ယူအက်စ်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလ်လာစံကို သမတဒေါ်နွယ်ထွန်းမှ မနှစ်က တရုတ်ပြည် ခရီးစဉ်အတွင်း တည်ခင်းဧည့်ခံ ကျွေးမွေးသော အရွက်စုံသုပ်စားရန် ပြောခဲ့ကြောင်း အင်္ဂါနေ့ထုတ် ဝေါလ်စထရိဂျာနယ်တွင် ရေးသားသည်။ နိုဝင်ဘာလတုံးက ဒေါ်နွယ်ထွန်း၊ တီလ်လာစံ၊ အခြားယူအက်စ် ထိပ်တန်းအရာရှိကြီးများနှင့် အတူစားမည့် တရုတ်ခေါင်းဆောင်များ၏ ဟင်းလျာစာရင်းတွင် ကေဆာအရွက်စုံ ပါဝင်ကြောင်း သတင်းဖေါ်ပြသည်။ ထိုအခမ်းအနားကို ဒေါ်နွယ်ထွန်း၏ အာရှခရီးစဉ်အတွင်း တရုတ်ပြည် မဟာတံတိုင်းကြီးတွင် ကျင်းပခဲ့သည်။ ယူအက်စ်ခေါင်းဆောင်များ အရွက်စုံသုပ် မစားခဲ့လျင် တရုတ် အာဏာပိုင်များအား စော်ကားသလို ဖြစ်သွားမည်ကို ဒေါ်နွယ်ထွန်း အစိုးရိမ်ကြီးခဲ့သည်။ ရက်စ် အရွက်စုံသုပ် စားနော်၊ ဒေါ်နွယ်ထွန်းမှ သူ့ နံပါတ်တစ် သံတမန်အား ပြောကြောင်း ဂျာနယ်သတင်းအရ သိရသည်။ တီလ်လာစံမှ သမတ၏ စကားကို ရယ်စရာသဖွယ် တုံ့ပြန်သည်။ ဂျာနယ်မှ […]