“When written in Chinese, the word ‘crisis’ is composed of two characters—one represents danger, and the other represents opportunity.”- John F. Kennedy “နေပြည်တော် (သို့)ငလျင်ကြောပေါ် ကမြို့တော်”၂၀၀၂၏တနေ့သ၌ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မင်းကြီးညိုရာဇဝင်စာအုပ်ထဲမှ ဗျာဒိတ်အရဆိုကာ နေပြည်တော်ကို တိုတောင်းသော အချိန် ၃နှစ်ကျော်အတွင်း အမြန်တည်ဆောက်ခဲ့ပြီး ၂၀၀၅ နိုဝင်ဘာ ၆ ရက်နေ့တွင် ညကြီးမင်းကြီး ထရပ်ကားထောင်ချီတန်းများနှင့် ရန်ကုန်မြို့မှ ရုံး/အစိုးရဝန်ထမ်း ပရိဘောဂများတင်ဆောင်၍ မြို့ကို ထ, အသက်သွင်းခဲ့သည်။ မြို့အပြီးပြောင်းရွေ့ချိန်ကို ၄၈ နာရီသာပေးခဲ့၏။ ထိုနောက်ကာလက မြို့အဝင်အထွက်ကိုထိန်းချုပ်ထားခဲသဖြင့် လူသူကားရှင်းလင်းနေသော ၆လမ်းသွားလမ်းမကြီးများနှင့် မီးထိန်ထိန်နေပြည်တော်ကို ကမ္ဘာ့နိုင်ငံများတွင်ပဟေဋိမြို့ […]