ယခုနှစ်သစ် 2025 တွင် စာရေးသူ ရိုသေလေးစားရပါသော ဆရာတော်တပါး၏ အကြံပေးချက်အရ အရေးပေါ်ကိစ္စများတွင် သိထားသင့်သည့် အချက်အလက်များ၊ အင်္ဂလိပ်စကားအသုံးအနှုံးလေးများကို လက်ဆောင်အဖြစ် ဖေါ်ပြပေးလိုပါသည်။ အရေးပေါ်ကိစ္မများနှင့် ကြုံကြိုက်သည့်အခါ ဆရာဝန်၊ သူနာပြုများနှင့် ဆက်ဆံရသည့်အခါ၊ ရဲအရာရှိများနှင့် ဆက်ဆံရသည့်အခါ တော်တော်ဒုက္ခ တွေ့ရနိုင်ပါသည်။ တဖက်သားရဲ့စကားတွေကို နားမလည်၍ဖြစ်စေ၊ မိမိပြောလိုသည့်ကိစ္စကိုပြောဖို့ vocabulary မရှိ၍ဖြစ်စေ၊ တော်တော်လေးကို ကသိကအောက် ဖြစ်နိုင်ပါသည်။ အထူးသဖြင့် လူငယ်လူရွယ်လေးများကို စာရေးသူ ပူပန်မိပါသည်။ ရဲများနှင့် ဆက်ဆံရသည့်အခါ အပြောအဆို မတတ်လျှင် ကံကောင်းရင် အဖမ်းခံရမည်၊ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်။ ကံဆိုးရင်တော့ အပစ်အခတ်ခံရပြီး အသက်ပါ ပျောက်သွားနိုင်ပါသည်။ ဒီနိုင်ငံမှာ driver license မရှိရင် အလုပ်မဖြစ်ပါ။ License ရှိပြန်တော့ တနေ့မဟုတ်တနေ့ ရဲများ၊ […]