True FaithJuly 8, 20101min1044
ရေးသူ – ဆလိုင်းထွန်း နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသေးစား စက်မှုလုပ်ငန်းများ အားလုံး ၂ နှစ်စာ ကြိုတင်အခွန်ပေးဆောင်မှသာ လုပ်ငန်းလိုင်စင် သက်တမ်း တိုးပေးမည်ဟု မြို့တော် စည်ပင်နှင့် အခွန်ဦးစီးဌာနက ညွန်ကြားထားသည်။ ယခင်က ၃ လ တကြိမ် ပေးဆောင်ရသော်လည်း ယခုအခါ ၂ဝ၁၁ နှင့် ၂ဝ၁၂ ဘဏ္ဍာရေးနှစ်များအတွက် ၂ နှစ်စာ ကြိုတင်၍ အခွန်ပေးဆောင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်ဌာနက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ စတိုးဆိုင်၊ အလှပြင်ဆိုင်၊ မိတ္တူဆိုင်၊ ဓာတ်ပုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်များအပြင် တွင်ခုံ၊ ဝပ်ရှော့၊ ပုံနှိပ်စက် စသည့် […]