“ဒီတပါတ်ရဲ့.. အရောင်ရင့်မှတ်တမ်း”

kaiJanuary 20, 20242min3330

လာမယ့်.. အင်္ဂါနေ့မှာ.. နယူးဟမ့်ရှားပြည်နယ်.. ရီပါ့ဗလစ်ကန်တွေရဲ့.. သမ္မတလောင်းရွေးပွဲပါ…။ အိုင်အိုဝါပြီးတော့.. အခု.. နယူးဟမ့်ရှား..။ အိုင်အိုဝါမှာ.. ထရမ့်က.. နစ်ကီဟေလီကို.. ပွိုင့်၃၀လောက်ပြတ်နိုင်ပြီးသကာလ… အခု.. နယူးဟမ့်ရှားအလှည့်ဆိုပါစို့..။

ဟိုးရှေးကထဲက… ထရမ့်နောက်က ဒုတိယဖြစ်နေတဲ့.. ဖလော်ရီဒါဂါဗနာ.. ဒီဆန်းတစ်က… နယူးဟမ့်ရှားမှာ.. အခြေအနေမကောင်း..။ နစ်ကီဟေလီက.. သူ့ရှေ့ကို.. ဖြည်းဖြည်းချင်းရောက်လာ..။

ဒီဆန်းတစ်က…. နစ်ကီဟေလီရဲ့.. ဇာတိ.. ဟုမ်းစတိတ်.. တောင်ကယ်ရိုလိုင်းနားမှာ.. သွားမဲဆွယ်နေ..။ အဲဒါပြီးလို့မှ… မနိုင်ရင်.. ထွက်မယ်ထင်ရတာပဲ..။

ထရမ့်ကိုယ်ပိုင်ချာနယ်.. ထရုတို့.. သူ့ထောက်ခံတဲ့.. နယူးမက်စ်တို့မှာ.. ထရမ့် … ကန်ပိန်းက.. ပြနေတာတွေများ.. သွားနားထောင်/ကြည့်လိုက်ရင်..”ဟာ.. ဟုတ်ပေသား…” ဖြစ်ကုန်တယ်လို့.. တချို့ကဆိုကြ..သမို့.. ဤသူလည်း.. သွားကြည့်/နားထောင်လိုက်တာ.. ထရမ့်ကို.. မဲပေးချင်စိတ်ပေါက်သွား… သွား.. ။

သို့သော်.. ဒါပေမယ့်… သမ္မတဘိုင်ဒင်ကို.. သက်ကြီး၈၀ကျော်မို့.. မေ့တယ်..ဘာညာ.. ဆိုနေတဲ့.. ထရမ့်က… သူကိုယ်တိုင်ကျ.. နန်စီပလိုစီနဲ့.. နစ်ကီဟေလီကို… လုံးဝကြီးလူမှားပြီး.. ပြောသွားသမို့.. စိတ်ကြံ့ခိုင်ရေး.. ကွက်ရှင်တွေ.. မေးခွန်းတွေ.. တပုံကြီးဖြစ်လာ..။

အီရန်နောက်ခံ.. ဟူတီတွေကို.. အမေရိကားကနေ…တိုက်ရိုက်တိုက်ခိုက်နေတာ.. အခု.. ၆ကြိမ် မြောက်ပါပြီ…။ ပင်လယ်နီထဲက… စစ်သင်္ဘောကနေ.. လှမ်းလှမ်းထုနေ.. ဒရုန်းနဲ့.. တိုက်နေတာဖြစ်ပါတယ်..။ အီရန်ကလည်း.. သူမြှောက်ပေးထားတဲ့တပ်တွေကတဆင့်… အီရတ်ကအမေရိကားစစ်အခြေစိုက်စခန်း‌တွေကို.. တိုက်ခိုက်နေတာမှာ.. နောက်ဆုံးတိုက်ခိုက်မှုထဲ.. အမေရိကန်တွေ.. ဒဏ်ရာရတယ်.. ဆိုပါတယ်..။

​စစ်ရှိန်ကတော့.. တက်နေပါပြီ..။

တချိန်ချိန်မှာ … အီရန်နဲ့.. အမေရိကား… တိုက်ရိုက်ကြီးဆော်ကြမလားကတော့… မျှော်..။

အစ္စရေးက.. အမေရိကား-ဆော်ဒီအာရေးဗျရဲ့.. ငြိမ်းချမ်းရေးပရိုပိုဆယ်.. တိုက်တွန်းချက်တွေကို.. အစ္စရေးဝန်ကြီးချုပ်ကိုယ်တိုင်ထွက်ပြီး..လူသိရှင်ကြား ပယ်ချလိုက်ပါတယ်..။ ဟာမားစ်တွေ မျိုးပြုတ်အောင်လုပ်မှာ.. တဲ့..။ ပါလက်စတိုင်းနဲ့အစ္စရေး ၂နိုင်ငံတည်ထောင်ရေးကိုလည်း.. ငြင်းပါသတဲ့..။

အစ္စရေးဝန်ကြီးချုပ်.. နေက်သန်ရာဟုလည်း.. သူ့လူထုထောက်ခံချက်တွေ.. အရမ်းကျလာနေပါတယ်..။ သူ့စစ်တွင်းကက်ဘိနက်ကတောင်… ရွေးကောက်ပွဲပြန်လုပ်.. ဝန်ကြီးချုပ်ပြန်‌ရွေးဖို့.. တိုက်တွန်းနေ..။

အမေရိကားတခွင့်.. ဖြန့်ကျက်ထားတဲ့.. အအေးလွန်လှိုင်း.. ဆောင်းမုန်တိုင်းလည်း.. ပွဲမပြီးသေး..။ တချို့နေရာတွေမယ်.. လူတွေသေကုန်ပြီး.. အေးခဲချက်က.. အနှုတ်၂၀တွေ.. ၃၀တွေမို့… ‌ရေနွေးပွက်ပွက်ဆူကို… လေထဲလှမ်းပက်လိုက်ရင်.. ‌အောက်ကို.. ဆီးနှင်းပွင့်ဖတ်ဖြစ်ပြီး.. ကျတဲ့အထိ..။

စတော့.. ရှယ်ယာတွေရဲ့.. ရောင်းဝယ်ဋ္ဌာနကြီးတွေ .Dow Jones, S&P 500 က.. စံချိန်တင်…အမြင့်ဆုံးတွေ.. ဖြစ်နေပါတယ်..။ အမေရိက… စီးပွားရေးအရမ်းအရမ်းကောင်းနေတဲ့သဘောလား.. ဘာလားမသိ..။ အလုပ်လက်မဲ့နှုန်းကလည်း..၃.၇% ထဲ.. ဒေါ်လာက.. ခိုင်မာနေသမို့….. အမေရိကန်တွေ.. ရထားတဲ့.. ငွေယားဒေါ်လာတွေနဲ့.. ကမ္ဘာအနှံ့ခရီးထွက်ရင်… တခြားနိုင်ငံတွေမယ်.. စျေးပေါချက်ကယ်.. နာ.. ဖြစ်နေပါသတဲ့..။ မြန်မာတွေလည်း.. စျေးဝယ်ထွက်ကြ.. အလယ်ထွက်ကြနိုင်ကြောင်း..။

အဲ.. မြန်မာပြည်တော့.. မြန်မာ-အမေရိကန်တွေ.. ပြန်လည်လို့မရ..။ ဟိုမှာက.. မြို့ကြီးတွေမှာ .. အိုကေ..စိုပြေသလိုလိုရှိပေမယ့်.. နယ်ဖက်တွေသွားရင်..လမ်းတလျှောက်.. ကင်းတွေ.. ဂိတ်တွေ.. တင်းကြမ်း..ဟိုမေး.. ဒီစစ်နဲ့.. ဘာအာမခံ.. လုံခြုံမှုမှ.. စိတ်မချရပါတဲ့..။ ကိုယ့်ငွေနဲ့ကိုယ်… ဒုက္ခရှာရမယ့်ကိန်း..။

သွားခဲ့တဲ့သူတွေ.. ပြောတာပဲ..။

တိုင်းရင်းသားတွေသိမ်းထားတဲ့.. နယ်တွေလည်း.. အုပ်ချုပ်ရေးစနေပြီဖြစ်ပေမယ့်… တိုးရစ်ဇင်.. ဘာညာအထိတော့.. မဖြစ်သေး..။ မတော်.. မင်းအောင်လှိုင်တပ်က… ဗုံးလာကြဲရင်.. ပြဿနာလည်းမသေး..။

အဲဒါကြောင့်.. အမေရိက.. နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက.. မြန်မာပြည်ကို.. မသွားရအဆင့်… သတ်မှတ်ထားဆဲပါ..။

သိပ်သိပ်လွမ်းရင်တော့.. ထိုင်းနိုင်ငံသွားပါပေါ့..။ အဲဒီမှာ.. ဘန်ကောက်ချင်းမိုင်.. မြို့တွေမှာ.. မြန်မာတွေများချက်က… လမ်းလျှောက်သွားလို့.. တယောက်ယောက်နဲ့.. လူချင်းတိုက်မိရင်တောင်.. အဲဒါ.. မြန်မာ.. တဲ့..။

ကွန်ဒိုရောင်းစျေး/ငှားစျေးလည်း.. အင်မတန်ပေါပါတယ်..။ . တလ.. ‌ဒေါ်လာ၂၀၀၀ လောက်… သုံးနိုင်ရင်.. မိုးပေါ်မှာ.. နေလို့ရပါကြောင်း..

https://www.cnn.com/2024/01/20/politics/nikki-haley-donald-trump-mental-fitness/index.html