kaiJune 10, 20254min5150
ပန်းခြံများနှင့် လူ့အသိုင်းအဝိုင်းထိတွေ့ဆက်ဆံမှုသည် နှစ်ကာလများကြာရှည်လာသည်နှင့်အမျှ ထင်ရှားသောမိုင်တိုင်များကို နှစ်ဦးနှစ်ဘက် သဘောတူစွာ စိုက်ထူနိုင်ခဲ့ကြသည်။ Los Angeles တွင်နေထိုင်သော မြန်မာပြည်မှလာရောက်အခြေချလာသူများသည် San Gabriel Valley တွင် လူဦးရေထူထပ်ပါသည်။ Monterey Park မြို့သည် San Gabriel Valley တွင် တည်ရှိပြီး မြန်မာအများစုနေထိုင်ကြသောမြို့ဖြစ်သည်။ မြန်မာများ US သို့ ရွှေ့ပြောင်းလာချိန် ၁၉၆၂ နောက်ပိုင်းတွင် တကြိမ်၊ ၁၉၈၈နောက်ပိုင်းတွင် တကြိမ်၊ ၂၀၀၇၊ ၂၀၂၁ ခုနှစ်များတွင် Los Angeles သို့ စစချင်းရောက်ရှိလာသောမြန်မာအများအပြားသည် ဘဝကိုအသစ်တဖန်ပြန်စရန်အတွက် အာရှသားပိုင်လုပ်ငန်း အများအပြားရှိပြီး မြန်မာကွန်မြူနတီအင်အားတောင့်သော Monterey Parkတွင် အများပြည်သူအပမ်းဖြေရန် ပန်းခြံ၁၄ခုရှိသည်။ မြန်မာအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုအတွက် ဗဟိုအချက်အချာ Barnes Park Los […]


kaiApril 20, 20253min18570
ဧပြီ၁၆၊ ၂၀၂၅ – Westmister, CA ။ Repubicans များက လွှတ်တော်တွင် Medicaid အတွက် သတ်မှတ်ထားသော $880 ဘီလျံကို ဖြတ်မည့်အဆို အောင်မြင်ပါက Medi-Cal အပေါ်မှီခိုနေရသော Californians များအပေါ် မည်သို့ ဆိုးကျိုးတွေသက်ရောက်မှုရှိမည်လဲဆိုသောအချက်ကို ဆွေးနွေးသည့်အစည်းအဝေးကို American Community Media က ဦးစီးပြီး Nguoi Viet Office ၏ အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။ Medi-Cal သည် သက်ကြီးများ၊ လူကြီးများနှင့်ကလေးများအတွက် State နှင့် Federal က ထောက်ပံ့ပေးသော ကျန်းမာရေးအာမခံဖြစ်သည်။ လွန်ခဲ့သောသတင်းပတ်က House အောက်လွှတ်တော် နှင့် Senate အထက်လွှတ်တော် သည် ဖယ်ဒရယ်၏ဘတ်ဂျက်များကိုလျော့ချရန် အဆိုတင်သွင်းခဲ့သည်။ နောက်ဆုံးအဆုံးအဖြတ်ကို လာမည့်လပိုင်းများတွင် […]

MyanmarGazette-March-2025-17-1280x1999.jpg

kaiApril 3, 20251min10480
“Myanmar Gazette Mar/Apr 2025” ◆ ၂၀၂၅ စာရေးရွာ မန္တလေးငလျင်ကြီး။◆ Kim Aris နဲ့ NYC က မြန်မာမိသားစုများတွေ့ဆုံပွဲ မျက်နှာဖုံးသတင်း။◆ထိုင်း-မြန်မာနယ်စပ်ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ Rev ထွေးဒင်ညွန့်နဲ့BCC အသင်းတော်အသင်းသားများအကြောင်း မျက်နှာဖုံးသတင်း။◆ BAMA အသင်းမိသားစုများရဲ့ ဝါဖြေပွဲအခမ်းအနား။◆ တူးတူးရဲ့ LA မှာဖျော်ဖြေခဲ့တဲ့ တော်လှန်ဂီတည◆ San Francisco ဧမာနွေလအသင်းတည်ထောင်ခြင်းနှစ်၂၀ပြည့်အခမ်းအနား။◆ မျိုးသန့်ထွန်း(စစ်ကိုင်း)ရဲ့ ဦးနုပြတိုက်(၂)◆ Pharm. D ဘွဲ့ရ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် Rachel Chhek နဲ့ တွေ့ဆုံခြင်း။◆ March အလှပန်း Katilyn Chin◆ ပဲနီလေး(ခေါ်) ပဲရာဇာအကြောင်း ကျန်းမာရေးအာဟာရဆောင်းပါး။◆ The Stringed Souls by Amy Khaing◆ KaiTamsin Bwor […]


kaiMarch 31, 20255min9780
ယခင်လက မတတ်သာ၍ ရဲအရာရှိများနှင့် ပတ်သက်ခဲ့ရပါက ဘယ်လိုနေထိုင်ရမည်၊ ဘယ်လိုပြောဆိုဆက်ဆံရမည် စသဖြင့် အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ လိုက်နာကျင့်သုံးကြဖို့ ထပ်မံတိုက်တွန်းလိုပါသည်။ ယခုလတွင်တော့ ရုတ်တရက် နေထိုင်မကောင်း၍ ဖြစ်စေ၊ accident တစ်ခုခုနှင့် ကြုံကြိုက်၍ဖြစ်စေ၊ ဆေးရုံသို့ သွားရမည်ဆိုပါက ဆေးရုံဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များနှင့် ပြောနိုင်ဆိုနိုင်အောင်၊ ပြောတတ်ဆိုတတ်အောင် ဖော်ပြပေးလိုပါသည်။ ဦးစွာပထမ စာဖတ်သူအားလုံးကို health insurance ရှိနေပါစေ။ မရှိသေးပါက မဖြစ်မနေ ရယူထားပါဟု သတိပေးလိုပါသည်။ ဤနိုင်ငံတွင် health insurance မရှိခဲ့ပါက အလွန်ပင် ဒုက္ခရောက်ပါသည်။ ကျန်းမာရေးကို လျှော့တွက်၍ မရပါ။ မိမိကိုယ်မိမိ နေထိုင်မကောင်း မဖြစ်နိုင်ဘူးဟု မထင်ကြပါနှင့်။ insurance ရှိသူများကိုလည်း လိုအပ်သည့် စာရွက်စာတမ်းများ အဆင်သင့်ဆောင်ထားဖို့ သတိပေးပါရစေ။ Accident ဖြစ်၍ သတိလစ်နေခဲ့ပါက စာရွက်စာတမ်း […]


kaiMarch 13, 20253min13300
ပန်းခြံများတန်းတူညီမျှရှိရေး နိုင်ငံ့စံပြပြယုဂ်ကို Los Angeles က စတင်လိုက်ခြင်း ဆွေးနွေးပွဲကို ၂၀၂၅၊ ဖေဖော်ဝါရီ၂၁က Ethnic Media Services က ဦးဆောင် ပြုလုပ်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က တနိုင်ငံလုံး၏ ပန်းခြံအဆင့်သတ်မှတ်ခြင်းတွင် Los Angeles သည် နံပါတ်၁၀၀တွင် ၈၈နေရာသို့ ထိုးကျသွားခဲ့သည်။ တန်းတူညီမျှမရှိခြင်း၊ စိမ်းလန်းသောနေရာများနှင့် ပန်းခြံများသို့ သာတူညီမျှဝင်ရောက်ခွင့်မရှိခြင်းတို့သည် Los Anegles မြို့ရင်ဆိုင်ကြုံတွေ့နေရသောပြဿနာများထဲမှ အဓိကကျသောဗဟိုချက်ဖြစ်သည်။ ထိုပြဿနာများကိုဖြေရှင်းဖို့ရာ အတိုးတက်ဆုံးသောနည်းပညာများနှင့် ဇစ်မြစ်မျိုးစုံမှ Angelenos တစ်ဦးချင်းစီက ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မိမိတို့၏အတွေးအမြင်များနှင့် ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာတွေကို မျှဝေကြရမည်ဖြစ်သည်။ ပန်းခြံများတန်းတူညီမျှရှိရေးသည် ပြည်သူ့ကျန်းမာရေးအရာရှိများအတွက် ဘာ့ကြောင့်အရေးကြီးဆုံးသောစိတ်ဝင်စားစရာဖြစ်သလဲ။ ပန်းခြံများတန်းတူညီမျှရှိရေးကို ဘယ်အချက်က ကျဆင်းစေသလဲ။ LA ရဲ့ပန်းခြံစနစ်နဲ့တခြားမြို့တွေကို ဘယ်လိုနှိုင်းယှဉ်မလဲ။ LA တွင် စတင်လုပ်ဆောင်တော့မည့် ကြိုးပမ်းအားထုတ်မှုအတွက် ရှေ့တန်းအရေးတကြီးနေရာကို […]


kaiDecember 12, 20243min5350
ကယ်လီဖိုးနီယားပြည်နယ်သည် သင့်ဆန္ဒမဲစွမ်းအားကို လေးစားအသိအမှတ်ပြုပါသည်။By Shirley N. Weber, PhD, California Secretary of State( ကယ်လီဖိုးနီယားပြည်နယ် အတွင်းရေးမှူး။) ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သူများ- Californians ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာဖြင့် ယခုကဲ့သို့ လူသိရှင်ကြားပြောဆိုနိုင်ကြပါတယ်။ : ကယ်လီဖိုးနီးယားပြည်နယ်ဟာ ကျမတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ပိုမိုသိသာထင်ရှားတဲ့ပြုပြင်ပြင်ဆင်ခြင်းတွေပြုလုပ်ခဲ့ပြီး တခြားပြည်နယ်များထက် မဲပေးပိုင်ခွင့်တွေကို ပိုပြီးလွတ်လပ်ကျယ်ပြန့်အောင် တိုးချဲ့ခဲ့ပြီးဖြစ်ပါတယ်။ နောက်နှစ်မှာ Voting Rights Act – မဲပေးခွင့်အက်ဥပဒေ နှစ်၆၀ပြည့်အထိမ်းအမှတ်ကိုကျင်းပမှာဖြစ်သလို ထိုပြီးမြောက်အောင်မြင်ခဲ့ခြင်းရဲ့ ဆက်စပ်မှုဟာ နက်ရှိုင်းလှပါတယ်။ ထိုတရားဝင်ဥပဒေပြုခြင်းမှတ်တိုင်ဟာ ကျမတို့တိုင်းပြည်ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ အမေရိကန်ပေါင်းမြောက်များစွာ ဆယ်စုနှစ်တွေချီပြီး မဲရုံတွေမှာကြုံတွေ့ခဲ့ရတဲ့ မဲဆန္ဒရှင်တွေကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မဲပေးခွင့်ကိုချိုးနှိမ်ဖောက်ဖျက်ခြင်းတွေကို ဖယ်ရှားပစ်ဖို့ စတင်ခဲ့ပါတယ်။ ကျမရဲ့မိဘများဟာ စာရင်းငှားလယ်လုပ်သူတွေဖြစ်ကြပြီး လူမည်းများကိုလူမျိုးရေးခွဲခြားဆက်ဆံမှုကြီးစိုးသည့် Jim Crow […]

Moorefield-S1-09-1280x853.jpg

kaiJune 7, 202416min7530
“West Virginia ရှိအန္တရာယ်အများဆုံးအလုပ်နေရာများထဲမှတစ်ခုဖြစ်တဲ့ အသားစက်ရုံကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားတို့ရဲ့လုပ်အားကနေ အမြတ်ထုတ်ခဲ့သည်။” – by Allen Siegler MOOREFIELD( မိုးဖီး)— ၂၀၂၀ခုနှစ်၏ မိုးရွာထားသောနေ့လယ်ခင်းတခုမှာဖြစ်သည်။ အနောက်ဗာဂျီးနီးယား(West Virginia)ကြက်သားစက်ရုံသည် ညစ်ပေလျက်ရှိသည်။ သားသတ်ရုံမှာ ချွန်မြသောသံချိတ်များ၊ အရိုးဖယ်အသားထွင်သောလွှများနှင့် ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်များရှိသည်။ သီတင်းပတ်တိုင်းမှာ ကြက်အကောင်ရေသန်းချီသတ်ရသော သားသတ်စက်သည် တိရစ္ဆာန်တို့မှထွက်သောအညစ်အကြေး၊သွေး၊ ဇီဝအကြွင်းအကျန်တို့ဖြင့် တောက်လျှောက်ပေကျံ နေလျက်ရှိသည်။  ထိုနေ့မှာ Hardy County ၏ အကြီးဆုံးအလုပ်ရှင်ပိုင်ဆိုင်သော အသားစက်ရုံမှ စက်များကို သန့်ရှင်းရေးအလုပ်သမားများက ဆေးကြောသန့်ရှင်းရေးပြုလုပ်နေကြသည်။ ထိုသန့်ရှင်းရေးအလုပ်သမားအများစုမှာ ဟစ်စပန်းနစ်(Hispanic)များဖြစ်ကြပြီး ၎င်းတို့ထဲမှာ လူအများမှာ အမေရိကားသို့ရွှေ့ပြောင်းအခြေချလာသူများဖြစ်ကြသည်။  .ပေါ်တူရီကန်လူမျိုး (Puerto Rican)အမျိုးသားတစ်ဦးသည် မထင်မှတ်ဘဲ လည်ပတ်လျက်ရှိသော ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်ကို သန့်ရှင်းရန် ဒူးထောက်လျက်ရှိသည်။   […]


kaiApril 23, 202416min12480
Swe Swe Myint, in her mid-50s, immigrated to the US with her family in 2000 through the Diversity Visa program. Originally an elementary school teacher in Burma, when her husband underwent two heart surgeries, she made the decision to become a caregiver after completing an online caregiver certification Program in 2018.  Swe is a Fremont […]


kaiMarch 11, 20242min8420
“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား” မနေ့ညက… သမ္မတရဲ့… နိုင်ငံတော်အခြေပြမိန့်ခွန်းဟောကြားပါတယ်..။ ဟောက်စ်.. စိနိတ်နဲ့.. စူပရင်းကိုသ့်အပါအဝင်.. ကက်ဘိနက်ဝန်ကြီးများ.. ဗိုလ်ချုပ်ကြီးများ.. အားလုံးရှေ့မှာ.. ဟောကြားပြီး.. မီဒီယာတွေကလွှင့်ထုတ်တာပါ..။ သမ္မတကြီးဟောင်းထရမ့်ကို…. ၁၃ကြိမ်ထိခိုက်ပြောသွားတာမှာ… တကြိမ်မှ.. ထရမ့်ဆိုတဲ့နာမည်ကိုမသုံး.. ငါ့အရင်လူလို့သာသုံးပါတယ်..။ ထရမ့်အမာခံ.. မက်ဂါဖိုက်တာ.. Marjorie က… ဘိုင်ဒန်ခမ်းမထဲဝင်လာကထဲက… ရင်ထိုးတံဆိပ်လေးပေးပြီး.. အဲဒီအမေရိကန်က.. တရားမဝင်ခိုးဝင်သတ်တာခံရသူမို့.. အမည်ကိုပြောပါလို့.. တိုက်တွန်းခဲ့ပြီး.. မိန့်ခွန်ဟောနေတုံးလည်း.. ဖြတ်ပြီးဝင်အော်တာမှာ… ဘိုင်ဒန်က.. နာမည်ထုတ်ပြောခဲ့ပါတယ်..။ ထူးဆန်းတာက.. undocumented immigrant, အစား.. ဒီမိုကရက်တွေသုံးလေ့မရှိတဲ့.. “illegal,” လို့သုံးသွား..။ မိန့်ခွန်းထဲပါတဲ့.. ဘိုင်ဒန်.. လုပ်ပြီး.. လုပ်ပြ.. လုပ်မှာတွေကတော့.. ဒီမိုကရက်တွေထုံးစံတွေအတိုင်းမို့.. ထူးပြီးပြောစရာမရှိ..။ အမေရိကားစီးပွားရေးကတက်နေပြီး.. အလုပ်လက်မဲ့နှုန်းက.. ကျနေတာမို့… စီးပွားရေးအခြေအနေကောင်း..။ အထူးသတိထား.. လူမကြိုက်တဲ့.. နယ်စပ်ခိုးဝင်ကိစ္စနဲ့.. အစ္စရေး-ဟားမားစစ်ကို.. […]


kaiFebruary 17, 20245min16220
ခုရက်ပိုင်းလာမေးနေကြလို့ပါ..။ မေးဆို.. တိုင်းပြည်အခြေအနေက.. သိတော်မူကြတဲ့အတိုင်း…။ ဧပြီကစတလ၅ထောင်နှုန်းနဲ့.. တနှစ် ၆သောင်း… နှစ်ရှည်ခေါ်မှာတဲ့..။ အာဏာသိမ်းပြီး.. သေတဲ့စစ်သားအရေအတွက်ကို.. ကျော်ချင်တိုင်းကျော် .. ဆင့်ခေါ်မှာမို့… ဘာ/ဘယ်အတွက် .. ထ,ခေါ်တာလည်း.. အရင်ပိုစ့်မှာ.. ဤသူသုံးသပ်ထားပါတယ်..။ စစ်ကြီးနီးပြီလေ..။ IR-3/IH-3 Visas ဆိုတဲ့ .. မွေးစားဗီဇာအကြောင်းကို.. အောက်ကဝက်ဆိုက်တွေမှာ.. ဖတ်လို့ရပါတယ်..။ အောက်မှာရှယ်ထားတဲ့.. ‌ဖေ့စ်ဘုတ်က.. တယောက်ကလည်း.. မြန်မာလို.. တော်တော်လေးရေးပေးထားပါတယ်..။ အထူးသဖြင့်… (အထူးသဖြင့်) မြန်မာနိုင်ငံဆိုင်ရာအမေရိကသံရုံးဝက်ဆိုက်မှာလည်း… အောက်ကအတိုင်းရေးတင်ထားပါတယ်..။https://mm.usembassy.gov/u-s-citizen-services/child-family-matters/adoption/ =====================Currently, Burmese law does not allow non-Burmese nationals to adopt or have legal custody of Burmese children. The Kittima Adoption […]


kaiJanuary 30, 20242min6280
ဥတုရာသီမှာ၂၀၂၃ ကအပူလွန်ခဲ့သလောက် ယခုနှစ်ဆန်းတွင်အအေးလွန်ပြပြီး မိုးခေါင်ဒေသများ၌ မိုးသွန်နေပါ၏။ အမေရိကားတွင်အအေးလွန်/မိုးသွန်းမှုကြောင့် လူရာဂဏန်းမျှနီးပါးသေကျေသည်ဆိုပေရာ အစွန်းရောက်နေသည့် ဥတုရာသီကို မီးမောင်းမက လေဆာနှင့်ပင်ထင်ရှားပြနေရာရောက်၏။ ဖေဖော်ဝါရီဆန်းတွင် ပစိဖိတ်သမုဒ္ဒရာ၌စုဖွဲ့ထားသော ကောင်းကင်မြစ်ကြီးအနောက်ဖက်မှ ဝင်လာသွန်ချပါဦးမည်။ မိုးရွာလေ့မရှိမူ၍ မိုးခေါင်ဒေသဖြစ်ခဲ့(ဖူး)သော တောင်ပိုင်းကယ်လီတွင် ရေကြီးရေလျှံမြေပြိုမည်ခန့်မှန်းရသည်။ ၁၉၉၄ နော့ထရစ်ငလျင်ကြီး(Mw၆.၇)နှစ်၃၀ပြည့်ဒေသသည် မိုးနှင့်ဆီးနှင်းဖြင့် သဘာဝဘေးဒုက္ခဖြစ်ပါမည်။ ရာသီဥတုဆိုးဝါးအစွန်းရောက်လာခြင်းကို မိုးလေဝသဖြင့်ခပ်စိတ်စိတ်လေး ကိုယ်ထင်ရှားပြသတည်း။ “စူပါ တောင်မြောက်ကိုရီးယား” စစ်ရေးသိသိသာသာလှုပ်ရှားလာသည်မှာ မြောက်ကိုရီးယားဖြစ်သည်။ ရုရှားနိုင်ငံနှင့်ရွှေလမ်းငွေလမ်းဖေါက်ရင်း မဟာဗျူဟာမြောက်လက်နက်များအထိ ပေးယူ/ရောင်းဝယ်လုပ်လာနေသော မြောက်ကိုရီးယားသည် အချိန်မရွေးပေါက်ကွဲနိုင်သော ကမ္ဘာစစ် ချိန်ကိုက်ဗုံးဖြစ်နေသည်။ အများတွက်ဆထားသည် ချိုင်းနား-ထိုင်ဝမ်မှစမည့် ကမ္ဘာစစ်ကြီးသည် မြောက်ကိုရီးယားဝင်ပါလာလျှင် ကမ္ဘာဖျက်အားမြန်မည်/ကြီးသည်။ ရေအောက်နှုကရီးယားသယ်နိုင်သော ဒရုန်းမျိုးကိုလည်းစမ်းသပ်အောင်မြင်နေသလို ကမ္ဘာပါတ်လမ်းကြောင်းအထိ လွှတ်တင်နိုင်သော ဒုံးယာဥ်ပျံလည်းရှိသည်။ အလွန်တောင့်တင်းသော စစ်အင်အားလည်း(ခန့်မှန်းစစ်သည် ၁.၃သန်း) လည်းရှိသည်။ တောင်ကိုရီးယားသည် အီလက်ထရောနစ်၊နည်းပညာ၊အနုပညာတို့တွင် အမေရိကား၏ဆွဲတင်မှုအတိုင်းတက်လိုက်လာပေရာ ဂျပန်၏ခြေရာနုင်း၍ကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်၁၀(GII […]


kaiJanuary 16, 20242min10980
ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News မှာ… ၁) ထိုင်ဝမ်ရွေးကောက်ပွဲပြီးသွားပါပြီ..။ သက်တမ်း၂ခုဆက်တိုက် သမ္မတနေရာရထားတဲ့.. DPP ပါတီက.. တတိယသက်တမ်းဆက်ရလိုက်ပါတယ်..။ ထိုင်ဝမ်ခွဲရေးနဲ့တွဲရေးမှာ.. ခွဲရေးဖက်က… နိုင်တယ်.. ဆိုပါစို့…။ အမေရိကားကတော့.. ပြောရှာပါတယ်..။ ထိုင်ဝမ်လွတ်လပ်ရေးကို.. ထောက်ခံအားပေးမှာ.. မဟုတ်ပါဘူး… တဲ့…။ ချိုင်းနားတနိုင်ငံထဲပါ.. ဆိုတဲ့.. ပေါ်လစီကို.. ကိုင်စွဲထားပေးမယ့်သဘော..။ ကွန်မြူနစ်ချိုင်းနားဖက်ကနေ.. စစ်ရေးပြ.. ဖိအားပေးသော်လည်း… ထိုင်ဝမ်နီစ်းတွေက.. ခွဲရေးရွေးတာမို့.. ပြောထားတဲ့.. ချိုင်းနားလည်း.. အခုထိတော့.. အူလည်လည်လုပ်နေ..။ အမေရိကားက… သမ္မတသစ်ကို.. ဂုဏ်ပြုစကားပြောတာကိုပါ… ဒေါသတွေထွက်ပြနေ.. ၊ နောနေမှ.. ဘာထကြမ်းမလဲမသိ..။ သူ့တပည့်.. မြောက်ကကြီးကတော့… တာလတ်ပစ်ဒုံးတွေ.. ၂၀၂၄ စျေးဦးဖေါက်ပစ်ပြပြီး.. ဘယ်သူ့ကိုမှန်းမသိ.. ခြိမ်းခြောက်လိုက်ကြောင်း..။ ၂) မနက်ဖြန်.. အိုင်အိုဝါပြည်နယ်ရဲ့… သမ္မတလောင်းရွေးပေးပွဲပါ..။ ဂျီအိုပီပါတီ(ရီပါ့ဗလစ်ကန်) […]