Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မွေးနေ့ မင်္ဂလာဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုပါတယ်။

padonmarFebruary 18, 20151min129440

မွေးနေ့မင်္ဂလာဆိုတာ ဗုဒ္ဓဘာသာဝင်သာမက အခြားဘာသာဝင်တွေလည်း ကျင်းပကြတာပဲ။
ဒါနတွေလည်း လုပ်ကြတာပဲ။ဗုဒ္ဓဘာသာဝင်စစ်စစ်တွေလုပ်တဲ့ ဒါနက လောကီအကျိုးမျှော်တဲ့ဒါန၊နာမည်ကြီးချင်လို့ လုပ်တဲ့ ဒါနမျိုး မဖြစ်စေရဘူး။
ဒါနကို ပြုရင်(၁) ကိုယ့်ပေးလှူမယ့် ပစ္စည်းပေါ်မှာ လိုချင်တပ်မက်မှုမရှိတော့ပဲ ပေးလှူရမယ်။
(၂)ကိုယ်ပေးလှူလိုက်တဲ့ ပစ္စည်းကို လက်ခံရမယ့် အလှူခံပေါ်မှာ သူချမ်းသာပါစေ၊သူအကျိုးရှိပါစေ၊သူအသုံးတဲ့ပါစေ ဆိုတဲ့ မေတ္တာထားပြီး လှူရမယ်။
(၃)ကိုယ်ပြုလိုက်တဲ့ အပြုအမူ၊အပြောအဆိုဟာ အကျိုးရှိမရှိ၊သင့်တော်မတော် ဆင်ခြင်ဉာဏ်နဲ့ ပေးလှူရမယ်။
ဒီလို ဒါနမျိုးမှ တကယ်ပြုသင့်တဲ့ ဒါန၊ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် လုပ်ပေးမယ့် ဒါနမျိုးဖြစ်တယ်။
-ပေးလှူတဲ့ ပစ္စည်းပေါ် လိုချင်တပ်မက်မှု ကင်းတဲ့ စိတ်က သူတပါးပစ္စည်းကို မတရား လိုချင်တဲ့ စိတ်တွေ ၊သူတပါးအိမ်ရာကို ပြစ်မှားချင်တဲ့စိတ်တွေ မပေါ်ပေါက်လာအောင် ရှေ့ဆောင်သွားတယ်။
-မေတ္တာနဲ့ ယှဉ်တဲ့ ပေးလှူခြင်းက သူတပါးအသက်ကို သတ်ချင်စိတ်၊နှိပ်စက်ချင်စိတ်တွေ မဖြစ်လာအောင် တားဆီးပေးတယ်။
-အကျိုးရှိမရှိ၊သင့်မသင့် ဆင်ခြင်ဉာဏ်နဲ့ ပြုတဲ့ ပေးလှူခြင်းက သူတပါးကို အနှောင့်အယှက်မဖြစ်အောင် ၊မိမိရော သူတပါးမှာပါ ကောင်းကျိုးတွေ ရအောင် ဖြစ်စေတယ်။သူတပါးအကျိုးထိခိုက်အောင် လိမ်ညာပြောတာတွေ၊မူးယစ်စေတဲ့ အရက်သေစာသောက်စားခြင်းတွေဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊မသင့်တော်တဲ့ အလုပ်တွေပါလားလို့ သိပြီး ရှောင်ကြဉ်တတ်လာတယ်။
ဒါနအစစ်ကို ပြုတတ်ရင် သီလလည်း လုံခြုံလာတယ်။
စစ်စစ်မှန်မှန် ဒါနမျိုး ပြုတတ်ဖို့က ဘာဝနာလည်း အားထုတ်ထားဖို့လိုတယ်။
မြတ်စွာဘုရားလက်ထက်က သာဝတ္ထိပြည်မှာ အနာထပိဏ်၊ဝိသာခါ တို့ မပါတဲ့ အလှူပွဲမျိုးဟာ အများက ကဲ့ရဲ့ခံရတတ်တယ်။ ဘာကြောင့်လဲဆိုတော့ အနာထပိဏ်၊ဝိသာခါတို့ဟာ မြတ်စွာဘုရားထံမှာ တရားကျင့်ကြံအားထုတ်ပြီး သောတာပန်အရိယာများဖြစ်တယ်။ဒါ့ကြောင့် သာသနာတော်မှာ ဟာနေတာဖြည့်၊လိုနေတာစွက်၊လွဲနေတာ တည့်ပေးတတ်တယ်။သူတို့ ပါတဲ့ အလှူပွဲမျိုးမှ သာသနာကို ချီးမြှောက်တဲ့ ဒါနမျိုးဖြစ်ပြီး အလှူပေး၊အလှူခံ အကျိုးရှိတဲ့ ဒါနမျိုးဖြစ်ပါတယ်။
တရားကို ပေါက်ပေါက်မြောက်မြောက်အားထုတ်လို့ အရိယာနွယ်ဝင် ဖြစ်သွားပြီဆိုရင် သာသနာတော်မှာ တကယ့်လိုအပ်ချက်ကို ဖြည့်စွမ်းပေးလှူတတ်သွားပါမယ်။

လူ့ဘဝဟာ မော်တော်ကားယာဉ်များ မောင်းနှင်တာနဲ့ တူပါတယ်။ယာဉ်ကြောထဲမှာ မထိမခိုက်အောင် မောင်းနှင်သွားမှ လိုရာကို ရောက်ပါမယ်။မီးပွိုင့်မှာ မီးစိမ်းမှ မောင်းရသလို ကောင်းတဲ့ ကုသိုလ်ဖြစ်စေတဲ့ အမှုမျိုးမှ ဆက်လုပ်ရပါတယ်။မီးဝါရင် အရှိန်သတ်ရသလို မကောင်းတာမှန်းသိရင် ကိုယ့်ကိုကိုယ် ဘရိတ်အုပ်ရပါတယ်။ မီးနီရင် ဆက်မသွားရသလို အကုသိုလ်အလုပ်တွေဆိုရင် လုံးဝရှောင်ကြဉ်ရပါတယ်။
ဒီလို လိုက်နာနိုင်မှ လိုရာ ခရီးရောက်သလို ဘဝသံသရာ ခရီးမှာလည်း အဆိုးဘဝတွေ ရှောင်ပြီး ကောင်းတဲ့ ဘဝတွေကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ကိုယ်က သတိလက်လွတ်မောင်းနှင်မိရင်တော့ ကိုယ်လည်း ထိခိုက်၊သူတပါးလည်း ကိုယ့်ကြောင့် ထိခိုက် အကျိုး ယုတ်ကုန်ပါမယ်။ဂရုတစိုက်မောင်းနှင်နေတာတောင်မှ သူတပါးအမှားကြောင့် ကိုယ့်ကားကို လာထိခိုက်တာတွေလည်း ရှိတတ်ပါသေးတယ်။ ဒါ့ကြောင့် မကောင်းတဲ့ မိတ်မျိုးကိုလည်း ရှောင်ကြဉ်ရပါတယ်။
လောကထဲမှာ နေတဲ့အခါ ဘုရားစကားလိုက်နာဖို့နဲ့ လောကမိတ်မပျက်ဖို့ ဆိုတာထဲက တခုခုကို ရွေးချယ်ရဖို့ ကြုံလာတတ်ပါတယ်။အဲဒီအခါ ဘာကို ရွေးချယ်ကြမှာလဲ။
ဘုရားစကားဆိုတာ ဘယ်တော့မှ မမှားတတ်တဲ့အတွက် ဘုရားစကားကိုသာ လိုက်နာရင် ကောင်းကျိုးတွေ မလွဲမသွေရမယ်ဆိုတာ ယုံကြည်ထားဖို့ လိုပါတယ်။

ခုအခါမှာ သာသနာတော်ကြီးက ဆုတ်ယုတ်စပြုနေပါတယ်။လေးပုံပုံရင် သုံးပုံက ပျက်နေပါပြီ။
ကိုယ်တိုင်ရော မပျက်သေးတဲ့ လေးပုံတပုံထဲပါရဲ့လားဆိုတာ ဆန်းစစ်နေရပါမယ်။
ကိုယ်ကစပြီး အခြေခိုင်မှ တစတစနဲ့ ဘေးပတ်ဝန်းကျင်ပါ ကောင်းအောင် ပြုပြင်ယူရပါမယ်။ဒါမှ ကမာ္ဘကြီး အေးချမ်းလာပါမယ်။

မှုန်ဝါးဝါး ဗုဒ္ဓဘာသာဝင်တွေအဖြစ်ကနေ တောက်ပြောင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင် စစ်မှန်တဲ့ ဒါန၊လုံခြုံတဲ့ သီလ၊ပေါက်ပေါက်မြောက်မြောက်အားထုတ်တဲ့ ဝိပဿနာ ဘာဝနာတွေနဲ့ ကိုယ့်ကိုကိုယ် ပွတ်တိုက် အရောင်တင်သွားရပါမယ်။
မင်္ဂလာဆိုတာ မကောင်းကျိုးပေးမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပြီး အကျိုးရှိမယ့် သင့်တော်မယ့် အပြုအမူတွေ လုပ်တာကို မင်္ဂလာလို့ ခေါ်တယ်။

ဒီလို ကောင်းကျိုးမင်္ဂလာဖြစ်အောင် ဘုန်းကြီးတို့က ဆုပေးလို့မရဘူး။ကိုယ့်ဖာသာ ကြိုးစားအားထုတ်သွားနိုင်ကြပါစေ။

40 comments

  • padonmar

    February 18, 2015 at 3:23 am

    (ပဏ္ဍိတာရာမ ဆရာတော်ကြီး ကို 17.2.2015 ညချမ်း အချိန် သွားရောက် ကန်တော့စဉ် မိန့်မှာချက်များမှ မှတ်မိသရွေ့ မှတ်တမ်းတင်ပြီး ဓမ္မဒါနပြုပါတယ်။ အမှားအယွင်းများ ပါရင် စိတ်နဲ့မှတ်ပြီး ရေးတာဖြစ်တဲ့အတွက် ဆရာတော်ကြီး ဟောကြားတာ လွဲတာ မဟုတ်ပဲ။ကျမရဲ့ မှတ်သားမှု ချွတ်ယွင်းတာဖြစ်ပါမယ်။ လွဲချော်တာ တွေ့ရင် မေတ္တာနဲ့ ထောက်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်။)
    ပုံမှန်တော့ ဘာသာရေးအကြောင်းတွေ ဂဇက်မှာ မတင်ဖြစ်တော့တာများပါတယ်။ ကိုယ့်မှာ စောဒကတွေကို ဖြေရှင်းပေးနိုင်တဲ့ ပညာအားနည်းနေသေးတော့ ကိုယ်မရှင်းပေးနိုင်တဲ့ ကိစ္စဟာ အမှားပဲလို့ မြင်ကြမှာ စိုးလို့ပါ။
    ဒီတခါကတော့ ရေးပြီးသား တပိုင်းတစ စာတွေက ပြန်ချောဖို့ Mood မဝင်ဘူး။ဒီနေ့ အမှတ်တရလေးလည်း FB friend မဟုတ်တဲ့ ရွာသူားတွေကို(လိုချင်တဲ့သူအတွက်ပေါ့၊မလိုချင်လည်း မယူနဲ့ပေါ့)လက်ဆောင်ပေးချင်လို့ တင်ပါတယ်။ခွေးလွှတ်ကြပါ။

    • kai

      February 18, 2015 at 4:01 am

      ပုံမှန်တော့ ဘာသာရေးအကြောင်းတွေ ဂဇက်မှာ မတင်ဖြစ်တော့တာများပါတယ်။ ကိုယ့်မှာ စောဒကတွေကို ဖြေရှင်းပေးနိုင်တဲ့ ပညာအားနည်းနေသေးတော့ ကိုယ်မရှင်းပေးနိုင်တဲ့ ကိစ္စဟာ အမှားပဲလို့ မြင်ကြမှာ စိုးလို့ပါ။

      အဲဒါကြီးက..မဟုတ်သေးပါဘူးအမတော်ရယ်..။
      အမတော်လိုလူက.. ဖြေရှင်းမပေးနိုင်တဲ့စောဒကဟာ.. ဖြေရှင်းစရာမလိုအောင်မှားနေတယ်လို့သာယူဆလိုက်ပါ..။ :k:
      တကယ်မျက်မှောက်မှာလည်း.. ဒီလိုအင်တာနက်ခေတ်.. သတင်း..ဗဟုသုတတွေ..အချက်အလက်တွေ လျှံထွက်နေတဲ့ကမ္ဘာကြီးဖြစ်နေပြီမို့..ဘာသာတရား. တရားဓမ္မတွေက.. ကမ္ဘာ့လူသားတွေရဲ့.. စိမ်ခေါ်.. အစစ်ဆေးခံကြရတော့မှာဖြစ်ပါတယ်..။ ဒါက..ရှောင်လို့မရ… မျက်မှောက်ပြုရမယ့်ဟာပါပဲ..။
      ရှောင်နေကာမှ.. မြန်မြန်ကိစ္စပြတ်သွားပါလိမ့်မယ်..။

      မြန်မာလူမျိုးက.. ထေရာဝါဒရာခိုင်နှုန်းအများဆုံးဖြစ်ပြီး.. ဒါကလည်း.. လူမျိုးအိုင်ဒတီပါပဲ..။
      ထေရာဝါဒမရှိ.. လုူမျိုးအိုင်ဒတတီပျောက်သွားမပေါ့..။
      ဒီလိုပဲ.. ဆွေးနွေး..တွေးယူ.. အမှန်တွေဖော်ထုတ်..ခေတ်နဲ့ညှိ ပြင်သွားကြရမှာပါ..။

      အခုပဲကြည့်…
      ဆရာတော်ကြီးတရားက..

      (၁) ကိုယ့်ပေးလှူမယ့် ပစ္စည်းပေါ်မှာ လိုချင်တပ်မက်မှုမရှိတော့ပဲ ပေးလှူရမယ်။
      (၂)ကိုယ်ပေးလှူလိုက်တဲ့ ပစ္စည်းကို လက်ခံရမယ့် အလှူခံပေါ်မှာ သူချမ်းသာပါစေ၊သူအကျိုးရှိပါစေ၊သူအသုံးတဲ့ပါစေ ဆိုတဲ့ မေတ္တာထားပြီး လှူရမယ်။
      (၃)ကိုယ်ပြုလိုက်တဲ့ အပြုအမူ၊အပြောအဆိုဟာ အကျိုးရှိမရှိ၊သင့်တော်မတော် ဆင်ခြင်ဉာဏ်နဲ့ ပေးလှူရမယ်။

      ငါ့လွတ်ကလွတ်ဗြွတ်မလှူနဲ့လို့.. ဟောပြထားတာပဲ..။
      သူချမ်းသာပါစေ၊သူအကျိုးရှိပါစေ၊သူအသုံးတဲ့ပါစေ ဆိုတဲ့.. သူကို ဗဟိုပြုတဲ့အလှူဖြစ်တာမို့.. ကိုယ့်နောင်ဘဝအတွက်မရည်ရွယ်တာမို့.. မြန်မာတွေ..အထူး(အထူး)လိုက်နာသင့်တယ်လို့… ထင်..။

      • padonmar

        February 20, 2015 at 9:51 pm

        သူကြီးရယ်၊
        .ဒီရွာထဲမှာက FB မှာလို ပေါ့ပေါ့လေးရေးပြီး ပေါ့ပေါ့လေး ကွန်မန့်ပေးလို့မရဘူး။
        .အချိန်ပေးသေချာပြန်ဆွေးနွေးရတယ်။
        .အခုတောင် ရေးထားပြီး ပစ်ထားရတာ ၂ရက် ကျော်နေပြီ၊.
        .ကိုယ့်ကို လာဆွေးနွေးပေးတဲ့သူတွေကို ပစ်ထားသလိုဖြစ်ရတာ အားနာပါတယ်။
        .အဲဒါအပြင် အပေါ်ကွန်မန့်မှာ ရေးမိသလို ရေရေရာရာ မရှင်းပေးတတ်တာတွေအတွက် အမှားထင်မှာစိုးတာလည်းပါတယ်။
        (ဒေါက်တာရီ ရေးတဲ့ ငရဲကြီးသလောမကြီးသလော တုံးက ကိုသွင်ဇေယျာမျိုး မေးထားတဲ့ ကွက်ရှင်ကို ဖြေပေးဖို့ အချိန်မပေးနိုင်တာနဲ့ လပေါင်းများစွာကြာခဲ့တယ်။ဖြေပေးလိုက်တဲ့ အချိန်မှာ စိတ်ဝင်စားသူမရှိတော့ဘူး။ဒီကြားထဲ ဖတ်မိသူတွေက ထေရဝါဒမှာ ဒီအချက်ဟာနေတယ်လို့ မြင်ကြမှာပဲဆိုပြီး ကိုယ်တာဝန်မကျေသလို ခံစားရတယ်။သူများတင်တာမှာ ကိုယ်မရှင်းပေးမိတာ အကြောင်းမဟုတ်ပေမယ့် ကိုယ်တင်ပေးတဲ့ ပို့စ်မှာတော့ စောဒနာတွေကို တတ်သ၍မှတ်သ၍ ဖြေရှင်းပေးချင်လို့ပါ)

  • Ma Ma

    February 18, 2015 at 5:35 am

    (ဟာနေတာဖြည့်၊လိုနေတာစွက်၊လွဲနေတာ တည့်ပေးတတ်တယ်။)
    ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေကို ကြားလိုက်ရရင် ဟုတ်လိုက်တာ၊ မှန်လိုက်တာ လို့ဆိုပြီး ဝမ်းသာအားရဖြစ်မိတယ်။

    မွေးနေ့အကြောင်းပြု ပြီး ဆရာတော်ကြီးရဲ့ တရားဓမ္မတွေကို ဒါနပြု မျှဝေပေးတာ လက်ဆောင်ပေးတာ တကယ့် မင်္ဂလာပါပဲ။

    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။
    ကျန်းမာချမ်းသာစွာဖြင့် သူတော်ကောင်းတရား ပွားများအားထုတ်နိုင်ပါစေ။ 🙂

    • padonmar

      February 20, 2015 at 9:55 pm

      .ချစ်မရေ
      .ဘာမှလည်း မကျွေးပဲ ဆုတောင်းပေးနေရတယ်နော။
      .ပေးတဲ့ဆုနဲ့ ပြည့်စုံအောင် ကြိုးစားပါမယ်။

  • မြစပဲရိုး

    February 18, 2015 at 5:50 am

    အလိုလေး
    ချစ်မမ တရေးနိုး ကြီးလား မအိပ်ရသေးသလား။

    အစ်မဒုံ မွေးနေ့လား။
    ဟုတ်လဲဟုတ်၊ မဟုတ်လဲဟုတ်။
    ချစ်သောအစ်မ ရဲ့ မွေးနေ့ ရက်မြတ်မှသည်
    မိမိကိုယ် အကျိုး
    မိမိ မိသားစုအကျိုး
    မိမိ ပါတ်ဝန်းကျင်အကျိုး
    မိမိ မြို့ရွာ အကျိုး
    မိမိ နိုင်ငံအကျိုး မှ နေထိုင်တည်မှီရာ ကမ္ဘာမြေကြီး အကျိုး ထိ သယ်ပိုးရင်း
    စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
    . လောကီ လောကုတ် နှစ်ဖြာသော အကျိုး ခံစားနိုင်ပါစေ။
    A Very Happy Birthday!!!

    ရွာထဲ မှာ ဘာသာရေး အကြောင်း ပြောတော့ မသိသူ သိရသလို
    သိလို့ အမှားပြင်ပေးသူ ရှိလဲ နှစ်ဖက် အကျိုးများပါတယ်လေ။
    စကား ဆိုတာ open-minded နဲ့ ပြောနိုင်ရင် ကောင်းတာချည်းပါဘဲ။ 🙂

    • Ma Ma

      February 18, 2015 at 7:43 am

      မိုးလင်းပြီ မလတ်ရဲ့။
      ဒီနေ့မနက် အလုပ်မသွားဖြစ်ပေမယ့် ထုံးစံအတိုင်း အစောကြီးနိုးနေလို့ ရွာထဲဝင်မွှေနေတာ။ 🙂
      ဒီနေ့အစ်မဒုံမွေးနေ့လေ။

    • padonmar

      February 20, 2015 at 9:56 pm

      .မလတ်ရေ
      .ကျေးကျေးပါ။
      .မလတ်ပြောသလို Open-minded နဲ့ ပြောနိုင်ဖို့ ကြိုးစားပါမယ်။

  • ကထူးဆန်း

    February 18, 2015 at 9:40 am

    အန်တီဒုံက နေ မွေးနေ့ လက်ဆောင်ပြန်ပေးတဲ့ အတွက် ကျေးကျေးပါ ။
    အန်တီဒုံ လူသားအားလုံး အကျိူ းအတွက် ဒီထက်မက ဆထက်ပိုးစိတ်ချမ်းမြေ့စွာဖြင့် စွမ်းဆောင် နိုင်သူဖြစ်ပါစေနော် ..

  • Mr. MarGa

    February 18, 2015 at 9:48 am

    ပြန်ပေးသွားတဲ့မွေးနေ့လက်ဆောင်ကို အသေအချာ နာယူမှတ်သားသွားပါကြောင်း

  • Mike

    February 18, 2015 at 9:53 am

    .မင်္ဂလာရှိသော အာတီဒုံရဲ့မွေးနေ့မှာ မွေးနေ့ရှင်ရဲ့ တရားတစ်ဆင့်အလှူ ကိုဖတ်ရလို့ ပီတိဖြစ်မိပါတယ်
    .မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာဖြင့် အများအကျိုး ဆထက်တပိုးဆောင်ရွက်နိုင်ပါစေ
    :))

    • padonmar

      February 20, 2015 at 10:00 pm

      ကထူးဆန်း၊တဂျား၊ဦးမိုက်
      အားပေးတဲ့ အတွက် ကျေးဇူးပါ။

  • ဦးကြောင်ကြီး

    February 18, 2015 at 10:58 am

    အာတီဒုံဂျီး ရိပ်တာဝင်ဗာဒေါ့ရား..

    • padonmar

      February 20, 2015 at 10:04 pm

      ဦးကြောင်ရယ်၊
      .ရိပ်သာမှာ စိတ်အပန်းဖြေခွင့်မရတာ ၃နှစ်ရှိပြီ။
      .ဦးကြောင်ငေါ့ပြီးပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်။

  • Ma Ei

    February 18, 2015 at 11:10 am

    ချစ်ရတဲ့ အမ
    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ…
    ကောင်းကျိုးလိုရာ ပြည့်စုံပါစေ…

  • ခင်ခ

    February 18, 2015 at 11:22 am

    အန်တီဒုံရဲ့ မွေးနေ့မင်္ဂလာမှာ မင်္ဂလာတရားတော်နဲ့ မင်္ဂလာရှိပါ၏။
    အန်တီဒုံတစ်ယောက် မင်္ဂလာအပေါင်း အမြဲကြုံတွေ့ နေရသူသာ ဖြစ်ပါစေလို့ ဆန္ဒမွန်ဖြင့်……….

  • အလင်းဆက်

    February 18, 2015 at 12:06 pm

    ဒီတုန် (တီဒုံ) ပေးတဲ့ လက်ဆောင်လေးက
    တကယ် အဖိုးတန်ပြီး မြတ်နိုးစရာ. . .
    ယူသွားပ့ါတယ်ဗျ

  • ခင်ဇော်

    February 18, 2015 at 3:01 pm

    အာတီဒုံ အေးချမ်း ပါစေ
    :chit:

  • pooch

    February 18, 2015 at 4:41 pm

    မွေးနေ့မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ ဒေါ်ဒေါ်
    ဒေါ်ဒေါ်ပေးတဲ့လက်ဆောင်ကိုလည်း သေချာဖတ်သွားပါတယ်

    • padonmar

      February 20, 2015 at 10:10 pm

      မအိ၊ကိုခင်ခ၊ဆက်ဆက်၊ကေဇီ
      အားပေးတာ ကျေးဇူးပါ။

  • ဝင့်ပြုံးမြင့်

    February 19, 2015 at 3:02 pm

    .ဘုရားစကား မမှားဘူးဆိုပေမယ့် ဒီစကားကို လက်ဆင့်ကမ်းသယ်လာခဲ့တဲ့ နှစ်ပေါင်းက နည်းမှ မနည်းဘဲ။ မျှစ်ကြော်ကို ရွာ့အမိုက်တုံးကြီးလို့သာ သဘောထားလိုက်ပါတော့။ တီဒုံရဲ့ ပို့စ်မှာ အစ်ရှူ း နှစ်ခု ရှိတယ်။ တစ်ခုက အလှူ ဒါန။ နောက်တစ်ခုက စောဒက။

    .အလှူ ဒါနနဲ့ ပတ်သက်ရင် အခုအခေါ် ပရဟိတ ပေါ့လေ။ ပရဟိတ အလုပ်ကို ကျမ မြင်ပုံက အရေးပေါ် အခြေအနေတွေ ဥပမာ နာဂစ်လိုမျို း၊ ရုတ်တရက် ဖြစ်တာမျိ ုးတွေအတွက် ပရဟိတရဲ့ စွမ်းဆောင်ရည်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် chronic disease လိုမျိုး ဆင်းရဲမွဲတေမှု ကျတော့ ပရဟိတဟာ ဆေးမြီးတို သဘောသက်ရောက်ပါတယ်။ မြန်မာပြည်မှာ လုပ်ကြတာက ဒါပထမဦးစားပေးပါ။ ပြီးတော့ မြန်မာတွေက ပရဟိတ အပိုင်းနဲ့ ဖောင်ဒေးရှင်း အပိုင်းကို ခွဲပြီး မမြင်ကြဘူး။ ဖောင်ဒေးရှင်းအပိုင်း အရမ်းအောင်မြင်ရင် ပရဟိတ အပို်င်း အောင်မြင်တယ်လို့ ထင်ကြတယ်။ . လူသားချင်းချင်း ပေးကမ်းလှူ ဒါန်းမှုမှာ ထားရမယ့် စိတ်နေစိတ်ထားနဲ့ ဦးတည်ရမယ့် တားဂက်ကို ဘာသာရေးက ပြည့်စုံအောင် ဖွင့်ဆိုထားပါတယ်။ ဒီမိုသဘောနဲ့ ထိတွေ့တဲ့အခါကျတော့ လူတစ်ယောက်ကို ပေးသမျှထဲမှာ လူ့ဂုဏ်သိက္ခာကို ပေးတာသာလျှင် အစင်ကြယ်ဆုံးပါ။ ဥပမာ တီဒုံတို့ဟာ မရှိဆင်းရဲသားတွေကို လှူမယ်တမ်းမယ်၊ ဒါလောက်ထိရတယ်။ သူတို့နဲ့ ထမင်းတစ်ဝိုင်းတည်း စားနိုင်လား။ ခဏတဖြုတ်ပဲဖြစ်ဖြစ် သူတို့နဲ့ တစ်သားတည်းနေပြီး ကိုယ်နဲ့ တန်းတူ တန်ဖိုးထားနိုင်လား။ လမ်းဘေးက ဗိုက်ကြီးပူတင်းနေတဲ့ ကလေးကို အမွေစားအမွေခံ ကရိကထခံပြီး မွေးနိုင်သလား။ မလုပ်နိုင်ဘူး မဟုတ်လား။ မျှစ်ကြော် အပြစ်ရှာပြတာ မဟုတ်ပါဘူး။ ဒီလို တစ်သားတည်း သဘောထားနိုင်မှသာလျှင် သူတို့ကို လူ့ဂုဏ်သိက္ခာကို ပေးတာ။ ဒီလို မလုပ်နိုင်ရင် ပရဟိတကို အဖွဲ့နဲ့ လုပ်မှ နည်းလမ်းမှန်ပါတယ်။ အဖွဲ့နဲ့ မဟုတ်ရင် ပုဂ္ဂိုလ်ရေးပါလာတဲ့အတွက် ဒါနကို လက်ခံရတဲ့လူအဖို့မှာ သူကိုယ်တိုင်သာ မသိရင်ရှိမယ်၊ စိတ်ကို ဒဏ်ရာရစေတယ်။ စိတ်ဓာတ် ပျက်စီးစေတယ်။ ဆင်းရဲမွဲတေမှု အတွက် ပရဟိတဟာ ဆေးမြီးတိုပါ။
    —–
    .စောဒက ကိစ္စကလည်း အရေးကြီးတယ်။ သီဝရီပိုင်းကို လိုရင်းတိုရှင်း ပြောပါမယ်။ အသွင်ကူးပြောင်းစ တိုင်းပြည်တွေမှာ ဆန့်ကျင်ဘက် အင်အားတွေ ဖွဲ့တည်လာပြီး နျ ူ ကလီးယား ဗုံးတစ်လုံးကို ပေါက်ကွဲအား ပြင်းထန်မယ့် ပဋိပက္ခဟာ ဖြစ်ထွန်းလာတတ်စမြဲ ဖြစ်ပါတယ်။ အစဉ်အလာတန်ဖိုးတွေကို စောင့်ထိန်းလိုသူ ကွန်ဆာဗေးတစ်တွေ အားသိပ်ကောင်းလာတတ်တယ်။ ကွန်တစ်နဲ့ လစ်ဗြဲ အားချင်းပြိုင်ကြတယ်။ အဲဒီအခါ များသောအားဖြင့် ကွန်တစ်တွေ အနိုင်ရတယ်။ ဥပမာ အနေနဲ့ တခြားမကြည့်နဲ့၊ ဒီရွာထဲမှာပဲကြည့်၊ လစ်ဗြဲ ကျမ ဘက်မှာ လူမရှိဘူး။ တစ်ရွာလုံးနီးပါး တစ်တစ်ဘက်မှာ။ အဲသလိုပဲ ကွန်တစ်တွေ အနိုင်ရစမြဲ ဖြစ်ပါတယ်။ ကွန်တစ်တွေ ဘယ်တော့မှ ရှုံးမလဲဆိုတော့ ခေတ်သစ်ကမာ္ဘဟာ သိပ်ပံပညာရယ်၊ အရင်းရှင်စနစ်ရယ် ဒီနှစ်ခုကို ကိုင်စွဲပြီး ကမာ္ဘ့ထောင့်တိုင်းကို ထိုးဖောက်တဲ့အခါမှာ ကွန်တစ်တွေ အံမတု နိုင်တော့ပါဘူး။ အဲဒီလို ခေတ်သစ်ကမာ္ဘက တိုင်းပြည်ထဲ ထိုးဖောက်တော့မယ့် အချိန်ကာလဟာ စပ်ကူးမတ်ကူးကာလပေါ့။ ဒီလို စပ်ကူးမတ်ကူး ကာလမှာ ကွန်တစ်နဲ့ လစ်ဗြဲ တွေ နှုတ်ရေးစစ်ထိုးပြီး ဦးနှောက်ဖောက်ထုတ်တဲ့အခါမှာ ကွန်တစ်တွေဟာ လွန်ဆန်လို့မရတဲ့ ခေတ်ရေစီးကြောင်းကို လက်သင့်ခံဖို့ ဦးနှောက်အသင့်ပြင်ပြီး ဖြစ်သွားတတ်တယ်။ ဒီနည်းနဲ့ နျ ူ ကလီးယားဗုံးကို မပေါက်ကွဲစေဘဲ စပ်ကူးမတ်ကူးကာလကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တယ်။ နောင်အခါမှာ ကွန်တစ်နဲ့ လစ်ဗြဲ အားချင်းညီပြီး မျှခြေရောက်သွားရင် တိုင်းပြည် တည်ငြိမ်ပါတယ်။ အဲဒီတော့ အချေအတင် ငြင်းကြခုန်ကြတာတွေ၊ အထူးသဖြင့် အစွန်းရောက်ကွန်တစ် ၊ သို့မဟုတ် မျိုး ချစ်တို့ကို အလုံးအရင်း မွေးထုတ်ပေးရာ ဘာသာရေးကို ထိတို့ခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ။ ဘာသာရေးနဲ့ မျိ ုး ချစ်ဟာ တစ်လိုင်းတည်း။ ဘာသာရေးကို ထိတို့လို့ အမုန်းခံရမှာကြောက်တာကို မဖြစ်သင့်ပါဘူး။

    • kai

      February 19, 2015 at 3:37 pm

      မြန်မာတွေ လွန်ခဲ့တဲ့နှစ်၂၆၀ဝ က.. စာပေအရေးအသားလည်းမရှိ..။ ဂဏန်းလည်းမတွက်တတ်တဲ့ခေတ်က.. ဘုရားစကားဆိုပြီးလက်ဆင့်ကမ်းလာတာ..
      တဆင့်ပြောတဲ့ဘုန်းကြီး..လူ..က.. အဲဒါဘုရားစကားဆိုတိုင်းစွတ်ယုံနေတာ.. တကယ်တန်းကျ..
      လွန်ခဲ့တဲ့.. နှစ်ဝက်လောက်က.. မြစေတီထက်စောတဲ့စောလူးမင်းကျောက်စာတွေ့တာမှာ..အဲဒီထဲပါတဲ့.. ကျောက်စာထွင်းသက္ကရာဇ်တောင်.. မီဒီယာတခု..
      တမျိုးစီ.. တရက်စီလောက်ခြား.. ၃ခု..၃မျိုူ.. မတူတာခွဲပြီးရေးကြသဗျ..။ မျက်စိကြီးနဲ့မြင်ရတာကိုပြောတာနော..။
      အဲဒါ.. ကျုပ်အထောက်အထားနဲ့ပြဖူးသဗျ…။
      ဒါတောင်..ဓာတ်ပုံ..။ ဗီဒီယိုရှိပြီး.. လက်ရေးနဲ့…စာပေနဲ့ရေးနိုင်တဲ့ခေတ်နော…။
      နည်းနည်းလည်း.. ဦးနှောက်လေးမှိုင်းခံထားတာကို.. သုတ်သက်ကြည့်ကြပါဦး..။

      ဆိုတော့…
      ပြုံမမဖက်က.. ကျုပ်ရှိပါကြောင်း..။ :k:

    • မြစပဲရိုး

      February 19, 2015 at 10:31 pm

      အစ်မဒုံ မွေးနေ့ အထိမ်းအမှတ် အဖြစ် စကားလေး ဝိုင်း လိုက်ရင် ပိုပြီး အမှတ်တရ ဖြစ်မလား ဘဲ။
      ဒီတော့ ထပ် ဝင်ပြီရှင်။

      ညီမပြုံး ပြောသမျှ အစ်မဝင်ပြီး ခြေထိုး နေတယ်လို့ တော့ မတွေးစေလိုပါ။
      တစ်ခါတစ်ခါ ကိုယ့်အတွေး တွေ ကိုဘဲ ဆန့်ကျင်ဘက်လုပ်ပြီး ပြန်တွေး လိုက်ရင် ပိုကောင်း တဲ့ ရလာဒ် ဖြစ်ဖြစ်သွားတတ်လို့ပါ။
      အလုပ်မဖြစ်ဘဲ တန့် သွားတာလဲ ရှိပါ့။

      “ဒါန” နဲ့ “သီလ” ဆိုတာတွေက ဘာသာရေး စကား ဖြစ်လို့ ဘာသာရေးအစ်ရှူး ဖြစ်သွားတာ။
      တကယ်တော့ “ပေးကမ်းခြင်း” တို့ “စောင့်ထိန်းခြင်း” တို့ ဆိုတာ ဘာသာရေး ကင်းလွတ်သူများ လဲ လုပ်ကြတာမို့ ဘာသာရေး မနွယ် လဲ လုပ်နိုင်တဲ့ အလုပ်ပါ။

      လမ်းမှာ အထုတ်အပိုး တွေ မနိုင်မနင်း လူ တစ်ယောက် ကို အထုတ် ကူသယ် ပေးလိုက်တာ လဲ “ဒါန” ခေါ်တဲ့ ပေးကမ်းခြင်း မြောက်ပါတယ်။
      ကိုယ့် ကာယအား ကို သူ့ အထုတ် သယ်ဖို့ ပေးလိုက်တာကိုး။
      အဲဒီကနေ ကိုယ့်လက်ထဲ ရောက်နေတဲ့ သူ့ ပစ္စည်း ကို ယူ မပြေး မိဖို့ ကွကိုယ် သတိတို့ နေရတာကတော့ ” စောင့်ထိန်း ခြင်း” သီလ ဖြစ်သွားသပေါ့။ 😉

      ဒီအကြောင်း ကို ကြည့်ရင်
      ကိုယ့်မျက်စိ ရှေ့ မှာ ကို့ယို့ကားယား အမှုကိစ္စ ကို အမြင်မတော် လို့ ဝင် ဖြေရှင်း ပေးလိုက်တဲ့ သဘော သက်သက်ပါ။
      လူတစ်ဦး ဒုက္ခရောက်တာ ကို နောက် တစ်ယောက် က ကူညီတာ ကို “ပရဟိတ စိတ်” ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။
      အဲဒီလို လုပ်ခြင်း အားဖြင့် ငါတော့ နောင်ဘဝ မှာ ဗလငါးတန် ပြည့်စေတော့ ဆိုတဲ့ စိတ် ဖြစ်စရာ အကြောင်း မရှိ။
      “ပရဟိတစိတ်” ဆိုတာ အင်မတန် မြင့်မြတ်တဲ့ စိတ်ပါ။
      ကိုယ့်ကိုယ်ကျိုး အတွက် ရယူလိုခြင်း မရှိဘဲ သူများကို ကူညီခြင်း သက်သက် မို့ပါ။
      ဒီ အတွက် ဘယ်သူ့ ကိုမှ မထိခိုက်စေပါဘူး။

      အစ်မ အထင်တော့ (အသေအချာ အမှန်လို့ မပြော) “ပရဟိတ” ဆိုတာ ကောင်းတဲ့ စိတ် ကလေး က နေ ဦးဆောင်ပြီး လုပ်လိုက်တဲ့ အကြောင်းလေးလို့ ထင်ပါတယ်။
      လူတစ်ဦးချင်း ကနေ အဖွဲ့ နဲ့ လုပ်နိုင်ပါတယ်။

      ဒီတော့ “ပရဟိတ” ဆိုတာ ကို ဘာသာရေးခေါင်းစဉ် အောက် မှာ တပ် တိုင်း မမှန်နိုင်ပါ။
      ကြည့်ရတာ။
      သူကြီးမင်း နဲ့ ပြုံးညီမ တို့ က ပရဟိတ ဆိုတာ နဲ့ ဘုန်းကြီး တွေ စာသင်တာချည်း ပြေး မြင်နေကြပြီး မျက်မှန်စိမ်းတပ်နေကြတယ်ထင့်။ lol:-)))) 😉

      အချိန်သာရှိရင် ပရဟိတ ကနေ နွယ်လာတဲ့ ဖောင်ဒေးရှင်းတွေ၊ ချာရတီ တွေ အကြောင်း ဆက်ချင်သေး။
      သို့ပေသည့် ဒီမှာတော့ ရပ်ပါပြီ။
      နောက်မှပေါ့။
      :))

      • ဝင့်ပြုံးမြင့်

        February 20, 2015 at 12:09 am

        .ပရဟိတ ကနေ နွယ်လာတဲ့ ဖောင်ဒေးရှင်းတွေ၊ ချာရတီ တွေ အကြောင်း ဆက်ချင်သေး။ ဆိုတော့ မျှစ်ကြော် ကြောင်သွားပြီ။ ပရဟိတ လုပ်ဖို့ ဖောင်ဒေးရှင်း ထူထောင်ရတယ်။ ဒီဖောင်ဒေးရှင်းကို အမှီပြုပြီး ရိတ်ကြတယ်။ ဒီပွဲမှာ ဆရာကြီး ဦးအောင်သင်းတို့တောင် ခံခဲ့ရတယ်။ မလတ် ပြောတာကို မျှစ်ကြော်ကြောင်နေပြီ။ နားမလည်တော့ဘူး။

    • မြစပဲရိုး

      February 19, 2015 at 10:40 pm

      . နောက်တစ်ချက် ကတော့ ညီမ ပြုံး နဲ့ သူကြီးမင်း ကို မေးရုံ သက်သက်ပါ။
      ဆိုပါစို့။
      . ခြံကြီး တစ်ခြံ ထဲ မှာ အသီးအနှံ တွေ အများကြီး။
      အဲဒီ ထဲ ကို လူ ၁ဝ ယောက် ရောက်သွားတယ်။
      သူတို့ ကို ဘယ်လို ပြောမလဲ။
      (၁) ဟေ့ ခူးကြကွာ။ ကိုယ်ခူးတာ ကိုယ် ယူဟေ့။
      (၂) ဟေ့ ခူးကြကွာ။ ဒီမှာလာပုံထား။ ပြီး ရင် အားလုံး ညီတူ ခွဲ ယူကြတာပေါ့။

      နံပါတ် (၁) လား။
      နံပါတ် (၂) လား။
      (သိတယ်ဟုတ်၊ ရှင်တို့ အစ်မ ဘာ ကို ဦးတည် နေပြီ ဆိုတာ)
      . ဖြေပါလေ။ :))

      တစ်ခြားသူများ စိတ်ဝင်စားရင်လဲ ဝင်ပြီး ဖြေကြပါ။
      ဆက်ပြီး ဆွေးနွေး ကြ ရင်တော့ အတိုင်းထက် အလွန်ပါဘဲ။

      • ဝင့်ပြုံးမြင့်

        February 20, 2015 at 12:03 am

        .နံပါတ် (၂) ပါ။ ဒါမှ တရားမျှတ မှာပေါ့။

      • Ma Ma

        February 20, 2015 at 7:02 am

        မအူမလည်နဲ့ ဝင်ရှုပ်လိုက်အုံးမယ်။

        ခူးကြကွာ လို့ ပြောတာ အာဏာရှင်။

        သူ့ကို ဖယ်လိုက်ရင်..
        နံပါတ်၁ က ဒီမိုကရေစီစနစ်။
        ကိုယ်ခူးတာ ကိုယ်ရမယ်ဆိုရင် အင်တိုက်အားတိုက်လုပ်ကြလို့ အလုပ်ဖြစ်မယ်။ ပြီးမြောက်မယ်။
        ဒါပေမယ့် လုယက်ခူးကြပြီး ပြဿ နာတွေ ဖြစ်ကြမယ်။

        နံပါတ်၂ က ဆိုရှယ်လစ်စနစ်။
        သမဝါယမစနစ်လို ရလာတဲ့ အကျိုးအမြတ်ကို စုပေါင်းမျှဝေခံစားရမယ်ဆိုရင်
        လုပ်လုပ် မလုပ်လုပ်
        အကျိုးတူခံစားရတာမို့ ဘယ်သူမှ အလုပ်ကို အင်တိုက်အားတိုက်နဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်ကြမှာ မဟုတ်ဘူး။

        စနစ်၂ခုစလုံးမှာ အားနည်းချက် အားသာချက်တွေတော့ ရှိကြတယ်။

        • padonmar

          February 21, 2015 at 12:11 am

          အမွှာဆိုတော့ သဘောထား တူတူပဲ။

      • kai

        February 20, 2015 at 2:41 pm

        အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီး… ထိုက်သင့်တဲ့တုံ့ပြန်မှုလုပ်သင့်တယ်..။
        ဆိုတော့…….
        ၁နဲ့ ၂မေးခွန်းကို. .ဘယ်သူကမေးနေတာလည်း..။
        ၁ဝယောက်ထဲက တယောက်လား….
        မိုးပေါ်ကနတ်မင်းလား..။ :k:

        • မြစပဲရိုး

          February 21, 2015 at 3:29 am

          အခုမေးနေတာလေ ဘေးက စာရင်းကြီး မှာ ပါတဲ့ ထိပ်တန်း ဒိတ်ဒိတ်ကျဲ ၁ဝ ယောက်ထဲ က နံပါတ် မှာ (၈) က မေးနေတာ ပါရှင့်။
          ရှင် မ ဖြေ ရဲ ပါဘူး သူကြီးမင်း ရယ်။
          မဟုတ်လား။

          ဒီမယ် ညီမ ပြုံး။
          ဒီနေရာမှာတော့ “ပြုံးမမဖက်က.. ကျုပ်ရှိပါကြောင်း..။” ဆိုတဲ့ လူကြီး ပြုံးမမ ဖက် မှာ မရှိရဲပါဘူးလေ။
          . လောင်းတောင်လောင်းလိုက်ချင်သေး။
          lol:-)))))))))))))))))))))))))))))))))

    • padonmar

      February 20, 2015 at 11:01 pm

      .ဘုရားစကားကို ဘာသာပြန်ကြရာက နည်းနည်းစီ .လွဲချော်နိုင်ပါတယ်။အဲဒီ ပြဿ နာက လွတ်အောင် .ပါဠိနားလည်တဲ့ ရဟန်းသံဃာများက .အယူအဆကွဲပြားချက်တွေ တွေ့တဲ့အခါ ဖြစ်နိုင်ခြေတွေကို .ဆန်းစစ်ပေးကြပါတယ်။
      .(ဥပမာ-မနောဓာတ်နဲ့ မနောဝိဉာဏဓာတ် .စိတ်စေတသိက်ဟာ ဟဒယ ဝတ္ထုကို မှီတယ် ဆိုတဲ့ .စကားမျိုးကို မြတ်စွာဘုရားက တိုက်ရိုက် .မဟောခဲ့ဘူး။ဒါပေမယ့် ဖြစ်နိုင်ခြေကို ယူပြီး နှလုံးသွေးကို .ယူတယ် ဆိုတာမျိုး၊ပါချုပ်ဆရာတော်ကတော့ .တခါတရံ နှလုံးသွေး၊တခါတရံ ဦးနှောက်ကို မှီပြီး ဖြစ်တယ်လို့ .ယူဆချင်တယ် ဆိုတာမျိုး)
      .အဲဒါတွေက စာထဲမှာ ငြင်းကြတာမျိုးတွေပါ။
      .တကယ့်လက်တွေ့ဘဝထဲမှာတော့ ငြင်းစရာ မလိုပါဘူး။
      .အပေါ်ပို့စ်ထဲမှာ ရေးထားတဲ့ ဒါန(မလတ်ပြောသလို ပေးကမ်းခြင်းပဲ သုံးရအောင်)ရဲ့ အချက်အလက်အင်္ဂါတွေကို တကယ်လိုက်နာရင် မျှစ်ကြော်ပြုံး ပြောချင်တဲ့ လူ့ဂုဏ်သိက္ခာလည်းပါသွားပြီးသားပါ။
      .သူ့မှာတကယ်လိုအပ်တာ၊သူ့မှာတကယ်အကျိုးရှိမှာ၊သူစိတ်ချမ်းသာသွားမှာ ကို တွေးပြီး ကိုယ်စွန့်နိုင်သလောက် စွန့်တဲ့ ကိစ္စမှာ သူ့ဂုဏ်သိက္ခာထိခိုက်အောင် မဖြစ်နိုင်တော့ပါဘူး။
      (တီဒုံလည်း အရင်ကတော့ ပြုံးပြောသလို ငွေပေးလိုက်ပြီးတဲ့ ဒါနမျိုးပဲ လှူခဲ့ပေမယ့် တကယ်ပရဟိတလုပ်တဲ့ သူငယ်ချင်းမေအေးဦးနဲ့ ပြန်ဆုံပြီးနောက်ပိုင်း ကိုယ်စွမ်းနိုင်သ၍ သူတပါးဖက်ကို ကြည့်လှူတဲ့ ဒါနမျိုး လှူတတ်လာပါတယ်။လမ်းဘေးကလေး မွေးစားဖို့ကတော့ ကိုယ်စွမ်းနိုင်တဲ့ထဲမပါသေူတာ အမှန်ပဲ။ကိုယ်မစွမ်းပေမယ့် စွမ်းတဲ့သူတွေ ရှိပါတယ်။အဲဒါ အများစုက ဘုန်းကြီးနဲ့ သီလရှင်တွေပဲ။)
      …………….
      စောဒကတွေ မလိုချင်တာ မဟုတ်ပါဘူးပြုံးရယ်။ကိုယ့်ကို ဟုတ်တယ်မှန်တယ်ပြောတာထက် ဝေဖန်တာ ပိုကြိုက်ပါတယ်။
      အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်မှာ အချိန်ပေးနိုင်မှုနည်းနေတဲ့အခါ သူများတွေ အမြင်လွဲသွားမှာ မဖြစ်စေချင်တာပါပဲ။
      တီဒုံ့ပို့စ်ဆိုရင် ရွာကလူတွေတွက် ကြိုက်သလို ပြောခွင့်ရှိတဲ့ ကစားကွင်းပါ။

  • ဝင့်ပြုံးမြင့်

    February 19, 2015 at 3:06 pm

    .စာလုံးပေါင်းမှားသွားလို့- နျူ ကလီးယား ဗုံးတစ်လုံးလို ပေါက်ကွဲအားပြင်းထန်မယ့် ပဋိပက္ခ လို့ ရေးတာပါ။

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 19, 2015 at 3:44 pm

    ​ဖေ​ဖျာ်​ရီ ၁၈ လားဗျ
    ဒါဆိုအဘိုးနဲ့ ​မွေး​နေ့တူတယ်​

    late HPBD
    ပါဗျ
    အဘိုးက​တော့ သံဃာ့​ဆေးရုံ စစ်​ပွဲထိခိုက်​ရဲ​ဘော်​ ​တွေနဲ့
    ဗိုလ်​ချုပ်​ရုပ်​ရှင်​ အတွက်​လှူခိုင်​းလို့ သွားလှူ​ပေးခဲ့ပါ​ကြောင်​းရယ်​

  • kai

    February 19, 2015 at 4:16 pm

    အဲ..သူများမွေးနေ့ပွဲဝင်းထဲလာပြီး. ပြောဆိုနေတာလေးခဏရပ်ပြီး.. ထုံးစံအတိုင်းဆုတောင်းမယ်နော…
    မွေးနေ့မင်္ဂလာ.. မင်္ဂလာမွေးနေ့..မင်္ဂလာတွေလုပ်ယူပြီးရစေ…တွေ့စေသတည်း..။ :k:

  • La Yeik

    February 20, 2015 at 9:21 am

    Happy Birthday အန်တီဒုံ….

  • Novy

    February 20, 2015 at 10:57 am

    စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်
    မမဒုံရေ…

  • padonmar

    February 20, 2015 at 11:22 pm

    ဂီ၊သူကြီး၊လရိပ်၊မနို
    ကျေးဇူးပါ။
    မွေးနေ့ပွဲမဟုတ်ပါဘူး။များများငြင်းကြရင် ပွိုင့်များများရတာပေါ့။

  • ဝင့်ပြုံးမြင့်

    February 21, 2015 at 1:49 am

    .တော်သေးတာပေါ့။ မွေးနေ့ရှင် စိတ်ဆိုးသွားပြီလို့ မှတ်တာ။ ဘယ်နှနှစ်ပြည့်မွေးနေ့မှန်း တောင် မမေးလိုက်ရဘူး။ ဟိုဘက်က လက်ဆောင်ပို့စ်လေး ကို ဝေဖန်ပေးပါဦး တီဒုံ။

Leave a Reply