susunosukiJune 22, 20111min25428
နေရာတကာ မိုင်တိုင် ၇၆.. လွန်ခဲ့သော ရက် ၂ဝ လောက်ကတည်းက ကြားခဲ့ရတယ်။ ကြည့်တဲ့သူတွေက ‘အောင်မယ်လေး ကြောက်ဖို့ကောင်းလိုက်တာ’ ဆိုတာမျိုးကိုပဲ နားညည်းအောင်ကြားခဲ့ရ။ ဖြစ်ကြောင်းရယ်ကုန်စင်ကိုလည်း ဂျာနယ် အလီလီမှာ ရှင်းကြပါရဲ့။ ကော်လန်များများရလိုက်ကြတယ်။ အဖြစ်မှန်လို့ ပြောကြသူမှာမနည်း။ ကားဂိတ်မှာလည်း ”မိုင်တိုင် ၇၆ ”အခွေ-ကူးခွေ လိုက်ရောင်းကြတယ်။ တစ်ခွေကို ၅၀ဝ ကျပ်နဲ့။ ရထားပေါ်မှာတောင်ရောင်းကြတယ်။ ရုံးမှာလည်း မိုင်တိုင် ၇၆၊ အိမ်ဘေးကလည်း မိုင်တိုင် ၇၆၊ ကားပေါ်မှာ ရထားပေါ်မှာ မိုင်တိုင် ၇၆၊ နေရာတကာ ဒီအကြောင်းတွေပဲ ကြားရလွန်းလို့ ဒါရိုက်တာ မောင်မျိုးမင်းတော်တော် ရေပန်းစားနေတော့တယ်။ သက်ဆိုင်ရာဆင်ဆာလူကြီးတွေကတော့ ဗုဒ္ဓဘာသာကို အထင်လွဲစေမည့် လူအများကြောက်လန့်စေမည့် အကြောင်းအရာမျိုးတွေဖြစ်သောကြောင့် ခွင့်မပြုခဲ့ဟုပြောပါတယ်။ ခွင့်ပြုခဲ့လျှင်တောင် ခုလိုနာမည်ကြီးအံ့မထင်။ ခုတော့ ”ဒါရိုက်တာက […]


susunosukiJune 21, 20111min20313
ရန်ကုန်မြို့ရှိမြို့ပါတ်ရထားများ ပြုပြင်ရန်လိုအပ်လျက်ရှိနေသည်။ မြန်မာ့မီးရထားတိုင်း ( ရ ) အတွက်ရထားတွဲများ ပြုပြင်ခြင်း ဆေးသုတ်ခြင်းများပြုလုပ်နေသည်ဆိုသော်လည်း အများစုမှာ အရင့်အရင်က ပုံစံအတိုင်း ခပ်မှိုင်းမှိုင်းပင်။ ကြမ်းပိုးကိုက်သည်ကတော့ အရင်ထက်စာလျှင် သက်သာသွားသည်ဟုပြောနိုင်သည်။ အောက်မှပုံမှာ ဒညင်းကုန်းဘူတာ မှ ဗွက်လည်နေသော ဈေးတန်းဖြစ်သည်။ ဘူတာကို ရထားဆိုက်ချိန်ဆိုလျှင် ကုန်တင်ကုန်ချလုပ်သူများ ခရီးသည်များနှင့် ရှုပ်ထွေးနေတတ်သည်။ ဘူတာမှ လူတစ်ဦးမှာ အော်လံတစ်ခု နှင့် အဆက်မပြတ်အော်နေရသည်။ ရထားတွဲများသာ ပြုပြင်ရန်လိုအပ်နေသည်မဟုတ်။ ရထားလမ်းများမှာလည်း မညီမညာ၊ ရွာမဘူတာမှ အထွက်ဆိုလျှင် ရထားတွဲမှာ ညင်သာသော အရှိန်နှင့်ပင် အတော်လူးနေပေသည်။ ဒဂုံတက္ကသိုလ် ရထားလမ်းများလည်းထိုအတိုင်းပင်။ မြန်မာ့သက်တမ်းအကြာဆုံး ရန်ကုန်-ပြည်ရထားလမ်းပိုင်းပေါ်မှ အုတ်ကျင်းဘူတာ သံလမ်းပေါ်မှာပင် အမှိုက်ပုံရှိနေပေသည်။ တခြားသံလမ်းဘေးတလျှောက်မှ အမှိုက်ပုံများမှာလည်း မရေမတွက်နိုင်အောင်ပင်။ ပုံတွင်ကြည့်ပါ။ ထိုထက်ဆိုးသည့်အချက်ကား ရထားများပေါ်တွင် ကွမ်းစား၊ […]


susunosukiJune 18, 20111min1385
တစ်နေ့က အိပ်ရာကတစ်ရေးနိုးတော့ ခြင်ထောင်မှာ ပင့်ကူတစ်ကောင်ကပ်နေတာ တွေ့လိုက်တယ်။ ဘေးမှာ အသင့်တွေ့ရတဲ့ ပေတံကို ထောင်ပြီး ဓါတ်ပုံရိုက်ယူလိုက်ပါတယ်။ ခြင်တစ်ကောင်နဲ့ အိပ်ကြည့်ပါဆိုတဲ့ စာအုပ်တစ်အုပ်အကြောင်းကြားဖူးပါတယ်။ ပင့်ကူတစ်ကောင်နဲ့ အိပ်ရတဲ့ အရသာကိုတော့ စာဖတ်သူများ ခံစားကြည့်ပါဦး။


susunosukiJune 4, 20111min1819
ရန်ကုန်မြို့ပေါ်မှာ ဘိလပ်မြေအတု – အစစ်နှင့် အချိုးကျရောစပ်ထားသော ဘိလပ်မြေ များရောင်းဝယ်နေကြပါတယ်။ ရောတဲ့ အမှုန့်က ဘိလပ်မြေနဲ့ အရောင်ရော အထိအတွေ့ကော အရမ်းတူပါတယ်။ အညာဖက်က မြစ်ကမ်းတွေမှာ နွေဖက်ဆိုရင် ပေါ်တတ်တဲ့ နှုန်းခြောက် အခဲတွေကို ပြန်ကြိတ်တယ်လို့ ကြားပါတယ်။ သိရသလောက်ဆိုရင် ဘိလပ်မြေအတုက ဆောက်လုပ်ရေးဆိုဒ်အကြီးစားတွေမှာတော့ သုံးလေ့မရှိပါဘူး။ မြို့တွင်းက လက်လီဆိုင်တွေမှာ အထူးသဖြင့်တွေ့ရတတ်ပါတယ်။ အခက်အခဲကြောင့် ဓါတ်ပုံမတင်ပေးနိုင်တာ သည်းခံပေးပါရန်။ မြို့သစ်လိုနေရာမျိုးတွေမှာ ဘိလပ်မြေသုံးတဲ့ အိမ်ရှင်တွေဟာ လုပ်ငန်းသိပ်မကြီးတာတစ်ကြောင်း၊ ကိုယ်ကိုယ်တိုင်မကျွမ်းကျင်တာတစ်ကြောင်းနဲ့ ပန်းရံဆရာတွေကို လွှဲထားတတ်ပါတယ်။ ပန်းရံဆရာဆိုတာ ကလည်း ဘယ်လောက်ပဲရိုးတယ်ပြောပြော လက်ဖက်ရည်ဖိုးများများပေးတဲ့ ဆိုင်မှာပဲဝယ်တတ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဘိလပ်မြေအတု-အစစ်နဲ့အရော နဲ့ အလေးချိန်မပြည့်တဲ့ အိတ်တွေဟာ အသုံးပြုတဲ့အထဲရောက်သွားပါတယ်။ ဘိလပ်မြေဝယ်သူလေ့ရှိသူတွေ သတိထားနိုင်အောင် အတုနဲ့ အစစ်ဘယ်လိုကွာတယ်ဆိုတာ နည်းနည်းလောက်ပြောပြပါ့မယ်။ ၁။ […]


susunosukiMay 7, 20112min912
ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်အများ ဖူးမျှော်သဒ္ဒါပွားများနိုင်ရန် ေလးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ၆.၅.၂၀၁၁ မှာ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။


ashinindakaDecember 7, 20101min1205
ပင်လယ်ထဲ ဟိုကျွန်း ဒီကျွန်း ဟိုနေရာ ဒီနေရာလည်ပတ်ပြီး တည်းခိုမဲ့ဟိုတယ်ကို သွားကြတယ်။ အစောက ပြောခဲ့တဲ့ ဒကာလေး မောင်ဇေယျာကျော်ဝင်း ကားနဲ့ပဲ။ လှေဆိပ်နဲ့ ဟိုတယ် ကားအချိန်တော်တော်ကြာ မောင်းရတော့ ကားသမားလေးနဲ့ စကားပြောဖြစ်တယ်။ စကားပြောရင်း သူ့အကြောင်းတွေ သိခဲ့ရတယ်။ သူရောက်တာ (၃) နှစ်ရှိပြီဖြစ်ကြောင်း၊ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်နေကြောင်း၊ မလေးရှားအမျိုးသမီးနဲ့ အိမ်ထောင်ကျနေကြောင်းစသည်။ ဒီနိုင်ငံမှာ အခြေခံဥပဒေက မလေးရှားလူမျိုးကို ဘယ်လူမျိုးက အိမ်ထောင်ပြု ပြု၊ အထီးကပဲ ဖြစ်ဖြစ်၊ အမကပဲဖြစ်ဖြစ် မလေးလူမျိုးကို အိမ်ထောင်ပြုမယ်ဆိုရင် မွတ်စလင်ဘာသာကို ပြောင်းရပါတယ်။ ရှင်းအောင်ပြောရရင် ဗုဒ္ဓဘာသာ ယောက်ကျားက မလေးရှားအမျိုးသမီးကို ယူလဲ မွတ်စလင်ဘာသာပြောင်း၊ ဗုဒ္ဓဘာသာအမျိုးသမီးက မလေးရှား အမျိုးသားကို ယူလဲ မွတ်စလင်ဘာသာပြောင်း။ ဒါ အခြေခံဥပဒေ။ ချိုးဖောက်လို့မရဘူး။ […]


susunosukiJuly 18, 20101min720
အရူးတွေဟာ ပစ္စည်း ဥစ္စာကို လိုချင်တပ်မက်မှု များတယ်။ ပိုင်ဆိုင်ရရှိတဲ့အခါ ဝမ်းသာပျော်ရွှင်တယ်။ လူတော်တွေကတော့ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုတွေ ဆီကနေ တန်ခိုးအာဏာ ရယူလိုကြတယ်။ သူတို့ဟာ ဒီတန်ခိုးအာဏာ ရရှိ အသုံးပြုနိုင်တာကို ပျော်တယ်။ ပညာရှိတွေကတော့ ပစ္စည်း ဥစ္စာရဲ့စစ်မှန်တဲ့ တန်ဖိုးကိုရှာဖွေတယ်။ ဒီတန်ဖိုးတွေကို မြင့်တက်စေခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိတယ်။


susunosukiJune 1, 20101min631
အရူတွေကတော့ သူတို့လုပ်ငန်းအတွက်အသက်ရှင် နေကြတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင် သူတို့ဟာ လုပ်ငန်းအတိုင်းမြင့်မားနေကြတယ်။ လုပ်ငန်းကျဆင်းနေတယ်ဆိုရင် သူတို့ဟာ ကျဆင်သွားကြတယ်။ လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ တစ်စုံတစ်ခု ကြုံလာရင် သူတို့ဟာ လုံးဝပျက်စီးသွားတော့တယ်။ လူတော်တွေကတော့ လုပ်ငန်းကို ယာဉ်ရထားလို သဘောထားတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင် သူတို့ဟာဒီယာဉ်တွေကိုမောင်းနှင်သွားတယ်။ လုပ်ငန်းတိုးတက်မှုကျဆင်းနေတယ်ဆိုရင်တော့ သူတို့ပြုပြင်တယ်။ လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ ကြုံလာရင်သူတို့ဟာ နောက်ယာဉ်တစ်စီး ပြောင်းစီးတော့တာပဲ။ ပညာရှိ တွေကတော့ လုပ်ငန်းကိုစဉ်ဆက်မပြတ် ထွက်ကျနေတဲ့ရေပန်းလို သဘောထားကြတယ်။ သူတို့ရဲ့လုပ်ငန်းဟာ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်။ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့ လိုအပ်ချက်တွေဟာ အမြဲတစေရှိနေတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းတွေဟာလည်း စဉ်ဆက်မပြတ် တိုးတက်နေတာပေါ့။


susunosukiJune 1, 20101min440
အရူးတွေကတော့ သူတို့ဟာ လုပ်ငန်းတစ်ဦးတည်း ပိုင်လိုကြတယ်။ သူတို့သာလျှင် အနိုင်ရမယ် လို့ထင်နေကြတယ်။ သူတို့ရဲ့လုပ်ငန်းဟာ တိုးတတ်မှုနှောင့်နှေးတယ်။ လူတော်တွေကတော့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို တောင်းဆိုကြတယ်။ အပြည့်အဝ ယှဉ်ပြိုင်မှုရှိတဲ့လွတ်လပ်စွာ ကုန်သွယ်ရာမှာ သူတို့ဟာ ပြဿနာထဲကို တိုးသွား ဝင်ရောက်နေတယ်ဆိုတာကို သူတို့မသိကြဘူး။ ပညာရှိတွေကတော့ မျှတတဲ့ကုန်သွယ် မှုကို လိုလားတယ်။ မိမိကိုင်တွယ်နိုင်သော ခြေနိုင်လက်နိုင်ရှိတဲ့ တိုးတက်မှုများနဲ့ အောင်မြင်တိုးတက်တဲ့ လမ်းကိုဖွင့်ပေးထားတယ်။


susunosukiJune 1, 20101min490
အရူးတွေကတော့ သူတို့ရဲ့လုပ်ငန်း ပန်းတိုင်ကို လောဘနဲ့ အခြေခံ ကြတယ်။ သူတို့ကိုဆက်ဆံသူ ဖေါက်သည်များ အနေအထိုင် ကျပ်တယ်။ ဒါနဲ့ပဲသူတို့ဟာ မှေးမှိန်ပျောက်ကွယ်သွားတယ်။ လူတော်တွေကတော့ လုပ်ငန်းပန်းတိုင်ကို အပေးအယူ သဘောမျိုးနဲ့မြင်တယ်။ ဖေါက်သည်များက သူတို့ကိုသတိနဲ့ဆက်ဆံကြရတယ်။ သူတို့ဘယ်လိုအကျိုးရှိမလဲဆိုတာ စဉ်းစားပြီးမှ ဆောင်ရွက်ကြတယ်။ ပညာရှိတွေကတော့ လုပ်ငန်းပန်းတိုင်ကို ဝန်ဆောင်မှုနဲ့ အခြေခံတယ်။ သူတို့ကိုဆက်ဆံသူ ဖေါက်သည်များဟာ နစ်နာကြေးများ ပေးရသည့်တိုင် အေးအေးဆေးဆေး နဲ့ အဆင်ပြေကြတယ်။


susunosukiJune 1, 20101min660
အရူးတွေကတော့ တခြားသူများကို လှည့်ဖျားတတ်ကြတယ်။ နောက်လိုက်တွေဟာ ရန်သူတွေဖြစ်လာကြတယ်။ သူတို့ဟာဆင်းရဲကြတာပေါ့။ လူတော်တွေကတော့ ဥပဒေဘောင်အတွင်းက ယှဉ်ပြိုင်တယ်။မဆုံးနိုင်သော ယှဉ်ပြိုင်မှုပဲ၊ ရပ်လိုက်တာနဲ့သူတို့ဟာ နင်းခြေခြင်းကို ခံရတယ်။ ပညာရှိတွေကတော့ သူတစ်ပါးကို မျှဝေတယ်။ အတူတကွဆောင်ရွက်တယ်။ ထုတ်လုပ်တယ်။သုံးစွဲတယ်။ သူတို့ဟာတစ်ယောက်နဲ့ တစ်ယောက် ရက်ရောတဲ့ မိတ်ဆွေအပေါင်းအသင်းတွေဖြစ်လာကြတယ်။


susunosukiJune 1, 20101min680
အရူးတွေကတော့ ကြွယ်ဝချမ်းသာဖို့ဖြတ်လမ်းကလိုက်တတ်ကြတယ်။ သို့သော်မကြာခဏဆိုသလို ဆင်းရဲတွင်းထဲကို ဖြတ်လမ်းကနေ ရောက်သွားကြတယ်။ လူတော်တွေကတော့ကြွယ်ဝချမ်းသာဖို့အတွက် စနစ်တကျလုပ်ဆောင်ရတာကို သဘောကျတယ်။ အဲဒီစနစ်ပျက်စီးရင်တော့ သူတို့ရဲ့ကြွာယ်ဝချမ်းသာမှု လည်းပျက်သုဉ်းသွားတယ်။ ပညာရှိတွေကတော့ ကျေနပ်ရောင့်ရဲခြင်းဟာ ဘဝမှာ ချမ်းသာခြင်းပဲလို့ သတ်မှတ်တယ်။ ဒါကြောင့်သူတို့မှာ ရှိသမျှကို တန်ဖိုးထားတယ်။ ပစ္စည်းဥစ္စာများရဲ့ တန်ဖိုးအစစ်အမှန်ကို သိရှိတယ်။ ဒီအတွက်သူတို့ဟာ အမြဲတစ်စေချမ်းသာနေကြတယ်။


susunosukiJune 1, 20101min760
အရူးတွေကတော့ ရေးထားတဲ့အတိုင်းလုပ်တတ်ကြတယ်။ ဒါနဲ့ပဲသူတို့ဟာ တစ်သက်လုံး စာရေးကြီးတွေဖြစ်နေတယ်။ လူတော်တွေကတော့ရည်မှန်းချက် ပန်းတိုင်နဲ့အညီအလုပ်လုပ်တယ်။ ဒါကြောင့်သူတို့ဟာ အမှုဆောင်အရာရှိချုပ်တွေဖြစ်လာတယ်။ ပညာရှိတွေကတော့ အမြင့်ဆုံးဖြစ်နိုင်ချေ တစ်ခုအတွက် အလုပ်လုပ်တယ်။ ဒါကြောင့်သူတို့ကတော့ အလုပ်ရှင်တွေဖြစ်လာတာပေါ့။