kaiJune 3, 20252min6010
“In America, our origins matter less than our destination, and that is what democracy is all about.” – Ronald Reagan အမေရိကသို့ပြောင်းခိုလာမည့်သူများအတွက် သမ္မတရော်နယ်ရေဂင်၏ ကမ္ဘာကျော်အသိပေးမိန်မှာချက်တခုဖြစ်သည်။ ဤသို့လျှင် အမေရိကားသည် ပြောင်းခိုသူများအားနွေးထွေးစွာ ကြိုဆိုလက်ခံ၍ တစိုက်မတ်မတ် ကမ္ဘာ့နံပါတ်တစ်စူပါပါဝါအဖြစ်တိုးတက်ရပ်တည်နေနိုင်ခြင်း ဖြစ်ပါ၏။သမ္မတရေဂင်သည် (Immigration Reform and Control Act of 1986 – IRCA) ကို အတည်ပြုပြဋ္ဌာန်း၍ ထိုစဉ်က တရားမဝင် ဝင်ရောက်နေထိုင်သူ ခန့်မှန်းခြေ ၂.၇ သန်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ အမေရိကနိုင်ငံသားအဖြစ်သို့ တရားဝင်လမ်းဖွင့်ပေးခဲ့ဖူးသည်။ အပြန်အလှန်အားဖြင့် အမေရိကပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချသူများသည်လည်း မိမိတို့အခြေချရာနိုင်ငံ၏ အကျိုးစီးပွားကို […]


kaiMay 4, 20254min10390
“ဆေးခါးကြီးသို့ ရက်၁၀၀” ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်နိုင်ငံများသို့ တပြိုင်ထဲတိုက်လိုက်သော ကုန်သွယ်စီးပွားခွန်/ဆေးခါးကြီး၏အကျိုးဆက်ကြောင့် အမေရိက၏ ဂျီဒီပီသည် ၂၀၂၅ ပထမ၃လတွင် ၀.၃% သို့ ရှုံ့ ကျသည်။ ထရမ့်သည် နယ်မြေချဲ့ထွင်ရေးဝါဒဖြင့် ပနားမားတူးမြောင်း၊ ဂရင်းလန်းဒ်ကျွန်း၊ ကနေဒါ နိုင်ငံတို့ကို အမေရိကပိုင်နက်မြေအဖြစ်သိမ်းသွင်းမည်လည်း ဆိုခဲ့သည်။ ယခုလပိုင်းအထင်ကရနိုင်ငံများ၏ ရွေးကောက်ပွဲရလဒ်များကို ကြည့်လျှင် အမေရိကပထမပေါ်လစီကိုဘက်ပြန်ကန်သည့် နိုင်ငံရေးပါတီများ အစိုးရဖွဲ့/ဖြစ်ကုန်သည်ကိုတွေ့ကြရ၏။ ဥရောပ၏ ဂျာမဏီတွင် ဖေဖော်ဝါရီ ၂၃ ရွေးကောက်ပွဲရလဒ်အရ နာဇီဂျာမဏီအခြေခံသည့် AfD ပါတီ ဒုတိယသို့တက်လှမ်းနိုင်ငြား အစိုးရဖွဲ့နိုင်ခြင်း/ပါနိုင်ခြင်းမရှိ။ အိမ်နီးချင်းကနေဒါ၏ ဧပြီ ၂၈ရက်နေ့ရွေးကောက်ပွဲရလဒ်အရ သမ္မတထရမ့်နှင့် ထိပ်တိုက်အတိုက်အခံလုပ်မည့် ဝန်ကြီးချုပ် မတ်ခ်ကားနီ ၏ LPC လစ်ဘရယ်ပါတီ အစိုးရပြတ်သားစွာအနိုင်ရသည်။ မေလ ၃ရက် ရွေးကောက်ပွဲရလဒ်အရ သြစတေးလျှတွင် မူလဝန်ကြီးချုပ်အန်သနီအဲဘနိစ့်၏ ဘယ်ယိမ်း […]


kaiApril 3, 20252min9310
“When written in Chinese, the word ‘crisis’ is composed of two characters—one represents danger, and the other represents opportunity.”- John F. Kennedy “နေပြည်တော် (သို့)ငလျင်ကြောပေါ် ကမြို့တော်”၂၀၀၂၏တနေ့သ၌ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မင်းကြီးညိုရာဇဝင်စာအုပ်ထဲမှ ဗျာဒိတ်အရဆိုကာ နေပြည်တော်ကို တိုတောင်းသော အချိန် ၃နှစ်ကျော်အတွင်း အမြန်တည်ဆောက်ခဲ့ပြီး ၂၀၀၅ နိုဝင်ဘာ ၆ ရက်နေ့တွင် ညကြီးမင်းကြီး ထရပ်ကားထောင်ချီတန်းများနှင့် ရန်ကုန်မြို့မှ ရုံး/အစိုးရဝန်ထမ်း ပရိဘောဂများတင်ဆောင်၍ မြို့ကို ထ, အသက်သွင်းခဲ့သည်။ မြို့အပြီးပြောင်းရွေ့ချိန်ကို ၄၈ နာရီသာပေးခဲ့၏။ ထိုနောက်ကာလက မြို့အဝင်အထွက်ကိုထိန်းချုပ်ထားခဲသဖြင့် လူသူကားရှင်းလင်းနေသော ၆လမ်းသွားလမ်းမကြီးများနှင့် မီးထိန်ထိန်နေပြည်တော်ကို ကမ္ဘာ့နိုင်ငံများတွင်ပဟေဋိမြို့ […]


kaiMarch 2, 20253min12680
ယူကရိန်း-ရုရှားစစ် ၃နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၂၅ တွင် ဥရောပခေါင်းဆောင်များနှင့် ကနေဒါဝန်ကြီးချုပ်တို့ ကိဗ်မြို့ရောက်ရှိခဲ့ကြသည်။ သမ္မတထရမ့်မပါချေ ။ အမေရိကားသည် ရုရှားကိုယ်စားလှယ်များနှင့်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ယူကရိန်း/အီးယူမပါပဲ ၁၈ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။ ဆွေးနွေးပွဲ၏ သဘောတူညီချက်များ ထုတ်ပြန်ခြင်းမရှိပါ။ “လက်နက်နဲ့ သယံဇာတလဲလှယ်ပွဲ” ယူကရိန်းသယံဇာတများ၏ ၅၀ စစ်စရိပ်အဖြစ်ယူမည်၊ အတိုး၁၀၀ နှုန်းထား ၁ဒေါ်လာညီ လက်နက်တန်ဖိုးကို ၂ဒေါ်လာညီ သယံဇာတနှင့် ပြန်ပေးရမည် ထိုဒေသများ၏ လုံခြုံရေးအဖြစ် အမေရိကန်တို့ ဝင်ရောက်မည် ဟု ဆိုခကာ ထိုကိစ္စကို စာချုပ်ချုပ်မည်ဟု သမ္မတထရမ့်မှဆိုခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ဂြိုဟ်ကြီး၇လုံးတန်းသောနေ့တွင် ယူကရိန်းသမ္မတဇယ်လန်စကီသည် လက်နက်နှင့် သယံဇာတလဲလှယ်စာချုပ်လက်မှတ်ထိုးရန်ဟူ၍ အိမ်ဖြူ‌တော်သို့ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့မီဒီယာများအားလုံးရှေ့ဝယ် သမ္မတနှစ်ဦးတို့ ကတောက်ကဆဖြစ်ကြပြီး စာချုပ်ချုပ်ဆိုရေးပွဲပျက်သွားလေသည်။သမ္မတထရမ့်မှ ဇယ်လန်စကီးအား “မင်းက တတိယကမ္ဘာစစ်နှင့် လောင်းကြေးထပ်ကစားနေတယ်”ဟုဆိုလိုက်ခြင်းသည် […]


kaiJanuary 31, 20253min13270
၂၀၂၅သည် စိတ်လှုပ်ရှားခြင်းများစွာနှင့်အတူ အမေရိကားသို့ ဆိုက်ရောက်လာသည်။ သဘာဝဘေးနှင့် လူလုပ်ဘေးရှိရာတွင် မြန်မာတို့အဆို ရန်သူမျိုးငါးပါး (ရေ၊မီး၊မင်း၊ခိုးသူ၊ မချစ်မနှစ်သက်သောသူ) တို့ကို သတိရဖွယ်ဖြစ်၏။Lunar နှစ်သစ်မှာလည်း ဇန်နဝါရီ ၂၉ တွင်ကျရောက်ပြီး ယခုနှစ်သည် မြွေနှစ်ဖြစ်သည်။ နှစ် ၆၀ တွင်တခါလာသော သစ်သားမြွေ ဖြစ်သတဲ့။ အကောင်၁၂မျိုးတွင် မြွေသည် နားလည်ရ အခက်ဆုံးတဲ့။ အသိဉာဏ်ပညာ ၊ စိတ်ရှည်ခြင်း နဲ့ ထူးဆန်းသောအဖြစ်အပျက်များ၊ အသစ်ဖန်မွေးဖွားခြင်း အချစ်ရေးအထူးသဖြင့်ကောင်းမွန်ခြင်းတို့ကို ကိုယ်စားပြုပါသတဲ့။ ထို့အပြင် နာဆာ၏အဆိုအရ ဖေဖော်ဝါရီ ၂၈ တွင် ဂြိုဟ်ကြီး ၇လုံး (Mars, Jupiter, Uranus, Venus, Neptune,  Saturn, Mercury တို့ တတန်းထဲစီသွားကာ နက္ခတ်တို့စုံလင်မည်။ “ဘုရားသခင်တို့၏ စစ်ပွဲလောက” ယခုခေတ်ကမ္ဘာကြီးကို […]


kaiDecember 30, 20243min3290
နှစ်တခုကုန် နှစ်ကူးပါပြီ။ သင်္ကန္တဆိုသည် ကူးပြောင်းခြင်းမို့ ခရစ်နှစ်သင်္ကြန်ကျပြီဆိုချင်ဆို။ သင်္ကြန်စာ မဟုတ်မူလည်း အချက်အလက်တို့ အရကောက်၍ ဖြစ်ခဲ့ပြီးနှင့် ဖြစ်လာနိုင်ခြေတို့ကို ချရေးပါမည်။Baba Vanga ၏ ၂၀၂၅ အတွက်ခန့်မှန်းမှုမှာ ဥရောပသို့စစ်မီးကူးစက်လာမည်။ ငလျင်ကြီးများလှုပ်မည်။ တတိယကမ္ဘာစစ် မဖြစ်သေး။အခြားကမ္ဘာမှလူသားများနှင့်အဆက်အသွယ်ရမည်။Nostradamus အရမူ ၂၀၂၅သည်စိန်ခေါ်မှုများနှင့်ဖြစ်သည်။ ဉက္ကာပျံကမ္ဘာမြေကိုဝင်စောင့်နိုင်ချေရှိခြင်းနှင့် ရှေးပလိပ်ရောဂါကဲ့သို့ ကူးစက်ရောဂါ UK တွင်ဖြစ်နိုင်သည်။ အမေဇုံသစ်တောဒေသတွင် မီးတောင်ပေါက်ကွဲမှုကြီးဖြစ်နိုင်သည်။ ကင်ဆာပျောက်ဆေးကဲ့သို့ ‌ဆေးသစ်အသစ်တွေ့ အောင်မြင်မည်ဟူသတတ်။ “အမေရိကစီးပွားရေး”ကမ္ဘာ့စီးပွားရေးသည် ထင်သလောက်မဆိုး အကောင်းဖက်ဦးတည်တက်ခဲ့သည်။ အမေရိကားစီးပွားရေးမှာမူ စတော့စျေးကွက် DJIA ( အမြင့်ဆုံး ၄၅၀၁၄.၀၄ ( ဒီဇင်ဘာ ၄ ၂၀၂၄) နှင့် S&P 500 အတက် ဖြင့် စံချိန်သစ်များပင် တင်ကာ 401k ပင်စင်စုဆောင်းငွေဖြင့်သန်းကြွယ်ဖြစ်နေသူများပင် ဦးရေ၆သိန်းဝန်းကျင်ရှိနေသည်။ […]


kaiNovember 29, 20242min4040
Agenda47: Preventing World War III ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတထရမ့်၏သတင်းစကားကြီးတခုမှာ တတိယကမ္ဘာစစ်ကြီးကိုတားဆီးရန်ဖြစ်သည်။ ဤသည်ကိုသူ၏ဝက်ဆိုက်တွင်၂၀၂၃ (မတ်လ) ကထဲက Agenda47 ဖြင့် ရှင်းရှင်းလင်းလင်းတင်ပြထား၏။ ကန်ပိန်းများတွင်လည်း ထပ်ခါပြောသလို နှုကလီးယားလက်နက်များဖြင့် ကမ္ဘာစစ်ဖြစ်လျှင်မည်သူမှမနိုင်သည်ကိုလည်း (ယခင်သမ္မတဖြစ်ဖူးသူဖြစ်၍) ကောင်းစွာ သိထားသူဟု ဆိုရမည်။မဲဆွယ်ကာလက ကိုယ်ထိလက်ရောက် လုပ်ကြံခံရသော်လည်း လွတ်မြောက်ခဲ့ပေရာ တနည်းအားဖြင့် ကမ္ဘာစစ်ကြီးကိုတားဆီးရန် ဘုရားသခင်မှခွင့်ပေးရွေးချယ်ထားသူဟုပင်ဆိုကြသည်။ သူသည် ပဋိပက္ခသမားတို့ကို စားပွဲဝိုင်းပေါ် တင်ပေးမည့်သူဖြစ်နိုင်သည်။သို့သော်.. ကမ္ဘာ့ အခြေအနေ/အချက်အလက်တို့မှာ ကမ္ဘာစစ်ကြီးဆီဦးတည်နေပြီး အကြီးမားဆုံးငွေကြေးအဖွဲ့အစည်းကြီးတခုဖြစ်သည် JP Morgan၏ စီအီးအိုနှင့်ယူကရိန်းကာကွယ်ရေးဦးစီးချုပ်(ဟောင်း)တို့၏ နှုတ်ထွက်စကားများအရမူ ကမ္ဘာစစ်ကြီးကား စပြီးဟုပင်ဆိုသည်။ အာရှအရှေ့ပိုင်းမှ မြောက်ကိုရီးယားစစ်တပ်သည် နိုင်ငံများကျော်ဖြတ် ယူကရိန်း/ရုရှားစစ်ထဲ ဗြောင်ကျကျဝင်ပါသည် မဟုတ်ပါလား။နိုင်ငံများလည်း အလျှင်အမြန် အုပ်စုဖွဲ့လျှက်ရှိကြသလို ဆိုင်ရာနိုင်ငံရွေးကောက်ပွဲများတွင်လည်း ဒီမိုကရေစီ /အော်တိုကရေစီ ဘက်များဖွဲ့၍ အစိုးရတက်လုပ်ရန်အားထုတ်လျှက် […]


kaiOctober 28, 20243min5410
ရွေးကောက်ပွဲတိုင်း ကိစ္စထားတွက်ချက်လေ့ရှိသည့် စီးပွားရေး၊ နိုင်ငံခြားရေး၊ တိုင်းပြည်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး စသည်ရှေးရိုးပုံစံ တို့မှ လွှဲ၍ ယခုနိုဝင်ဘာ၅ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် မတူသည့်ရှု့ထောင့်မှ ရေးချပေးပါမည်။ “မဲဝယ်/မဲဆွယ် ဘီလီယံနာနှင့် ဆယ်လက်ဘ်(celebrity)”ယခုနှစ်အကြိမ်ရွေးကောက်ပွဲ၏ကန်ပိန်းသုံးငွေမှာ အမေရိကသမိုင်းတွင် အများဆုံးဖြစ်ပုံရသည်။ ၂၀၂၀ ကဲ့သို့ ဘီလီယံနာကြီးများ ကိုယ်တိုင်ဝင်မပြိုင်တော့ပဲ ငွေပုံ၍ “Kingmaker” လုပ်နေကြခြင်းဖြစ်၏။ ယခုနှစ်ထူးခြားသူများအဖြစ် အီလွန်မတ်စ် နှင့် ဘီလ်ဂိတ်တို့ကိုတွေ့ကြရမည်။ ယခုထိ အီလွန်မတ်စ်မှ ရီပါ့ဗလစ်ကန်ပါတီသို့ ဒေါ် လာ ၁၃၂သန်း ထည့်ဝင်ထားပြီး ဘဏ်သူ‌‌ဋ္ဌေး တင်မသီမဲလ်လွန်၏ သန်း၁၅၀ နောက်မှ ဒုတိယအများဆုံးဖြစ်နေသည်။ ဒီမိုကရက်ဖက်မှာမူ ဘီလ်ဂိတ်မှ သန်း၅၀ နှင့် တဦးသာထင်ရှားရှိသည်။ အောက်တိုဘာလဆန်းပိုင်းက သန်း၄၀ လှူတန်းသူရှိသော်လည်း အမည်မကြေညာပေ။ ပုံမှန်ပါတီဘက်လိုက်လှူနေကျ ဝရမ်ဘူဖေး၊ မက်ခ် ဇက်ကာဘတ်ဂ်နှင့် ဂျက်ဖ်ဘေဇိုစ် […]


kaiOctober 22, 20249min4660
“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ” (အောက်တိုဘာ ၉ ၁၉၈၂)(လုပ်သားပြည်သူ့နေ့စဥ် သတင်းစာပါ… မူရင်းအတိုင်း) ကနေ့ပြောမှာကတော့ဖြင့် အရေးကြီးတဲ့ဥပဒေပေါ့လေ၊ မြန်မာနိုင်ငံသားဥပဒေအကြောင်းကိုပဲ ရှင်းပြလိုပါတယ်။ ဒီဥပဒေအကြောင်း ရှင်းပြမယ်ဆိုလို့ရှိရင် နောက်ကဖြစ်ပျက်ခဲ့တာလေးကိုလဲပဲ မဖော်ပြလို့ မဖြစ်ပါဘူး၊ သမိုင်းကြောင်းကို ပြောတဲ့အခါမှာ ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ သဘောမရှိပါဘူး၊ သို့သော်လည်း တကယ့်အဖြစ်အပျက်တွေကို ပြောရတာမို့လို့ တစ်ခါတလေ ထိများထိခိုက်မလားတော့ မပြောတတ်ဘူး၊ သို့သော်လည်း မထိခိုက်စေချင်ပါဘူး၊ ကျွန်တော် ရှောင်ပြီးတော့ပြောဖို့ ကြိုးစားပါမယ်။ ကျွန်ဘဝမြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော်ပြောပြပါမယ်၊ ၁၈၂၄ ခုနှစ် ဗမာပြည် တစ်စိတ်တစ်ဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးတဲ့နောက်၊ တစ်ဆင့်ပြီးတစ်ဆင့် စစ်ပွဲတွေဖြစ်ကြပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ဟာ၊ နိုင်ငံ ၁ ခုလုံး ကျွန်ဘဝရောက်သွားခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ […]


kaiSeptember 26, 20242min5030
“အိမ်နီးချင်း ပထမ “ မဆလခေတ်နှင့် စစ်အာဏာရှင်ခေတ်တခုလုံး မှောင်ခိုပစ္စည်းများ၏ ဧရာမစျေးကွက်ကြီးရခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ဆီမှ အကျိုးအမြတ်များစွာရခဲ့ဖူးသည်။ ယခုအာဏာသိမ်းကာလတွင်လည်း ရလတံ့ပေါ် လစီထားခဲ့ပုံပေါ်ပါသည်။စျေးပေါ ပြန်မလှန်ရဲသော အလုပ်သမားများ သန်းချီရသည်ဖြစ်၍ တိုင်းပြည်အား စီးပွားရေးအင်အားကြီးဖြစ်အောင် မောင်နှင်နိုင်ခဲ့သော်လည်း ဘန်ကောက်မြို့ကြီး၌ပင် ကွန်ဒိုအဝယ်အများဆုံးနိုင်ငံ( ချိုင်းနား၊ ရုရှား၊ မြန်မာ၊ အမေရိက – ၂၀၂၃)ဝင် မြန်မာတို့ဖြစ်လာသောအခါ မျက်ဖြူစဆိုက်လာပုံရပါသည်။ မြန်မာတို့၏ တိုင်းပြည်ဂျီဒီပီထက် များသော ဝင်ငွေမှာ ကမ္ဘာ့ ပထမထုတ်ကုန်ဖြစ်ကြသည့် မက်သ်ခေါ် ရာဘနှင့် ဘိန်းတို့မှဖြစ်ပြီး အိုင်တီခေတ်တွင် ခေတ်နှင့်အမှီလိုက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများမှ လည်း ဒေါ်လာဘီလီယံချီဝင်ခဲ့ကြသည်။ထိုထို ငွေမည်းတို့ လိုသည်ထက်ပိုစီးဝင်လာသောအခါ ထိုင်းနိုင်ငံရေးလည်း အကျင့်ပျက်ခြစား အာဏာလုတို့ဖြင့် မတည်မငြိမ်ဖြစ်ရပေပြီ။ ဝန်ကြီးချုပ်အပြောင်းအလဲ ပါတီဖြုတ်ထုတ်သတ်များနှင့် စစ်အာဏာသိမ်းတို့ဖြင့်ရှုပ်ထွေးလျက်နေပါ၏။ စာရင်းချုပ်သော် မြန်မာပြည်၏ […]


kaiAugust 28, 20242min5230
“မျဉ်းသုံးကြောင်းနှင့် စည်း၃စည်း” အနော်ရထာမင်း(၁၀၄၄ – ၁၀၇၇)လက်ထက်က ရွှေဖျင်းညီနောင်တို့နှစ်ဦးသည် ချိုင်းနားဘုရင်၏ နန်းတော်သို့ လျှို့ဝှက်ဝင်ရောက်၍ စက်တော်ခေါ်နေသော ဥတည်ဘွား၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့သည်ဟု မြန်မာ့ရာဇဝင်တွင်ဆိုသည်။ထိုသမိုင်းကာရံလာထပ်သည်လောမသိ။ ယခုသြဂုတ်လအလယ်ပိုင်းက ချိုင်းနားနိုင်ငံခြား‌ရေးဝန်ကြီးဝမ်ယိသည် မြန်မာပြည်သို့သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် နဝတ/နအဖခေါင်းဆောင်ဖြစ်သော ဦးသန်းရွှေကိုတွေ့ဆုံခဲ့သည်။ ထို့နောက် ထိုင်း/ချင်းမိုင်မြို့ လန်ချန်း-မဲခေါင်အစည်းအဝေးတက်၍ ချိုင်းနား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲတွင် မြန်မာပြည်နှင့်ပတ်သက်ပြီး” မြန်မာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း”စည်း၃စည်းချခဲ့ပါသည်။ ယခုသြဂုတ်လအတွင်း “၀” နှင့် ကိုးကန့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်တွေ့ဆုံစကားပြောခြင်းတို့အပြင် […]


kaiJuly 30, 20244min5570
အမေရိကားတွင် ပုံနှိပ်သတင်းစာစတင်ထုတ်ဝေခဲ့ရာတွင် ယခုဇူလိုင်လ၌ ၁၈နှစ်တင်းတင်းပြည့်ပါသည်။ အယ်ဒီတာ့သင်ပုန်းပေါင်း ၁၈၇ပုဒ်ရေးခဲ့၏။ဖြတ်သန်းခဲ့သော ဤခရီးမနီးပါ။ မြန်မာစာပေသမိုင်း /ဇာနယ်ဇင်းလောကတွင် ဤသို့လည်းမရှိစဖူးပါ။ပုံနှိပ်သက်တမ်းကြာလာသည်နှင့်အမျှ ဖက်ဒရယ်နှင့်ပြည်နယ်အစိုးရတို့မှ အသိအမှတ်ပြုလာသလို အဆက်အသွယ်များလည်း ရလာပါသည်။သတင်းစာမှဦးစီး၍ မြန်မာ-အမေရိကန်လူထုနှင့်ပွဲတချို့လုပ်လာ နိုင်သလို တခြားလူမျိုးခြားအမေရိကန်များနှင့်လည်း ပိုမိုဆက်သွယ်မှုထူထောင်လာနိုင်သည်။မြန်မာ့ဂဇက်သည် အမေရိကားတွင်စတင်တည်ထောင်ခဲ့၍ မြန်မာ-အမေရိကန်တို့သတင်းနှင့် အကျိုးစီးပွားကိုသာ ရည်ရွယ်သဖြင့် ဤအမိမြေနှင့်နိုင်ငံတော်အတွက်သာ အဓိကဖြစ်ပါသည်။ အဖမြေမြန်မာပြည်ကိုလည်း ပစ်ပယ်ထားသည်မဟုတ်ပါ။ သင်ပုန်းတိုင်း၌ အမိမြေ/အဖပြည်ဆက်စပ်ရေးသား၍ အားထည့်လျှက်ရှိပါ၏။ လွန်ခဲ့သော ( ၂၄၈)နှစ် ဇူလိုင် ၄ရက်နေ့တွင် အမေရိက လွတ်လပ်ရေးရခဲ့သည်။ ဤသင်ပုန်းရေးချိန်သည် အမေရိက၏ရွေးကောက်ပွဲ နိုဝင်ဘာ ( ၅) သို့ ရက်၁၀၀ တိတိလိုရက် ဖြစ်သည်။အမေရိကန် ၂၄၄သန်းမဲပေးခွင့်ရှိနေသည့် လာမည့်ရွေးကောက်ပွဲသည် အမေရိကပြည်ထောင်စုသာမက ကမ္ဘာကိုပါ ပြောင်းလဲသွားနိုင်သည်ဟု နိုင်ငံရေးတတ်သိပညာရှင်များက ဆိုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ကြီးစွာပြောင်းလဲမှုဂယက်ရိုက်ပါလိမ့်။အမေရိကား၏ […]