မွေးနေ့ မင်္ဂလာဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုပါတယ်။

မွေးနေ့မင်္ဂလာဆိုတာ ဗုဒ္ဓဘာသာဝင်သာမက အခြားဘာသာဝင်တွေလည်း ကျင်းပကြတာပဲ။ ဒါနတွေလည်း လုပ်ကြတာပဲ။ဗုဒ္ဓဘာသာဝင်စစ်စစ်တွေလုပ်တဲ့ ဒါနက လောကီအကျိုးမျှော်တဲ့ဒါန၊နာမည်ကြီးချင်လို့ လုပ်တဲ့ ဒါနမျိုး မဖြစ်စေရဘူး။ ဒါနကို ပြုရင်(၁) ကိုယ့်ပေးလှူမယ့် ပစ္စည်းပေါ်မှာ လိုချင်တပ်မက်မှုမရှိတော့ပဲ ပေးလှူရမယ်။ (၂)ကိုယ်ပေးလှူလိုက်တဲ့ ပစ္စည်းကို လက်ခံရမယ့် အလှူခံပေါ်မှာ သူချမ်းသာပါစေ၊သူအကျိုးရှိပါစေ၊သူအသုံးတဲ့ပါစေ ဆိုတဲ့ မေတ္တာထားပြီး လှူရမယ်။ (၃)ကိုယ်ပြုလိုက်တဲ့ အပြုအမူ၊အပြောအဆိုဟာ အကျိုးရှိမရှိ၊သင့်တော်မတော် ဆင်ခြင်ဉာဏ်နဲ့ ပေးလှူရမယ်။ ဒီလို ဒါနမျိုးမှ တကယ်ပြုသင့်တဲ့ ဒါန၊ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် လုပ်ပေးမယ့် ဒါနမျိုးဖြစ်တယ်။ -ပေးလှူတဲ့ ပစ္စည်းပေါ် လိုချင်တပ်မက်မှု ကင်းတဲ့ စိတ်က သူတပါးပစ္စည်းကို မတရား လိုချင်တဲ့ စိတ်တွေ ၊သူတပါးအိမ်ရာကို ပြစ်မှားချင်တဲ့စိတ်တွေ မပေါ်ပေါက်လာအောင် ရှေ့ဆောင်သွားတယ်။ -မေတ္တာနဲ့ ယှဉ်တဲ့ ပေးလှူခြင်းက သူတပါးအသက်ကို သတ်ချင်စိတ်၊နှိပ်စက်ချင်စိတ်တွေ … Continue reading မွေးနေ့ မင်္ဂလာဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုပါတယ်။