kaiJuly 25, 20232min15120
“၁၇နှစ်သား ပုံနှိပ်စာစောင်၂၀၀၆ ဇူလိုင်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလတွင် ၁၇နှစ်တိုင်လေပြီ။ အပုဒ်ပေါင်း၁၇၄ခု ရှိပါ၏။ ယခုထိမည်သည့်အဖွဲ့အစည်းအထောက်အပံ့မှမပါ ကြော်ငြာရှင်များ၏ကြော်ငြာခဖြင့်ရပ်တည်နေနိုင်ခဲ့သည်ဖြစ်၍ တနည်းအားဖြင့် Grassroots ခေါ်လူထုအခြေပြုပုံနှိပ်မီဒီယာဟု ဆိုရဲသည်။ မြန်မာပြည်ပြင်ပတွင် ပုံမှန်ပုံနှိပ်ထုတ်ဝေနိုင်သည့် သက်တမ်းအကြာဆုံးပုံနှိပ်မီဒီယာအဖြစ်လည်း ဂုဏ်ယူမိပါသည်။ L.A. Times ၏မျက်နှာဖုံးတွင် အယ်ဒီတာချုပ်အနေဖြင့်အင်တာဗျူးသတင်းသီးသန့်ပါဖူးခဲ့သလို AFPသတင်းဌာန၏ ဗီဒီယိုအင်တာဗျူးလည်းရိုက်ကူးခံခဲ့ရဖူးသည်။ အမေရိကဖက်ဒရယ်အစိုးရဌာနများမှသည် ပြည်နယ်အစိုးရတို့၏ ကြော်ငြာ/အသိပညာပေးသတင်းဆောင်းပါးများသာမက ဖိတ်ခေါ်သင်တန်းပေးမှုများ အစိုးရအလုပ်ခေါ်စာများလည်း ထည့်ဖူးပါဖူးသည်။ အိမ်ဖြူတော်သို့ သတင်းယူပါရန်ဖိတ်ခေါ်ခံရသလို လူထုစစ်တမ်းကောက်ယူရာတွင် သန်းခေါင်စာရင်းဗျူရို၏ အစည်းအဝေးများသို့လည်း တိုက်ရိုက်တက်ရောက် မြန်မာတို့အကြောင်းရှင်းပြခွင့်ရခဲ့၏။စာကြည့်တိုက်ကြီးများတွင်လည်း ဒစ်ဂျစ်တယ်အဖြစ် မြန်မာဂဇက်ကိုသိမ်းဆည်းထားသည်ဖြစ်၍ သင်/ငါတို့လွန်ပြီးသောနှစ်တို့ဝယ် အမေရိကသမိုင်း၏ တစိတ်တပိုင်းအဖြစ် ကျန်ရစ်ပါလိမ့်မည်။မျိုးဆက်သစ်များ ကျောင်း/တက္ကသိုလ်များသို့သွားရာတွင် လိုအပ်သည့်ခရက်ဒစ်များ ဗော်လန်တီယာကိစ္စများအတွက် တခုတည်းသော သက်ဝင်ပုံနှိပ်မီဒီယာအဖြစ် အကူအညီပေးနိုင်ပါသည်၊ အသုံးပြုကြပါလေ။အသုံးပြုနိုင်ခြင်းအတွက် ကျေးဇူးတင်ရမည်မှာ ကြော်ငြာရှင်များဖြစ်ပါ၏။ အသိအမှတ်ပြုသောအားဖြင့် ကြော်ငြာရှင်များ၏ စီးပွားရေးလုပ်ငန်း/ဆားဗစ်များကို […]


kaiJuly 21, 20232min14580
ယခုလမှာ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ Self-help စာအုပ်လေးများအကြောင်း ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Selp-help ဆိုတာ ယခုခေတ်မှာ တော်တော်လေးထင်ပေါ်ကျော်ကြားလာတဲ့ genre လို့လည်း ခေါ်နိုင်ပါတယ်။ ဒီလို Self-help စာအုပ်လေးများကို အချို့က How- to စာအုပ်လေးများလို့လည်း ခေါ်ပါတယ်။ဦးစွာပထမ အားလုံးကြားဘူးကြတဲ့ Dele Carnegie ရဲ့ How to Make Friends and Influence People ဆိုတဲ့ စာအုပ်လေးကို ညွှန်းလိုပါတယ်။ ဒီစာအုပ်လေးကို မသိသူ ရှားပါတယ်။ ဖတ်ဘူးကြမှာပါ။ သို့သော် နေအိမ်မှာ ဝယ်ယူသိမ်းဆည်းထားတဲ့အဆင့်တော့ ရောက်ချင်မှရောက်မှာပေါ့။ ဒီတော့ ဝယ်ယူဖြစ်အောင် ဝယ်ယူပြီး တမြတ်တနိုးဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်မှာရော၊ Personal Life မှာရော ထူးထူးခြားခြား […]


kaiJuly 20, 202312min18130
Most Asian Americans view their ancestral homelands favorably, except Chinese AmericansJuly 19 | https://bit.ly/43yz7H9About nine-in-ten Taiwanese and Japanese Americans say their opinion of their ancestral homelands is very or somewhat favorable, as do large majorities of Korean, Indian and Filipino adults. A smaller majority of Vietnamese Americans (59%) say they have a favorable view of […]


kaiNovember 15, 20223min5480
COVID-19 ဗိုင်းရပ်စ်သည် ၂၀၂၀နှစ်ဦးပိုင်းနှင့် ၂၀၂၀ခုနှစ်ဒီဇင်ဘာ၊ ပထမဆုံးကာကွယ်ဆေးကို ထိုးဖို့အတည်ပြုပေးသောကာလအထိ မြန်မာကွန်မြူနတီတွင် အခြား Immigrant ကွန်မြူနတီများနည်းတူ ရိုက်ခတ်မှုပြင်းထန်ခဲ့သည်။ မတူကွဲပြားတဲ့အသားအရောင်များထဲတွင်မှ အမှန်တကယ် US တွင်နေထိုင်လျက်ရှိကြေသာ လူဦးရေပမာဏထက် US Census မှာ စာရင်းဝင်မှုဦးရေပမာဏနည်းတဲ့ မြန်မာကွန်မြူနတီဟာ COVID-19 ကာကွယ်ဆေးပထမဆုံးအတည်ပြုပြီး လူတွေကာကွယ်ဆေးထိုးခွင့်စရတဲ့အချိန်တွင်ပင် အခက်အခဲအတားအဆီးတွေနဲ့ပိုမိုရင်ဆိုင်ခဲ့ရပြီး ၂၀၁၉၊ ၂၀၂၀နှင့်၂၀၂၁ပထမသုံး၊ လေးလ ကာလများထိ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရသည်။ Pwe Research Center စစ်တမ်းအရ Burmese population in the U.S., 2000-2019 သည် ၂၀၀K(၂၀၀, ၀၀၀) ဟုလည်းကောင်း၊ 2010 Census မှာ ၁သိန်း၂ရာရှိသည်ဟု လည်းကောင်း ဖော်ပြထားပြီးမြန်မာလူမျိုးများအများဆုံးနေထိုင်သောပြည်နယ်များမှာ California, New York, Indiana, […]


kaiOctober 19, 20221min53780
ကြားလယ်ရွေးကောက်ပွဲရောက်တော့မည်။၂နှစ်သက်တမ်းရှိ အောက်လွတ်တော်ဟောက်စ်အမတ်(၄၃၅)ဦးအားလုံးတဖန်ပြန်အရွေးခံရပေဦးမည်။ ၆နှစ်သက်တမ်းရှိ စိနိတ်တာ(၃၄)ဦးနှင့် ၄နှစ်/၂နှစ်သက်တမ်းအသီးသီးရှိကြကုန်သော ဂါဗနာ(၃၆)ဦးတို့လည်း လာမည့်နိုဝင်ဘာ ၈ရက်နေ့ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲကောက်ယူ၍ အရွေးခံရမည်ဖြစ်ပေရာ အမေရိက၏နိုင်ငံရေးအခြေအနေကို ကြီးစွာပြောင်းပေးနိုင်သော ရွေးကောက်ပွဲရယ်ပါ။ မတူညီသောသက်တမ်းများကြောင့် အားလုံးတပြိင်းနက်ထွက်/ဝင်မဖြစ်ရကား နိုင်ငံ၏မူလနိုင်ငံရေးပေါ်လစီမှာ အမြစ်မှကျွတ်လန်ပြောင်းသွားမည်တော့မဟုတ်ချေ။ ခုံ၅၀% အထက်ရ/မရကိုလိုက်၍ ဟောက်စ်စပီကာ(တိုင်းပြည်၏တတိယရာထူး) နှင့် စိနိတ်ခေါင်းဆောင်တို့လည်း ပါဝါချိန်ခွင်လျှာ ညှိရန်လိုက်၍ပြောင်းကြပါ၏။သို့ငြား အမေရိကား၏ယခုလာမည့်ရွေးကောက်ပွဲသည် ကမ္ဘာအတွက်အလွန်အရေးကြီးသောနေရာ၌ရှိ၏။ ယူကရိန်း/ရုရှားစစ်၊ ချိုင်းနား/ထိုင်ဝမ်စစ်၊ ကမ္ဘာ့စီးပွားရေးတက်/ကျ တည်မှီရာအမြုတေပါ။ “အမေရိကန်စမတ်”ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတခုတည်း(ဒီမိုကရက်တစ်ပါတီ)၏ သမ္မတနှင့် ဟောက်စ်၊ စိနိတ် ခုံနေရာများ(အများစု)ရွေးချယ်ခံထားရပေရာ (အမေရိက နိုင်ငံရေးထုံးစံအရဆိုပါလျှင်)ယခုကြားလယ်ရွေဂကောက်ပွဲသည် ဟောက်စ်၊စိနိတ် တခုခု(သို့) ၂ခုလုံး အတိုက်အခံဖြစ်နေသောပါတီ(ရီပါ့ဗလစ်ကန်ပါတီ)၏ အမတ်အများစု နေရာရရွေးကောက်ခံရ၍ ဒီမိုကရက်သမ္မတဥပဒေပြုအာဏာလက်ရုန်းပြုတ်ရမည့်နှစ်ဖြစ်သည်။ဤထုံးစံဖြင့် ပါတီတခုတည်းမှ နှစ်ရှည်အာဏာစုံယူ တိုင်းပြည်အားအုပ်ချုပ်/ဥပဒေပြုမောင်းနှင်ခြင်းမပြုနိုင်ရန် အမေရိကန်တို့ဆုံးဖြတ်လေ့ရှိကြပါ၏။ “အောက်တိုဘာ အံ့ဖွယ်”သို့သော် ယခုနှစ်တွင် ထရမ့်အပါအဝင် […]


kaiOctober 4, 202117min8290
YiYi Kline, 56, is one of the best known Burmese personalities in the U.S. since she migrated to the U.S. from Burma in 2000. In addition to her job as a registered nurse in the I.C.U. at Kindred Hospital Riverside in Los Angeles, she was active on social media, with almost 64,000 followers on Facebook. […]


kaiAugust 17, 20211min5830
အမေရိကပြည်ထောင်စုသည် အာရှတိုက်သားတို့ကို နှိမ်ချဆက်ဆံခဲ့ဖူးသည်။ အမေရိကားသို့ ပြောင်းခိုဝင်ရောက်လာသော ပထမဆုံးအေရှန်းအုပ်စုကြီးမှာ ချိုင်းနီးစ်များဖြစ်၍ ၁၈၅၀ရထားလမ်းများဖေါက်ကြရာတွင် အခကြေးငွေပေးခေါ်ယူ၍ရောက်လာသူများဖြစ်သည်။ ၁၈၇၁တွင် လော့စ်အိန်ဂျလိစ်မြို့၏ ချိုင်းနားတောင်းတွင် လူဖြူလူအုပ်ကြီးမှ ချိုင်းနီစ်း၁၈ယောက်ကို ကြိုးဆွဲချသတ်ပစ်ခြင်းဖြစ် ခွဲခြားနှိမ်ချမှုထင်ရှားစတင်သည်။ ၁၈၈၂တွင်မူ အမေရိကပြည်တွင်နေထိုင်နေသူချိုင်းနီးစ်များကို အမေရိကနိုင်ငံသားဖြစ်ခွင့်မပေးပဲ သမ္မတ အာသာမှ Chinese Exclusion Act ထုတ်ပိတ်ပင်ခဲ့သည်။ ၁၈၈၅ မြန်မာနိုင်ငံ၌သီပေါမင်းပါတော်မူသည့်နှစ်တွင် ဝါယိုးမန်င်းပြည်နယ်တွင် လူဖြူမိုင်းလုပ်သားများက အတူလုပ်ဖေါ်ကိုင်ဖက်ချိုင်းနီးစ် ၂၈ယောက်ကို အစုလိုက်သတ်ဖြတ်ခဲ့ပြန်သည်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည်ကိုအကြောင်းပြု အမေရိကားရောက်ရှိနေထိုင်နေသူ ဂျပန်လူမျိုးနှင့်အနွယ်ပေါင်းဦးရေ၁၂၀၀၀၀ကျော်ကို သမ္မတရုဇဘဲ့မှ အထူးအမိန့်ထုတ်ခြံခတ်ချုပ်ချခဲ့၏။ ၁၉၈၂တွင် တက်ဆပ်ပြည်နယ်၌ ဗီယက်နမ်စစ်နောက်ပိုင်း၌ရောက်ရှိခိုလှုံနေသော ဗီယက်နမ်ပြောင်းခိုသူများ၏အိမ်များနှင့်သင်္ဘောများကို KKK တို့က မီးတင်ရှို့မှုများပြုခဲ့ကြသည်။ ၁၉၉၂၌ လူမည်းတဦးကို လူဖြူရဲများမှဝိုင်းရိုက်နှက်ကြသည်မှ ဒေါသစိတ်လွှဲ၍ လူမည်းများက ကိုရီးယန်းများ၏စီးပွားရေးလုပ်ငန်းများအားဖျက်စီးမီးရှို့လူသတ်ခြင်းများ လော့စ်အိန်ဂျလိစ်တွင် ဖြစ်ခဲ့သည်။ ၂၀၀၁တွင် ၉/၁၁အကြောင်းပြု ချွတ်ချော်၍ […]


kaiJune 16, 20212min7000
UN ကုလသမဂ္ဂတွင် အဖွဲ့ဝင် (၁၉၃)နိုင်ငံရှိသည်။ ဆိုင်ရာခံဝန်ချက်စာချုပ်ချုပ်၍ အဖွဲ့ ဝင်ဖြစ်ကြသောနိုင်ငံများသို့ ချိတ်ဆက်ကူညီခြင်းရှိသလို အပြန်အလှန်ကူညီကြသည်။ UN၏မူလဖြစ်တည်မှုအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းကြားဝင်ရန် မဖြစ်နိုင်သလောက်အခြေပါ။ ထို”စည်း”ကိုမည်သည့်အကြောင်းပြချက် ဖြင့်ဖေါက်မိသည်ဖြစ်စေ နောင်အနာဂတ်တွင် သမိုင်းတရားခံဖြစ်ကိန်းဆိုက်နိုင်၍ဖြစ်၏။ လူသိန်း/သန်းသေကျေပျက်ဆီးနေသည့်အခြေဆိုက်နေလျှင်သာ အထူးစဉ်းစားပေးသည့်စားပွဲပေါ်တက်လာမည်။ ICC, ICJ တရားရေးသည်လည်း အမည်သညာခေါ်စရာသာရှိသည်။ လက်တွေ့တရားဆိုင် အမှုရှုံး၍ အရေးယူမှုမှာ ပြစ်မှုထင်ရှားတဦးတယောက်အတွက်ပင် အနှစ် ၂၀အထက်ကြာလေ့ရှိသည်တွေ့ရမည်။ မည်သို့ဆိုစေ မြန်မာအတွက် ဒေါ်လာငွေသန်း ချီသုံးနေ့/ညအလုပ်လုပ်သည့်ရုံးတခု /ကုလအထူးကိုယ်စားလှယ်တဦးခ‌န့်ပေးထားပါ၏။ US မှာမူကား မြန်မာ့အရေးကိုဖြေရှင်းပေးရမည်ဟူ၍ မဟာမိတ်ပဋိဉာဉ်စာချုပ် လည်းမထိုးထား ကတိမရှိ။ မြန်မာပြည်တွင်ယခုထိကျဆုံးသေကျေကြသော လူအရေ အတွက် (၈၆၃ဦး -ဇွန် ၁၄)ဟူသည် အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ရက် တနေ့ထဲ၌ အမေရိကပြည်ထောင်စုတွင်း ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူ အမေရိကန် (၁၉၁၃)ဦး၏တဝက် […]


kaiDecember 21, 20202min4830
Los Angeles County က ကြီးမှူးကျင်းပသော “LA COUNTY HELPS PEOPLE STAY HOUSED DURING PANDEMIC” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၇ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Dana Pratt, Chief of Tenant Protections, LA County Department of Consumer and Business Affairs; Azusena Favela, Deputy Director, LA County Department of Consumer and Business Affairs; Emilio Salas, Acting Executive Director, LA County Development […]


kaiDecember 21, 20202min4370
Los Angeles County က ကြီးမှူးကျင်းပသော “L.A. COUNTY DIGS IN TO BATTLE COVID” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၃ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ Hilda L. Solis, Supervisor, First District, Los Angeles County Board of Supervisors, Antonia Jimenez, Director, Department of Public Social Services; Antonia Jimenez, Director, Department of Public Social Services; Dr. Erika Flores-Uribe, Emergency Medicine, Los Angeles County+USC […]


kaiDecember 14, 20205min5750
ယခုလမှာ ပေါ့ပေါ့ပါးပါး Conversation လေးတွေလုပ်နိုင်ဖို့ မှတ်သားထားသင့်တဲ့ expression လေးတွေကို dialog လေးတွေနဲ့ ဖော်ပြပေးလိုပါတယ်။ လွယ်ကူပြီး လှပထိမိတဲ့ Expression လေးတွေဖြစ်တဲ့အတွက် အခုလို Holiday ကာလမှာ မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါးလေး ပြောနိုင်ဆိုနိုင်အောင်ပေါ့နော်။ ဦးစွာ ပထမ up to you ဆိုတဲ့ စကားစုလေးကို လေ့လာကြရအောင်။ မြန်မာလိုတော့ ” မင်းသဘော”ပေ့ါနော်။။ ဆိုကြပါစို့။ ချစ်သူလေးနဲ့ စားသောက်ဆိုင်ကိုသွားကြတယ်။ ဘာစားမလည်းလို့မေးတဲ့အခါ ကိုယ်စားချင်တာကို ကိုယ်ပြောလိုက်ခဲ့မိရင်၊ သူ့သဘောနဲ့တွေ့ရင်ကောင်းသား။ အဲသဘောမတွေ့ခဲ့ရင်တော့ ပြဿနာစပြီလေ။ ဒီနေရာမျိုးမှာ expression လေးက သိပ်အသုံးဝင်ပါတယ်။။Spouse: What should we order, honey?You: Let’s look at the menu.Spouse: Well, […]


kaiNovember 14, 20205min5811
MAGA= Make America Great Again= အမေရိကားနိုင်ငံကို ပြန်လည်ကြီးပွားစေမယ်။I am not a fan of = သူတို့ သဘောမတွေ့ပါ။ handling of the Virus=ဗိုင်းရပ်ကိစ္စကိုကိုင်တွယ်ပုံWhite Supremacists= လူဖြူကြီးစိုးရေး ဝါဒသမားတွေ Racist= လူမျိုးခွဲခြားဆက်ဆံသူများBlown out of Proportion= ပိုကဲပြောကြတာပါ။ a life-long guess= တသက်လုံး ကြိုးပမ်းရှာဖွေမှုAgree to disagree= သဘောမတူဖို့ သဘောတူကြစို့။ defund the police= ရဲများရဲ့ ဘတ်ဂျက်ကို လျှော့ပစ်မယ်Police reform= ရဲများကို ပြုပြင်ပြောင်းလဲရေး legalize marijuana = ဆေးခြောက်သုံးစွဲမှုကို တရားဝင်စေမယ်What someone stands for= သူဘာကို […]