kaiNovember 29, 20242min1220
Agenda47: Preventing World War III ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတထရမ့်၏သတင်းစကားကြီးတခုမှာ တတိယကမ္ဘာစစ်ကြီးကိုတားဆီးရန်ဖြစ်သည်။ ဤသည်ကိုသူ၏ဝက်ဆိုက်တွင်၂၀၂၃ (မတ်လ) ကထဲက Agenda47 ဖြင့် ရှင်းရှင်းလင်းလင်းတင်ပြထား၏။ ကန်ပိန်းများတွင်လည်း ထပ်ခါပြောသလို နှုကလီးယားလက်နက်များဖြင့် ကမ္ဘာစစ်ဖြစ်လျှင်မည်သူမှမနိုင်သည်ကိုလည်း (ယခင်သမ္မတဖြစ်ဖူးသူဖြစ်၍) ကောင်းစွာ သိထားသူဟု ဆိုရမည်။မဲဆွယ်ကာလက ကိုယ်ထိလက်ရောက် လုပ်ကြံခံရသော်လည်း လွတ်မြောက်ခဲ့ပေရာ တနည်းအားဖြင့် ကမ္ဘာစစ်ကြီးကိုတားဆီးရန် ဘုရားသခင်မှခွင့်ပေးရွေးချယ်ထားသူဟုပင်ဆိုကြသည်။ သူသည် ပဋိပက္ခသမားတို့ကို စားပွဲဝိုင်းပေါ် တင်ပေးမည့်သူဖြစ်နိုင်သည်။သို့သော်.. ကမ္ဘာ့ အခြေအနေ/အချက်အလက်တို့မှာ ကမ္ဘာစစ်ကြီးဆီဦးတည်နေပြီး အကြီးမားဆုံးငွေကြေးအဖွဲ့အစည်းကြီးတခုဖြစ်သည် JP Morgan၏ စီအီးအိုနှင့်ယူကရိန်းကာကွယ်ရေးဦးစီးချုပ်(ဟောင်း)တို့၏ နှုတ်ထွက်စကားများအရမူ ကမ္ဘာစစ်ကြီးကား စပြီးဟုပင်ဆိုသည်။ အာရှအရှေ့ပိုင်းမှ မြောက်ကိုရီးယားစစ်တပ်သည် နိုင်ငံများကျော်ဖြတ် ယူကရိန်း/ရုရှားစစ်ထဲ ဗြောင်ကျကျဝင်ပါသည် မဟုတ်ပါလား။နိုင်ငံများလည်း အလျှင်အမြန် အုပ်စုဖွဲ့လျှက်ရှိကြသလို ဆိုင်ရာနိုင်ငံရွေးကောက်ပွဲများတွင်လည်း ဒီမိုကရေစီ /အော်တိုကရေစီ ဘက်များဖွဲ့၍ အစိုးရတက်လုပ်ရန်အားထုတ်လျှက် […]


kaiNovember 26, 20243min1650
Learning English through Activism (10) စာဖတ်သူများ ဤစာသားများကို ဖတ်ရှုနေချိန်တွင် Election ကြီးလည် ပြီးဆုံးလောက်ပါပြီ။ Kamala Harris သို့မဟုတ် သမ္မတဟောင်းကြီးကို ရွေးပြီးလောက်ပါပြီ။ ဘယ်သူဘဲ သမ္မတအသစ်အဖြစ် တာဝန်ယူပါစေ၊ စာရေးသူတို့၊ စာဖတ်သူတို့ရဲ့ activism လုပ်ငန်းတွေကတော့ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီတော့ activist လုပ်လိုသူ မြန်မာလူမျိုးတိုင်း ဖေါ်ပြပါ စကားလေးကို မှတ်သားထားစေလိုပါတယ်။ ပညာရှင် တယောက်က ဒီလိုပြောထားခဲ့ပါတယ်။Activism is all about asking the right questions. Only then can we get the right answers. If we persist in […]


kaiOctober 28, 20243min3240
ရွေးကောက်ပွဲတိုင်း ကိစ္စထားတွက်ချက်လေ့ရှိသည့် စီးပွားရေး၊ နိုင်ငံခြားရေး၊ တိုင်းပြည်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး စသည်ရှေးရိုးပုံစံ တို့မှ လွှဲ၍ ယခုနိုဝင်ဘာ၅ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် မတူသည့်ရှု့ထောင့်မှ ရေးချပေးပါမည်။ “မဲဝယ်/မဲဆွယ် ဘီလီယံနာနှင့် ဆယ်လက်ဘ်(celebrity)”ယခုနှစ်အကြိမ်ရွေးကောက်ပွဲ၏ကန်ပိန်းသုံးငွေမှာ အမေရိကသမိုင်းတွင် အများဆုံးဖြစ်ပုံရသည်။ ၂၀၂၀ ကဲ့သို့ ဘီလီယံနာကြီးများ ကိုယ်တိုင်ဝင်မပြိုင်တော့ပဲ ငွေပုံ၍ “Kingmaker” လုပ်နေကြခြင်းဖြစ်၏။ ယခုနှစ်ထူးခြားသူများအဖြစ် အီလွန်မတ်စ် နှင့် ဘီလ်ဂိတ်တို့ကိုတွေ့ကြရမည်။ ယခုထိ အီလွန်မတ်စ်မှ ရီပါ့ဗလစ်ကန်ပါတီသို့ ဒေါ် လာ ၁၃၂သန်း ထည့်ဝင်ထားပြီး ဘဏ်သူ‌‌ဋ္ဌေး တင်မသီမဲလ်လွန်၏ သန်း၁၅၀ နောက်မှ ဒုတိယအများဆုံးဖြစ်နေသည်။ ဒီမိုကရက်ဖက်မှာမူ ဘီလ်ဂိတ်မှ သန်း၅၀ နှင့် တဦးသာထင်ရှားရှိသည်။ အောက်တိုဘာလဆန်းပိုင်းက သန်း၄၀ လှူတန်းသူရှိသော်လည်း အမည်မကြေညာပေ။ ပုံမှန်ပါတီဘက်လိုက်လှူနေကျ ဝရမ်ဘူဖေး၊ မက်ခ် ဇက်ကာဘတ်ဂ်နှင့် ဂျက်ဖ်ဘေဇိုစ် […]


kaiOctober 27, 20241min2670
Learning English through Activism (10)ယခုလတွင် September 10 က ပြီးဆုံးသွားခဲ့သည့် Kamala Harris နှင့် သမ္မတဟောင်းကြီးတို့ရဲ့ debate ကို activism ရှုဒေါင့်ကနေ ဝေဖန်သုံးသပ်ပြမည် ဖြစ်ပါသည်။ ထိုဖေါ်ပြပါ debate တွင် ဆွေးနွေးညင်းခုန်ကြသည့်အကြောင်းအရာများအနက် အဓိကအားဖြင့် Debate အကြောင်းကို စတင် တင်ပြလိုပါသည်။ အောက်ပါ ဇယားလေးက immigration နှင့် ပတ်သက်၍ Kamala Harris နှင့် သမ္မတဟောင်းကြီးတို့ရဲ့ အမြင်လေးတွေ၊ အနာဂတ်တွင် လုပ်‌ဆောင်လိုမှုများသာမက၊ စာရေးသူရဲ့ သုံးသပ်ချက်လေးများကို ဖေါ်ပြထားပါသည်? ဒီနေရာမှာ အမေရိကားမှာ နေထိုင်နေကြသူ မြန်မာမျိုးနွယ်ဝင်အားလုံးကို စာရေးသူက တခုဘဲ ပြောလိုပါသည်။ ဘဝကို မမေ့ကြပါနှင့်။ US Citizen ဘဲဖြစ်ဖြစ်၊ […]


kaiOctober 22, 20249min3020
“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ” (အောက်တိုဘာ ၉ ၁၉၈၂)(လုပ်သားပြည်သူ့နေ့စဥ် သတင်းစာပါ… မူရင်းအတိုင်း) ကနေ့ပြောမှာကတော့ဖြင့် အရေးကြီးတဲ့ဥပဒေပေါ့လေ၊ မြန်မာနိုင်ငံသားဥပဒေအကြောင်းကိုပဲ ရှင်းပြလိုပါတယ်။ ဒီဥပဒေအကြောင်း ရှင်းပြမယ်ဆိုလို့ရှိရင် နောက်ကဖြစ်ပျက်ခဲ့တာလေးကိုလဲပဲ မဖော်ပြလို့ မဖြစ်ပါဘူး၊ သမိုင်းကြောင်းကို ပြောတဲ့အခါမှာ ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ သဘောမရှိပါဘူး၊ သို့သော်လည်း တကယ့်အဖြစ်အပျက်တွေကို ပြောရတာမို့လို့ တစ်ခါတလေ ထိများထိခိုက်မလားတော့ မပြောတတ်ဘူး၊ သို့သော်လည်း မထိခိုက်စေချင်ပါဘူး၊ ကျွန်တော် ရှောင်ပြီးတော့ပြောဖို့ ကြိုးစားပါမယ်။ ကျွန်ဘဝမြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော်ပြောပြပါမယ်၊ ၁၈၂၄ ခုနှစ် ဗမာပြည် တစ်စိတ်တစ်ဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးတဲ့နောက်၊ တစ်ဆင့်ပြီးတစ်ဆင့် စစ်ပွဲတွေဖြစ်ကြပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ဟာ၊ နိုင်ငံ ၁ ခုလုံး ကျွန်ဘဝရောက်သွားခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ […]


kaiSeptember 26, 20242min3540
“အိမ်နီးချင်း ပထမ “ မဆလခေတ်နှင့် စစ်အာဏာရှင်ခေတ်တခုလုံး မှောင်ခိုပစ္စည်းများ၏ ဧရာမစျေးကွက်ကြီးရခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ဆီမှ အကျိုးအမြတ်များစွာရခဲ့ဖူးသည်။ ယခုအာဏာသိမ်းကာလတွင်လည်း ရလတံ့ပေါ် လစီထားခဲ့ပုံပေါ်ပါသည်။စျေးပေါ ပြန်မလှန်ရဲသော အလုပ်သမားများ သန်းချီရသည်ဖြစ်၍ တိုင်းပြည်အား စီးပွားရေးအင်အားကြီးဖြစ်အောင် မောင်နှင်နိုင်ခဲ့သော်လည်း ဘန်ကောက်မြို့ကြီး၌ပင် ကွန်ဒိုအဝယ်အများဆုံးနိုင်ငံ( ချိုင်းနား၊ ရုရှား၊ မြန်မာ၊ အမေရိက – ၂၀၂၃)ဝင် မြန်မာတို့ဖြစ်လာသောအခါ မျက်ဖြူစဆိုက်လာပုံရပါသည်။ မြန်မာတို့၏ တိုင်းပြည်ဂျီဒီပီထက် များသော ဝင်ငွေမှာ ကမ္ဘာ့ ပထမထုတ်ကုန်ဖြစ်ကြသည့် မက်သ်ခေါ် ရာဘနှင့် ဘိန်းတို့မှဖြစ်ပြီး အိုင်တီခေတ်တွင် ခေတ်နှင့်အမှီလိုက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများမှ လည်း ဒေါ်လာဘီလီယံချီဝင်ခဲ့ကြသည်။ထိုထို ငွေမည်းတို့ လိုသည်ထက်ပိုစီးဝင်လာသောအခါ ထိုင်းနိုင်ငံရေးလည်း အကျင့်ပျက်ခြစား အာဏာလုတို့ဖြင့် မတည်မငြိမ်ဖြစ်ရပေပြီ။ ဝန်ကြီးချုပ်အပြောင်းအလဲ ပါတီဖြုတ်ထုတ်သတ်များနှင့် စစ်အာဏာသိမ်းတို့ဖြင့်ရှုပ်ထွေးလျက်နေပါ၏။ စာရင်းချုပ်သော် မြန်မာပြည်၏ […]


kaiSeptember 25, 20243min3640
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့(၉) Activism လုပ်ငန်းကို နှစ်ရှည်လများ စွဲပြီးလုပ်လာသူ မြန်မာ Activists တိုင်း ရန်ဘက်များ opponents နှင့် ရန်သူများ enemies များနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ အပြန်အလှန်ထိုးနှက်ချက်များကို မလွှဲသာမရှောင်သာ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ရန်သူကို ထိထိမိမိ ထိုးနှက်နိုင်ဖို့၊ ရန်ဘက်ရဲ့၊ ရန်သူရဲ့ထိုးနှက်ချက်ကို ပညာပါပါ ပြန်လည်ချေပနိုင်ဖို့ The art of insult ကို နားလည်တတ်ကျွမ်းဖို့ လိုလာပါပြီ။ ဒီပညာဟာ ထင်သလောက် မလွယ်ပါ။ အင်္ဂလိပ်လိုတော့ It is easier said than done လို့ ဆိုရမှာပါ။ တိမ်မယောင်နဲ့နက်ပါတယ်။ လွယ်မယောင်နဲ့ ခက်ပါတယ်။ You need […]


kaiSeptember 21, 20242min4030
သင့်ရဲ့လက်ဖဝါး.. ဘယ်ညာပေါ်မှာ.. ဂမ္ဘီရ M လို့ခေါ်တဲ့.. အင်္ဂလိပ်အက္ခရာ M စာလုံး.. ရှိပါသလား..။ လူရဲ့အဓိကလိုင်း၄ခုဖြစ်တဲ့.. အသက်၊ .. ၊ ဦးခေါင်း(ပညာရေး)၊ နှလုံးသားနဲ့.. အောင်မြင်ခြင်း(ငွေကြေး) ပေါင်းဆုံ..ဖြတ်သန်းပြီးဖြစ်တဲ့..M သဏ္ဌာန်လမ်းကြောင်းပါ..။ အဲလိုရှိနေရင်.. ဒါတွေဖြစ်ပါမယ်…. ဖြစ်နိုင်ပါတယ်.. တဲ့..။ “ဘယ်ဖက်မှာရှိရင်…” ကံကောင်းသူ..၊ တာဝန်ယူ/တာဝန်ခံတတ်တဲ့.. ခေါင်းဆောင်မှုအရည်အချင်းရှိသူ…၊ ဆုံးဖြတ်ချက်ချ.. ခိုင်မာသူ..၊ M ..Money . မန်းနီး.. ငွေကြေးအဆင်ပြေသူ..၊ စကားပြောကောင်းသူ..။ “ညာမှာရှိရင်..” လက်တွေ့ဆန်သူ..၊ ပြဿနာတွေဖြေရှင်းနိုင်သူ၊ ရည်မှန်းချက်အောင်မြင်အောင်.. ပြင်းပြင်းထန်ထန်ကြိုးစားတတ်သူ..၊ M ..Marriage အိမ်ထောင်ရေးကံကောင်းချစ်သူတိုင်းနဲ့ရသူ..။ ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်သူ… ။ “ဘယ်/ညာ ၂ဖက်လုံးရှိရင်..” အင်မတန်စွမ်းသူပါ..။ ခေါင်းဆောင်.. အုပ်ချုပ်သူဖြစ်တယ်တဲ့..။ အောင်မြင်တဲ့ဘဝရှင်ဖြစ်ပါတယ်..။ ဘုရားသခင်က.. ရွေးချယ်ထားသူ.. THE CHOSEN လို့တောင်.. […]


kaiAugust 28, 20242min4120
“မျဉ်းသုံးကြောင်းနှင့် စည်း၃စည်း” အနော်ရထာမင်း(၁၀၄၄ – ၁၀၇၇)လက်ထက်က ရွှေဖျင်းညီနောင်တို့နှစ်ဦးသည် ချိုင်းနားဘုရင်၏ နန်းတော်သို့ လျှို့ဝှက်ဝင်ရောက်၍ စက်တော်ခေါ်နေသော ဥတည်ဘွား၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့သည်ဟု မြန်မာ့ရာဇဝင်တွင်ဆိုသည်။ထိုသမိုင်းကာရံလာထပ်သည်လောမသိ။ ယခုသြဂုတ်လအလယ်ပိုင်းက ချိုင်းနားနိုင်ငံခြား‌ရေးဝန်ကြီးဝမ်ယိသည် မြန်မာပြည်သို့သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် နဝတ/နအဖခေါင်းဆောင်ဖြစ်သော ဦးသန်းရွှေကိုတွေ့ဆုံခဲ့သည်။ ထို့နောက် ထိုင်း/ချင်းမိုင်မြို့ လန်ချန်း-မဲခေါင်အစည်းအဝေးတက်၍ ချိုင်းနား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲတွင် မြန်မာပြည်နှင့်ပတ်သက်ပြီး” မြန်မာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း”စည်း၃စည်းချခဲ့ပါသည်။ ယခုသြဂုတ်လအတွင်း “၀” နှင့် ကိုးကန့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်တွေ့ဆုံစကားပြောခြင်းတို့အပြင် […]