ထရမ့်က.. အဲလိုဆိုပါတယ်..။ သမ္မတဘိုင်ဒင်ရဲ့သား.. ဟန်တာဘိုင်ဒင်ရင်ဆိုင်နေရတဲ့.. အမှုတွေအတွက်.. အမေရိကတရားရေးဌာနက.. ပေးလိုက်တဲ့.. အပြစ်အတိမ်အနက်ကို.. နှိုင်းပြောလိုက်တာပါ..။ ထရပ်ဖစ်တစ်ကက်ဆိုတာက.. အင်မတန်အပေါ့စားပစ်မှုပါ..။ ငွေလျှော်လိုက်ရင်ပြီးပါတယ်..။ အခုလိုဖြစ်လာတဲ့.. ဇတ်လမ်းအစက .. ၂၀၁၈ ထရမ့်သမ္မတဖြစ်နေတုံးကစပါတယ်..။ ဟန်တာဘိုင်ဒင်ကို.. ၅နှစ်လောက်.. တရားရေးဌာနက.. စုံစမ်းစစ်ဆေးပြီးသကာလ.. ဟန်တာဘိုင်ဒင်ကို.. ပစ်မှုထင်ရှားတယ်ဆုံးဖြတ်.. ဟန်တာကလည်း.. အပြစ်ရှိကြောင်းဝန်ခံလိုက်တာပါ..။ အခွန်မဆောင်မှုနဲ့.. မူးယစ်ဆေးစွဲနေတုံး.. သေနတ်ကိုင်မှုတို့အတွက်.. အပြစ်ရှိတာမို့.. အခွန်မဆောင်တာကို.. ဆောင်..။ သေနတ်မကိုင်ရတာကို… မကိုင်ပဲ.. အတိုင်းအတာတခုနေလိုက်ရင်.. ပြီးမယ့်သဘော..။ ထောင်ကျမယ့်ပုံမပေါ်..။ အမှုလိုက်ခဲ့တဲ့.. ယူကရိန်းစွမ်းအင်ဌာနဆီက.. လာဘ်ငွေလက်ခံမှု.. ၊ ချိုင်းနားကုမ္ပဏီဆီက.. စိန်တုံးကြီးရထားမှုတို့.. ဘာဖြစ်သွားသလဲ.. မသိ..။ သမ္မတဘိုင်ဒင်ကတော့.. ရှေးက.. သူ့သားဟန်တာမှာအပြစ်မရှိကြောင်းပြောဖူး..။ အခုလည်း.. ဂုဏ်ယူပါတယ်လို့.. ပြောလိုက်ကြောင်း..။ သူ၂၀၂၀မှာ.. သမ္မတဖြစ်လာပေမယ့်.. ထရမ့်လုပ်သွားတဲ့.. တရားရေးဌာနက.. သူ့သားအမှုလိုက်တာကိုတော့.. […]