Let’s Start Our Own Library 12 – Prof; Myo Kyaw Myint

kaiApril 19, 20234min12660
မြန်မာပြည်ရဲ့ ယခုအခြေအနေကတော့ Revolution လို့ ခေါ်တဲ့ တော်လှန်ရေးတိုက်ပွဲကြီး ဆင်နွှဲနေချိန်ပေါ့။ တိုင်းပြည်ကို တကိုယ်ကောင်းဆန်တဲ့ အာဏာရှင်များရဲ့ လက်အောက်က လွတ်မြောက်အောင် ပြည်သူပြည်သားများအားလုံး တိုက်ပွဲဝင်နေကြချိန်မှာ အားပေးတဲ့အနေနဲ့ revolutionary wars တွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ကောင်းလေးများကို ဖော်ပြလိုပါတယ်။ အမှန်တကယ် တန်ဘိုးရှိပြီး စာအုပ်စင်မှာ ဝယ်ယူသိမ်းဆည်းထားသင့်ပါတယ်။    ဦးစွာပထမ ဖော်ပြလိုတဲ့ စာအုပ်လေးကတော့ ကမ္ဘာကျော် freedom fighter တဦးဖြစ်တဲ့ Che Guevara ကိုယ်တိုင် ရေးသားထားတဲ့ Guerrilla Warfare ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်လေးအကြောင်းကို ယခုလို ဖော်ပြထားပါတယ်။

Guerrilla Warfare by the revolutionary Che Guevara has become the guidebook for thousands of guerrilla fighters in various countries around the world. Guevara intended it to be a manual on guerrilla Warfare, as inspiration for revolutionary movements in Latin America, Africa and Asia, stressing the need for an underpinning political motivation to guerrilla methods, organization and supply. Guevara emphasizes that guerrilla warfare is a favorable method against totalitarian regimes, where political opposition and legal civil struggle is impossible to conduct.

Che Guevara တို့ရဲ့ Cuban တော်လှန်ရေးတိုက်ပွဲကြီး အောင်မြင်သွားတာကို အားလုံး သိကြပါတယ်။ အလားတူပါဘဲ။ မြန်မာပြည်သူပြည်သားတွေရဲ့ တော်လှန်ရေးတိုက်ပွဲကြီးလည်း အောင်မြင်ပါလိမ့်မည်။ ဒုတိယ ဖော်ပြလိုတဲ့ စာအုပ်လေးကတော့ Africa တိုက်က တော်လှန်ရေးတိုက်ပွဲတခုအကြောင်း ရေးသားထားတဲ့ စာအုပ်လေးပါ။ အာဖရိကနိုင်ငံ တော်တော်များများဟာ မြန်မာတွေလိုပါဘဲ။ အင်္ဂလိပ်တွေရဲ့ Colony ဘဝမှ လွတ်မြောက်အောင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြပါတယ်။ Africa မှ တော်လှန်ရေးတိုက်ပွဲများအနက် Rhodesian War ကတော့ ရက်စက်ကြမ်းကြုတ်ပြီး အထူးထင်ရှားခဲ့ပါတယ်။ စာရေးဆရာ Paul Moorcraft ရဲ့ The Rhodesian War: ဆိုတဲ့ စာအုပ်လေးက ဒီစစ်ပွဲကြီးရဲ့ အကြောင်းအရာ ပြည့်ပြည့်စုံစုံဖော်ပြထားတဲ့အတွက် အထူးစိတ်ဝင်စားစရာကောင်းပြီး ဝယ်ယူသိမ်းဆည်းထားသင့်ပါတယ်။

Amid the colonial upheaval of the 1960s, Britain urged its colony in Southern Rhodesia (modern- day Zimbabwe) to grant its black residents a greater role in governing the territory. The white-minority government refused and soon declared its independence, a move bitterly opposed by the black majority. The result was the Rhodesian Bush War, which pitted the government against black nationalist groups, one of which was led by Robert Mugabe. Marked by unspeakable atrocities, the war ended in favor of the nationalists.

အမေရိကမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးများရော၊ မြန်မာပြည်မှာ အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို ခံနေရသူများပါ American Revolution ကို အထူး စိတ်ဝင်စားကြပါတယ်။ စိတ်လည်း ဝင်စားသင့်ပါတယ်လေ။ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ British လူမျိုးတွေကို အနိုင်ရအောင် တိုက်ထုတ်နိုင်ခဲ့ပြီး လွတ်လပ်တဲ့ အမေရိကနိုင်ငံကြီး ပေါ်ပေါက်လာခဲ့တဲ့ ဒီ American Revolution ဟာ ကမ္ဘာ့သမိုင်းကို တမျိုးတမည် ပြောင်းလဲသွား စေခဲ့တာ အမှန်ပါ။ ဒီတော့ ဒီစစ်ပွဲကြီးအကြောင်း ရေးသားဖော်ပြထားတဲ့ စာရေးသူ David McCullough ရဲ့ 1776 စာအုပ်လေးဟာ လူတိုင်းရဲ့ စာကြည့်တိုက်မှာ ဂုဏ်ယူစွာဖော်ပြထားသင့်တဲ့ စာအုပ်လေးတအုပ်ပါ။ American Revolution အကြောင်း စာအုပ်ပေါင်းများစွာ ရှိတဲ့အနက် ဒီစာအုပ်လေးကို စာရေးသူအကြိုက်ဆုံးပါ။

America’s beloved and distinguished historian presents, in a book of breathtaking excitement, drama, and narrative force, the stirring story of the year of our nation’s a birth, 1766, interweaving, on both sides of the Atlantic, the actions and decisions that led Great Britian to undertake a war against her rebellious colonial subjects and that placed America’s survival in the hands of George Washington.

နောက်ထပ် ဖေါ်ပြလိုတဲ့စာအုပ်လေး သုံးအုပ်ကတော့ မြန်မာပြည်နဲ့ မဝေးတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲအကြောင်းပါဘဲ။ ဒီတော်လှန်ရေး တိုက်ပွဲကြီးကတော့ သိပ်မကြာသေးခင်က ဖြစ်သွားတာမို့ အားလုံးရဲ့ စိတ်ထဲမှာ ရှိနေအုန်းမယ်ထင်ပါတယ်။ ဒီ တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်တို့ရဲ့ တိုက်ပွဲကြီးမှာ တောင်ဗီယက်နမ်ဘက်က အမေရိကန်နိုင်ငံက လူအင်အား၊ ငွေအင်အားနှင့် ကူညီတိုက်ခတ်နေသည့်ကြားက ပြောက်ကျား Vietcong များရဲ့အကူအညီဖြင့် မြောက်ဗီယက်နမ်က အောင်ပွဲဆင်သွားတာ အားလုံးသိကြပါတယ်။    ဒီတိုက်ပွဲကြီးနှင့် ပတ်သက်လို့ စာအုပ်များစွာရှိတဲ့အနက် ရှုဒေါင့် သုံးမျိုးစီမှ ရေးသားထားကြတဲ့ စာအုပ်လေး သုံးအုပ်ကို ရည်ညွှန်းလိုပါတယ်။ ပထမ စာအုပ်ကတော့ ဒီစစ်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တဲ့ အမေရိကန် စစ်သားဟောင်းတဦးရဲ့ စာအုပ်လေးပါ။ အမေရိကန် စစ်သားတယောက်ရဲ့ ရှုဒေါင့်လို့ ဆိုပါစို့။

Karl Marlantes’s first novel, “Matterhorn,” is about a company of Marines who build, abandon and retake an outpost on a remote hilltop in Vietnam. According to the publisher, Marlantes – a highly decorated Vietnam cat – spent 30 years writing this book.

ဒုတိယစာအုပ်လေးကတော့ ဗီယက်နမ် စာရေးဆရာ Bao Ninh ရေးသားထားတဲ့ The Sorrow of War: ဆိုတဲ့စာအုပ်လေးပါ။ ဒီစာအုပ်လေးတော့ မြောက်ဗီယက်နမ် စစ်သားတယောက်ရဲ့ ရှုဒေါင့်က ပေါ့နော်။

Heart – wrenching, fragmented, raw, former North Vietnamese solder Bao Ninh’s The Sorrow of War provides a strikingly honest look at how the Vietnam War forever changed his life, his country, and the people who live there. Kien a lone survivor from the Glorious 27th Youth brigade of the Youth brigade of the Vietcong, revisits the haunting sites of battles and relives a parade of horrors, as he grapples with his ghosts, his alcoholism and attempts to arrange his life in writing.

တတိယစာအုပ်လေးကတော့ စာရေးသူအနှစ်သက်ဆုံး စာအုပ်လေးပါ။ Vietcong လို့ ကမ္ဘာက သိတဲ့ Vietnam patriot တယောက်က သူ့ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတွေကို ရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့လည်း တော်တော်လေးကို ဆင်ပါတယ်။ ပြည်ပက ဝင်ရောက်စွက်ဖက်မှုချင်း မတူတာတော့ ရှိတာပေါ့လေ။ တကယ်တော့ ဗီယက်နမ် စစ်ပွဲကြီးဟာ ပြည်တွင်းစစ်ပါ။ ယခု မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာလည်း ပြည်တွင်းစစ်ပါ။

Truong Nhu Tang ရဲ့ A Vietcong Memoir: စာအုပ်လေးကို ဖတ်ရှုမိကြရင် တော်လှန်ရေးစစ်ပွဲဆိုတာ နိုင်ရုံနဲ့ မလုံလောက်ကြောင်း အားလုံး သဘောပေါက်ကြပါလိမ့်မယ်။ ဒီစာအုပ်လေးမှာ Revolutionary War ကျင်းပဆင်နွှဲနေသူတိုင်း သတိထားသင့်တယ့်၊ လိုက်နာသင့်တဲ့ အကြောင်းအရာများကို စာရေးသူက ဖေါ်ပြထားပါတယ်။ အာဏာရူး ဗိုလ်ချုပ်တွေကို ဖယ်ထုတ်ပြီးတဲ့နောက် တိုင်းပြည်ဧချမ်းသာယာရေး၊ ပြည်သူတွေ အာဏာ ရရှိရေးကို ဆက်လက်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။