ပန်းကလေးများပွင့်တော့မည် 2014

ဒီနှစ် ဇာတိမြေ အပြန် ချစ်စဖွယ်ကလေးလေးတွေအတွက် ဝါးခယ်မသားလေးရဲစည်၊ချင်ကျားပူက မမဂျီးခိုင်ဇာ၊ဆိုက်ကားသမီးဘခက် မနှင်းပြုံးတို့ ကူညီအားဖြည့်တဲ့ စာရေးကိရိယာအစုံကြောင့် ကလေးတွေကိုယ်စား အပျော်ကြီးပျော်နေမိပါတယ်။ ကလေးတွေကို ဘယ်လိုပေးရင်ကောင်းမလဲလို့ အမျိုးမျိုးစိတ်ကူးနေခဲ့ပါတယ်။ ၂ရရက်နေ့ နံနက်အစောကြီး ၂နာရီ ၃ဝ ကတည်းက အိမ်က ကားမောင်းထွက်ခဲ့ကြပါတယ်။ လမ်းတလျှောက်ကတ္တရာနဲ့ ကောင်းကောင်းမောင်းလို့ရပေမယ့် ရွှေလောင်းအလွန်ကစပြီး လမ်းကြမ်းလာတာကြောင့် ဖြည်းဖြည်းမောင်းရတာ ၁၄မိုင်ခရီးကို မိနစ် ၄ဝ မောင်းရပါတယ်။ ကျမတို့ မြို့ကိုရောက်တော့ နံနက် ရနာရီထိုးပါပြီ၊နာမည်ကျော် စာတိုက်လမ်းမုန့်ဟင်းခါးကို အမီပြေး၊ တယောက် ၂ပွဲစီစားလိုက်ကြပြီးတော့ မောင်နှစ်မတသိုက် သုသာန်ကို ချီတက်ကြပါတယ်။ နှစ်စဉ် မိဘ ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ်ပြီး ကန်တော့ကြရတာ ထုံးစံပါ။ ကျမတို့လိုပဲ အခြားမိသားစုတွေလည်း မြို့ကိုပြန်လာပြီး သူတို့ဘိုးဘွားမိဘတွေကို ကန်တော့ကြတာကြောင့် သုသာန်မှာ စည်ကားနေပါတယ်။အနီးတဝိုက်က … Continue reading ပန်းကလေးများပွင့်တော့မည် 2014