” Black History Month” – SweSwe Aye ၁၉၆၇ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ၁ က မတ်၁ထိ တလတာကာလကို Black History Month အဖြစ် United States မှာသတ်မှတ်ထားပါတယ်။ US သမိုင်းကြောင်းမှာ အာဖရိကကလူမည်းတွေကို ကျွန်ပြုဖို့အတွက် ၁၇ရာစုကနေ ခေါ်သွင်းလာခဲ့တဲ့အချိန်ကနေစပြီး ယနေ့ထက်တိုင် အခြေချနေထိုင်လျက်ရှိတဲ့ အာဖရိကန်အမေရိကန်တွေကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။ အာဖရိကန်အမေရိကန်တွေရဲ့ US နိုင်ငံမှာ ပါဝင်မှုတွေကို လူတွေအာရုံစိုက်နိုင်ဖို့လည်း ဒီတလတာကို ဖန်တီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ US သမိုင်းမှာ ဖေဖော်ဝါရီ၁ ကို National Freedom Day လို့သတ်မှတ်ခဲ့တယ်။ ၁၈၆၅ခုနှစ်၊ ဖေဖော်ဝါရီ၁မှာ သမ္မတ Abraham Lincoln က အထက်လွှတ်တော်နဲ့အောက်လွှတ်တော်က ပူးပေါင်းအတည်ပြုခဲ့တဲ့ အခြေခံဥပဒေက 13th […]