kaiMarch 18, 20104min26213
အင်ဒီယားနား၊ ဖို ့ဝိန်းမှာဖြစ်တဲ့ ဒီသတင်း သိတာ စဖြစ်တည်းကဆိုပါတော့၊ ဗမာတွေ ကွမ်းတံတွေးထွေးကြသမို ့ပေးမဝင်ဘူးလို့ လွယ်လွယ်ထင်နေမိတာပါ။ ပြီးတော့ လောင်ဒရီ (အဝတ်လျှော်စက်)ပိုင်ရှင်က လူထုရှေ့ ပြန်တောင်းပန်တာမို ့ပြီးလောက်ပြီလည်းထင်ခဲ့ပါတယ်။ နောက်ဆန္ဒတွေဘာတွေပြ။ ပြသနာနည်းနည်းကြီးလာတော့ နည်းနည်းကြာလာတော့ “ဟ…ဒါက အမေရိကပဲ..”ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒါနဲ့ သတင်းတွေလိုက်ဖတ်ကြည့်ရင်း နောက်ဆုံးသိတာလေး တင်ပေးလိုက်တာပါ။ဟိုတနေ့ကပဲ ဆရာလူထုဦးစိန်ဝင်းဆောင်းပါးဖတ်ပြီး အမေရိကရဲ့ လူမျိုးခွဲထား၊ ကွဲထားတွေအကြောင်း ရေးထားမိတော့ ဆက်စပ်မိသွားတာလည်းပါပါတယ်။ မြန်မာလို့အခေါ်မခံကြရရှာတဲ့ ဗမာတွေ ဗမာတွေစွမ်းချက်က စင်္ကာပူလို သန့်လှပါတယ်။ ဒဏ်ကြေးချပါတယ်ဆိုတဲ့ တိုင်းပြည်လည်း ကွမ်းစားပြီး ထွေးတာပါပဲ။ အမေရိကလောက်တော့ အပျော့ပေါ့ဆိုကြလေမလားရယ်ပေါ့။ တကယ်တော့ .. တံတွေးဆိုတာ အခုလို ဗိုင်းရပ်တွေ။ ကြက်၊ငှက်၊ဝက်တုပ်ကွေးတွေ သောင်းကျန်းတဲ့ ခောတ်ကြီးမှာ အန္တရာယ်ဖြစ်စေပါတယ်။ အခန် ့မသင့်ရင် အဲဒီက […]