“ဥတ္တရအလင်းမျှင်တို့ရဲ့.. ကန့်လန့်ကာ”

kaiMay 13, 20241min3150

“ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး “တဲ့..။ မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုတာကို.. ‌ရှင်းပြတဲ့.. စကားပုံပါ..။ တကယ်က.. မှားပါတယ်..။ “butterfly effect,” အရ… ကမ္ဘာ့ဘယ်နေရာမှာမဆို.. ဖြစ်ပျက်လှုပ်ရှားနေတာအားလုံးက.. အဆက်အစပ်ရှိပါတယ်..။

ရန်ကုန်ဗန္ဒုလပန်းခြံထဲ.. လိပ်ပြာအတောင်ခတ်တာ.. အမေရိက.. ဖလော်ရီဒါမှာ.. မုန်တိုင်းဝင်လာနိုင်တာမျိုး.. ဤဒွန္ဒယာလောကပါ..။

ဆိုတော့…

အခုနောက်တဆင့်ထပ်မြင့်သွားပါပြီ..။

နေမင်းကြီးမှာ.. မုန်တိုင်းဆင်တာ.. ကမ္ဘာမှာ.. အော်ရိုရာ.. အလင်းမျှင်တွေ.. ပြန့်ပွားထွက်လာတာမျိုးတဲ့..။ ထောင်လိုက်.. ကန့်လန့်ကာ(curtains ) လို.. လှိုင်းတွန့်… ရွေ့လျှားနေတာမို့.. အလင်းမျှင်တို့ရဲ့.. ကန့်လန့်ကာလို့.. အနုပညာဆန်ဆန်လေး.. ခေါ်ပါ့ မယ်..။

နေမင်းမှာ.. မီးလျှံတွေဟုန်းဟုန်းထ… မီးမုန်တိုင်းဘာကြောင့်ဆင်တယ်.. သေခြားမသိရပေမယ့်.. အဲဒီမုန်တိုင်းအရှိန်ကြောင့်.. နေမင်းအလင်းမှုန်တွေက. ကမ္ဘာကို.. တနာရီမိုင်သန်းချီနှုန်းနဲ့.. လာရိုက်ခတ်..။ ကမ္ဘာရဲ့.. သံလိုက်လှိုင်းက.. တုံ့ပြန်တာမှာ.. ကမ္ဘာ့လေထုထဲက.. ဓာတ်ငွေတချို့နဲ့.. ထိတိုက်တာမို့… အော်ရိုရာခေါ်တဲ့.. အလင်းမျှင်တန်းတွေ.. ကန့်လန့်ကာလိုမျိုး… ကမ္ဘာ့မြောက်/ဥတ္တရနဲ့.. တောင်/ ဒက္ခိဏ.. ကောင်းကင်မှာ.. လှုပ်ခတ်ပြန့်လွင့်နေတာ.. မြင်ရတာပါ…။

သက်တံ့လိုရောင်စုံတွေ.. အစိမ်းတောက်… အပြာတောက်.. ခရမ်းတောက်.. လှပါပေ့ပေါ့..။ မြောက်မှာမြင်ရင်.. ဥတ္တရအလင်းမျှင်..။ တောင်မှာမြင်ရင်.. ဒက္ခိဏအလင်မျှင်ကန့်လန့်ကာပေါ့..။

အဲဒီအလှအပ ..အလင်းမျှင်ကန်လန့်ကာတွေက … ကမ္ဘာ‌သူကမ္ဘာသားတွေကို. . မြေကမ္ဘာက.. သူ့သံလိုက်လှိုင်း/လေထုနဲ့.. ကာကွယ်ပေးနေတယ်ဆိုတဲ့.. နိမိတ်ပြလည်းဖြစ်ပါတယ်..။

ရှေးကဆို..နတ်မင်းတွေ.. တန်ခိုးပြတယ်ဆိုပြီး.. ထိုင်များကန်တော့ကြမှာလားမသိ..။ ဒါမှမဟုတ်.. ဘယ်ဘုရင်.. ဘာ‌သာရေးခေါင်းဆောင်.. နတ်ဆြာ.. သေတယ်… မွေးတယ်.. စသဖြင့်.. အချိန်တိုက်ဆိုင်… အာလူးရိုက်ကြတာမျိုးလည်း. ..ရှိမှာပါ..။

ကြုံလို့.. တလုံးထည့်ရရင်.. အီကွေတာဖက်မှာတော့.. မြင်ရခက်မယ်ထင်ရပေမယ့်.. အမေရိကားမှာ.. နေမင်းနဲ့.. လမင်း.. တပြိုင်ထဲ.. တက်နေတာလည်း. မထူးဆန်းပါ..။

ရှားရှားပါးပါး.. ဆယ်စုနှစ်၂ခုလောက်မှာ..တခါ ထဖြစ်တာမျိုး..။ ဒီနှစ်ဖြစ်ဆို.. အမေရိကား.. ကယ်လီဖိုးနီးယားမြောက်ဖက်.. ဆန်ဖရန်စ္စကိုတင်မက.. တောင်ဖက်.. အယ်လ်အေကတောင်.. မြင်ရတာတဲ့..။ ပြီးခဲ့တဲ့.. သောကြာကစ.. စနေ.. အခု..

ဒီညပိုင်း.. တနင်္ဂနွေ.. အမေများနေ့ညမှာလည်း.. မြင်ရဖို့ရှိပါတယ်..။

ကြုံသူ.. ထကြည့်ကြစေလို..။