်းလေးရယ် ဆယ်ပေအခန်းကျဉ်းလေးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ဘဝလေးရယ် မိဘတွေရဲ့ ပေးစွမ်းနိုင်တဲ့ လုံခြုံတဲ့ မေတ္တာနွေးနွေးထွေးထွေးလေးရယ် တစ်ခါတစ်ရံ ညည်းတွားတတ်တဲ့ မေမေရဲ့ညည်းတွားသံလေးရယ် ဝန်းကျင်အနွမ်းရဲ့ ဆင်ခြေဖုံးထဲက အလုပ်သွားလမ်းကလေးရယ် မျှော်လင့်ခြင်းတွေကို ဝေခြမ်းထားတဲ့ အိပ်မက်ဆန်းဆန်းတွေရယ် ငြီးငွေ့မှုတွေကို အစားမထိုးနိုင်သေးတဲ့ ပစ္စုပ္ပန်အဟောင်းတွေရယ် ချို့ငဲ့မှုတွေကို ကြွယ်ဝစွာ အုပ်မိုးပေးထားတဲ့ မေတ္တာတရားတွေရယ် စိတ်ကျမှုဖြစ်လာတိုင်း အိပ်မက်ထဲမှာ အမြဲရောက်ရောက်လာတတ်တဲ့ အိပ်မက်သခင်ရယ် အရာအားလုံးဟာ လောကထောင့်ကျဉ်းထဲက အိမ်ကလေးတစ်လုံးထဲမှာ စုပြုံရောက်ရှိနေခဲ့တာဟာ လောကရဲ့ ကံတရားတွေပါ ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း လူးလွန့်ကခုန်ရင်း အိမ်ကလေးထဲက ခရီးသည်များ သံသရာရဲ့မွန်းကျပ်မှုမှ လွတ်မြောက်ကြပါစေသား……


manawphyulayMay 7, 20101min864
ဝန်းကျင်သစ်တစ်ခု အစပြုခဲ့ ဟိုနေရာစိမ်းစိမ်း ဒီနေရာစိမ်းစိမ်း အားလုံးဟာစိမ်းစိမ်း ရောက်နေတဲ့အခန်းနံရံကလည်း စိမ်းစိမ်း ဝန်းကျင်ရဲ့နွေးထွေးပျူငှာတဲ့ လက်ကမ်းကြိုဆိုမှုတွေအကြား ခုချိန်ထိ နေသားတကျ မရှိခဲ့ ကိုယ့်အတွက်တော့ အရာအားလုံးဟာ ခပ်စိမ်းစိမ်း