Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jun 24 ။ စစ်ကောင်စီက သူတို့လက်လွှတ်ထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ သုံးလကျော် ရှိနေပြီး စစ်ကောင်စီဘက်က မြေပြင်၊ ဝေဟင်နဲ့ ဒရုန်းတွေနဲ့ပါ တိုက်စစ်ဆင်နေရာ တအားန်းတပ်(TNLA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေဘက်က လက်လွှတ်ရတဲ့ နေရာတချို့ ရှိနေကြောင်း BBC သတင်းက ဖော်ပြပါတယ်။ Jun 23 ။ မတ် ၂၈ ရက်ကနေ ၃ လလောက်အတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် လူပေါင်း ၅၀၀ ကျော်သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဇွန် ၂၀ ရက်ထိ ကာလအတွင်း စကစ လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း ၆၂၂ […]


May 28 ။ ၃ နှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြီး(၂)ခုဒဏ် ခံထားရတဲ့ မြန်မာပြည်မှာ အခု မုတ်သုံကာလ အစမှာပဲ မိုးကြီး ရေလျှံမှုတွေ ကြုံနေရပြီး လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများရေကြီးနိုင်ကြောင်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။ May 27 ။ မန္တလေးတိုင်းအတွင်း ၂၀၂၄ နဲ့ ၂၀၂၅ အတွင်း ရွှေဆိုင် ၁၄ ဆိုင် ဓားပြတိုက်ခံရပြီးနောက် Guardian Link နည်းပညာစနစ် အသုံးပြုဖို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ဒီကုန်ကျစရိတ်အတွက် ရွှေဆိုင်နဲ့ ဘဏ်တွေဟာ တိုင်းရဲတပ်ဖွဲ့ကို စက်ဖိုးကုန်ကျစရိတ် ၁၂ သိန်း အပြင် လစဥ်ကြေး (၁)လ ၂၀,၀၀၀ ကျပ် ပေးရမယ်လို့ DVB သတင်းက ဖော်ပြပါတယ်။ May 26 ။ […]


Copy/Paste မြန်မာပြည်သတင်း ဒိုင်ယာရီ Mar/Apr 2025 သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။ Apr 27 ။ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးအင်အားကို အားထားနေရချိန်၊ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ အရည်အသွေးကောင်းသည်ထက်ကောင်းအောင် ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၅ နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။ Apr 26 ။ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကျန်းမာရေးဝန်ထမ်းတွေ ပြောဆိုချက်ကို ကိုးကားပြီး ကိုးကန့်တပ် MNDAA က ပြောခဲ့ပါတယ်။ Apr 25 ။ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကြက်ဥ (၁) လုံး ၈၀၀ ကျပ်ထိ စံချိန်တင်မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။ […]


သင့်အေးရိပ် စုဆောင်း တင်ပြသည်။ Feb 27 ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်(AA)ကြား တိုက်ပွဲတွေအရှိန်မြင့်နေပြီး စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေလည်းရှိခဲ့တဲ့အပြင် မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ထိစပ်တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ Feb 26 ။ ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ်မိုး ဆက်တိုက်ရွာတာကြောင့် ဆောင်းသီးနှံတွေ ရေနစ်မြုပ်ပျက်စီးမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ မြန်အောင်၊ ကြံခင်း၊ သာပေါင်း၊ ရေကြည် စတဲ့ မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ စတဲ့သီးနှံတွေ ရေနစ်မြုပ်ခဲ့တာပါ။ Feb 25 ။ မြန်မာပြည်ဟာ ၂၀၂၄ အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် […]


သင့်အေးရိပ်February 6, 202514min14120
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jan 29 ။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံတဝန်းက လူငယ်အမျိုးသားတွေအပြင် အမျိုးသမီး(အိမ်ထောင်သည်တွေ)ကိုပါ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်ယူတာတွေလုပ်ဆောင်လာကြောင်း BBC သတင်းအရ သိရပါတယ်။ Jan 28 ။ US ဒေါ်လာဈေး ဆက်တိုက်ကျဆင်းနေပြီး တဒေါ်လာ ၄,၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းခဲ့ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အငြိမ်းစား မြန်မာစာ ပါမောက္ခဆရာကြီး မောင်ခင်မင်(ဓနုဖြူ) (အသက် ၈၄ နှစ်)ဟာ ဒီနေ့မနက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Jan 27 ။ လမ်းမတော်လမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက် စည်ကားခဲ့တဲ့ ချိုင်းနားနှစ်သစ်ကူးပွဲတော်က ယခုနှစ် (၂၀၂၅)မြွေနှစ် တရုတ်တန်းရဲ့ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာတော့ ဆိုင်ခန်းတွေ လျော့ကျခဲ့သလို လသာလမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက်မှာလည်း ခြောက်ကပ်နေခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ […]


မြန်မာပြည်သတင်း ဒိုင်ယာရီ Nov/Dec 2024 သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Dec 28 ။ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ စစ်ကောင်စီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ သမဝါယမဦးစီးဌာန ဝန်ထမ်းတွေက ဒေသခံ တောင်သူတွေ စိုက်ထားပြီးဖြစ်တဲ့ မတ်ပဲစိုက်ခင်းတွေကို ဝန်ကြီးဌာန အမိန့်အရဆိုကာ ဖျက်ဆီးခိုင်းပြီး နေကြာတွေ ပြန်လည်စိုက်ပျိုးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ အထဲ စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က သတင်းထုတ်ပြန်ပါတယ်။ Dec 27 ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ထဲက စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က […]


သင့်အေးရိပ်December 24, 20248min3480
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 27 ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းကို ပြန်လာကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ Nov 26 ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူတွေ စံချိန်တင် များပြားလာနေပြီး မြန်မာပြည်ရဲ့ နေရပ်စွန့်ခွာသူ ဦးရေဟာ ၃ ဒသမ ၄ သန်းရှိလာကြောင်း UNOCHA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရခိုင်ရိုးမတောင်ကြောထဲက အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံးကျေးရွာ ၃ ရွာခန့် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကမီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့ကြောင်း […]


သင့်အေးရိပ်November 12, 20249min12010
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 27 ။ မြန်မာစစ်တပ်သမိုင်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ပါပြီ။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ ဦးဆောင်စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပထမဆုံးနေ့မှာတင် ချိုင်းနားနယ်စပ်မြို့ ချင်းရွှေဟော်ကနေ လားရှိုးမြို့အထိ တပြိုင်နက် တိုက်ခိုက်ခဲ့တာပါ။ Oct 26 ။ ပါတီ ဖျက်သိမ်းခံထားရတဲ့ NLD ပါတီ အနေနဲ့ ပြန်လည် မှတ်ပုံတင်မယ်ဆိုရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း BBC သတင်းဖေါ်ပြချက်အရ သိရပါတယ်။ တိုက်ပွဲတွေနဲ့ စစ်‌ကောင်စီတပ်ရဲ့‌ နေအိမ်မီးရှို့မှုကြောင့် နီးစပ်ရာ စစ်ဘေး‌ရှောင်စခန်းတွေမှာ […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Sep 26 ။ MNDAA နဲ့ TNLA တို့ NUG နဲ့ပေါင်းပြီး US ထောက်ပံ့မှုယူနေတယ်လို့ စစ်ကောင်စီစွပ်စွဲတဲ့အပြင် US က မြန်မာပြည်တွင်း မငြိမ်သက်အောင်လုပ်နေပြီးဒါဟာ US အကျိုးစီးပွား ကြောင့်မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်တဲ့ ချိုင်းနားကို ထိုးနှက်ဖို့ဖြစ်တယ်လို့လည်း သတင်းထုတ်ပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို တိုက်ခိုက်နေတဲ့အပေါ် US နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ရှုတ်ချလိုက်ပြီး မြန်မာပြည်သူ၊ ကျောင်းသူ/ကျောင်းသား၊ ကျောင်းဆရာ/ဆရာမတွေရဲ့ လုံခြုံရေးအတွက် စာသင်ကျောင်းတွေကို တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် ရပ်ကွက် ၈ ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်အေအေက […]


သင့်အေးရိပ်September 6, 20249min6360
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Aug 27 ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန်မှာပဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ပြီး ဒုတိယ ဗိုလ်မှူးကြီးအပါဝင် စစ်သုံ့ပန်းတွေနဲ့ လက်နက်တွေကို ဖမ်းဆီးရမိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ၇ နှစ်ပြည့်တဲ့ ဒီသီတင်းပတ်မှာ ဒီအကြမ်းဖက် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေဘက်က US က ဆက်လက် ရပ်တည်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ US သံအမတ်ကြီး Linda Thomas-Greenfield က ကြေညာချက် ထုတ်ပါတယ်။ Aug 26 ။ လယ်ယာလုပ်ငန်းတွေအတွက် လုပ်သားရှာ […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ July 25 ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် -ကိုးကန့်တပ်(MNDAA)က ဒီနေ့မနက် သိမ်းပိုက်နိုင်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီသတင်းဟာ မှန်ကန်မှုမရှိဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တုန့်ပြန်ပါတယ်။ ပညာရည်မြှင့်တင်တဲ့အနေနဲ့ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြား နိုင်ဖို့နဲ့ KG +9 အထိ မဖြစ်မနေ သင်ကြားရေးကို ၂၀၂၁ ကတည်းက မူဝါဒ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ပုဂ္ဂလိကကျောင်းတွေဖွင့်ခဲ့ပေမဲ့ စစ်တပ်ဝန်ထမ်း သားသမီးတွေဟာ အစိုးရအခြေခံပညာကျောင်းတွေမှာသာ အလေးထားတက်ရောက်ကြတာကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကိုကြည့်ရင် စစ်တပ်ကျောင်းနဲ့ အစိုးရကျောင်းတွေကသာ ထိပ်တန်းက ရပ်တည်နေကြောင်းလည်း ပြောပါတယ်။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စု များစွာမှာ တပတ်ကျော်ကြာ ရေကြီးရေလျှံနေပြီး […]


kaiJuly 26, 20241min5140
ပြင်သစ်ပြည်ပါရီမြို့မှာ… ကမ္ဘာ့အိုလံပစ်ပွဲကျင်းပနေပါတယ်..။ အဲဒီမှာ.. ‌ရွှေပွဲလာပရိတ်သတ် ၁၅သန်းလာဖို့ရှိတာမှာ.. ၂သန်းက… နိုင်ငံရပ်ခြားကလာကြတာ.. တဲ့..။ အခု.. အားကစား‌သမားတွေဆီမှာ.. ကိုဗစ်ပေါ့စတစ်တွေ.. တန်းစီနေတယ်ဆိုပါတယ်..။ ပါရီက.. အိုလံပစ်ရွာမှာ.. အားကစားသမားနဲ့…အဖွဲ့ဝင်.. အကူဝန်ထမ်း၁၄၀၀၀ ရှိတာဖြစ်ပြီး..ကိုဗစ်.. ပြန့်ထွက်သွားလို့ကတော့.. ပွဲပျက်ကိန်းပါ..။ ဟိုး.. ၄နှစ်ကကျင်းပတဲ့.. ၂၀၂၀ တိုကျိုအိုလံပစ်လည်း.. ကိုဗစ်ကြောင့်.. တနှစ် ၂၀၂၁ ဆီရွှေ့ဆိုင်း..ရွေ့ဆိုင်းရင်း.. အတင်းလုပ်တော့..လူမရှိသူမရှိ.. ခြောက်ကပ်ကပ်နဲ့ပြီးသွားခဲ့..။ အိုလံပစ်ဆိုတာမျိုးက… ဆိုင်ရာလက်ခံကျင်းပတဲ့.. တိုင်းပြည်ရဲ့.. စီးပွားရေးကို..ဆွဲတင်မောင်းနှင်နိုင်တာမို့… ဂျပန်တွေ.. ကိုဗစ်နဲ့… အိုလံပစ်စီးပွားမဖြစ်ခဲ့..။ ဟော.. အခု.. ပြင်သစ်အလှည့်..။ အမေရိကားပြည်တွင်းမှာလည်း.. ကိုဗစ်.. မျိုးသစ်တွေနဲ့.. ဖြစ်နှုန်းတရိပ်ရိပ်တက်လာနေပါတယ်..။ ခရီးသွားသူ.. လူစုလူဝေး.. အအေးခန်းထဲစုသူများ.. သက်ရှူစည်းကာ Mask တပ်…၊ ကာကွယ်ဆေး.. ထိုးနိုင်သလောက်ထိုးထားကြစေလို..။ သက်ကြီးများက.. အဓိကသတိထားကြပါ..။ အမေရိက… သမ္မတရွေးပွဲလည်း.. […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jun 23 ။ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်အရေးပါတဲ့ ရခိုင်ပြည်နယ်က တောဟိန်းတောင် ဗျူဟာကုန်းကို ဒီကနေ့မှ အာရက္ခတပ်တော်(အေအေ)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။ မြန်မာပြည်တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာမယ့် ရိုဟင်ဂျာတွေကို ထပ်ပြီးလက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြောကြောင်း သိရပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ခွဲအတွင်းမှာ ဆန်စျေးတွေေ ၃ ဆ နီးပါး မြင့်တက်လာပြီး ဒါဟာ ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးစျေးနှုန်းဖြစ်ကြောင်း ဆန်ကုန်သည်တွေနဲ့ လက်လီရောင်းချသူတွေက ပြောပါတယ်။ ယခု ‌ဆန်အချော ၁ ပြည်ကို မြန်မာငွေ ကျပ် ၁ သောင်းနားကပ်နေပြီး ဇီယာ၊ လုံးသွယ်လိုဆန်အမျိုးအစားတွေကတော့ ၁ ပြည် ၅၀၀၀ ကျပ်လောက်ထိ စျေးမြင့်တက်နေတာပါ။ Jun 22 […]